ခွေးကြီးမှ လက်ပေးသင်

ဝီကီပီးဒီးယား မှ

ခွေးကြီးမှ လက်ပေးသင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ခွေးကို ငယ်စဉ်က လက်ပေးမသင်ဘဲ ကြီးမှ သင်သကဲ့သို့ အရွယ်ကောင်းစဉ် သင်ထိုက်သော အတတ်ပညာကို မသင်ခဲ့ဘဲ အရွယ်လွန်မှ သင်သည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ခွေးအိုမှ လက်ပေးသင် ဟူ၍ အသုံးလည်းရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "အရွယ်ရှိစဉ်က သင့်သော ပညာတစ်ခုခုဖြင့် အားကိုးအားထားမှု မရရှိဘဲ လွန်သွားပါလျှင် ခွေးကြီးမှ လက်ပေးသင်ဟူသကဲ့သို့ လည်းကောင်း..." [၁၂၈၀ ခန့်] ထိလက်စွဲ၊ ဒု။ ၁၆၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၂