ခွမ်စ်
ခွမ်စ် (အာရပ်: خمس အာရပ် အသံထွက်: [xums]) ဆိုသည်မှာ အရဗီ ဝေါဟာရဖြစ်ပြီး ငါးပုံတစ်ပုံ ဟု အဓိပ္ပာယ်ရသည်။ အစ္စလာမ် သာသနာဆိုင်ရာ ပေးဆောင်ရသည့် အခွန်အခများထဲမှ တစ်ခုဖြစ်ပြီး အွမ်မသ်သေအစ္စလာမ်၏ ငွေကြေးအခက်အခဲများပြေလည်စေရန်နှင့် တရားမျှတစွာခွဲဝေပေးရေး၊ အစ္စလာမ့်အုပ်ချုပ်ရေး၏ ငွေကြေးကဏ္ဍတွင် ကျောထောက်နောက်ခံအဖြစ် တောင့်တင်းခိုင်မာမှုရှိစေရန်အတွက် ဖြစ်သည်ဟု ရှီအာများက ယုံကြည်ထားကြသည်။
ကုရ်အာန် တွင်ဖော်ပြထားသည့် ခွမ်စ်
[ပြင်ဆင်ရန်]မွတ်စလင်မ်တို့၏ ကျမ်းမြတ်ကုရ်အာန်တွင် ခွမ်စ် နှင့်ပတ်သက်ပြီး တစ်ကြိမ်တစ်ခါသာ ဇစ်က်ရ် လုပ်ထားသည်ကို တွေ့ရှိရသည်။ (စူရာ အန်ဖှာလ် အာယသ် ၄၁ )
وَ اعْلَمُوا أَنَّما غَنِمْتُمْ مِنْ شَیْءٍ فَأَنَّ لِلّهِ خُمُسَهُ وَ لِلرَّسُولِ وَ لِذِی الْقُرْبی وَ الْیَتامی وَ الْمَساکینِ وَ ابْنِ السَّبیلِ إِنْ کُنْتُمْ آمَنْتُمْ بِاللّهِ وَ ما أَنْزَلْنا عَلی عَبْدِنا یَوْمَ الْفُرْقانِ یَوْمَ الْتَقَی الْجَمْعانِ وَ اللّهُ عَلی کُلِّ شَیْءٍ قَدیرٌ
( တစ်စုံတစ်ရာလက်ရပစ္စည်းများ ပိုင်ဆိုင်ခဲ့ကြပါမူ ၎င်း၏ငါးပုံတစ်ပုံမှာ အလ္လာဟ်အရှင်မြတ်၊ ရစူလ်ကိုယ်တော်မြတ်၊ ရစူကိုယ်တော်မြတ်၏ ဆွေရင်းသားရင်းများ၊ မီဘမဲ့များ၊ ဆင်းရဲနွမ်းပါးသူများ၊ လမ်းခရီးတွင်(အခက်အခဲ) တွေ့နေသူများ အတွက်ဖြစ်သည်၊ အကယ်၍အသင်တို့သည် အလ္လာဟို အရှင်မြတ်ကိုလည်းကောင်း အရှင့်၏ကျေးကျွန်တော် (မိုဟမ္မဒ်) အပေါ်သို့ (အမှန်နှင့်အမှား)ကွဲပြားစေသောနေ့(ဝါ) အုပ်စုနှစ်စုရင်ဆိုင်တွေ့ကြသောနေ့တွင် နာဇိလ် လုပ် -ချပေးသနားခဲ့- သည်မှန်သမျှကိုသက်ဝင်ယုံကြည်ကြသော် ၊ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် အလုံးစုံတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ဖြစ်တော်မူပေသတည်း။)
မိုကဒ်ဒပ်္စ ကျမ်းတွင်ဖော်ပြထားသော ခွမ်စ်
[ပြင်ဆင်ရန်]သမိုင်းအထောက်အထားများအရ { မိုကဒ်ဒပ်္စ ကျမ်း } အဟဒ်ဒေအသီးက် အပိုင်းတွင် ဖှီရ်အောင်န် မင်းဆက် များစိုးမိုးစဉ်ကာလ တမန်တော်ယူစွဖှ်(အစ)အဇီးဇေမိဆ်ရ် အဖြစ်အုပ်ချုပ်စဉ်အချိန်ကတည်းက အလ္လာဟ် အရှင်မြတ်ဘက်မှ ခွမ်စ် နှင့်ပတ်သက်သည့် အမိန့်ကိုချမှတ်ခဲ့သည်။ ရှေးဦးကျမ်းများဖြစ်သည့် သောင်ရာသ် အဟဒ်ဒေအသီးက် တို့တွင်ဖော်ပြသည်မှာ ၇ နှစ်တာမိုးခေါင်ရေရှားကာလမတိုင်မီ ဘရကသ် များပေါကြွယ်ဝခဲ့သည့် ၇ နှစ်တာကာလ၌ စိုက်ပျိုးရရှိခဲ့သမျှ ကောက်ပဲသီးနှံတို့၏ ငါးပုံလေးပုံကို မိမိတို့မိသားစုများအတွက် အသုံးချစေခဲ့ပြီးငါးပုံတစ်ပုံ ကို ဖှီရ်အောင်န် ၏ဘဏ္ဍာ တိုက်သို့ အပ်နှံစေခဲ့သည်။ ၇ နှစ်တာမိုးခေါင်ရေရှားကာလလည်းစိုက်ရောက်လာသော်လူတို့သည် ၎င်း ခွမ်စ် မှထိုကာလတစ်လျှောက်လုံး အခက်အခဲကင်းစွာ ဖြတ်သန်းနိုင်ခဲ့ကြသည်။ မိုကဒ်ဒပ်္စ ကျမ်း၏၎င်းမိန့်ရပ်ကို ဖှာရစီဘာသာစကားတွင်လည်း ခွမ်စ် ဟုသာပြန်ဆိုထားသည်ကို တွေ့ရှိရသည်။
ခွမ်စ် နှင့် ဇကားသ် ၏ကွာခြားချက်
[ပြင်ဆင်ရန်]ခွမ်စ် နှင့် ဇကားသ် ၏ကွာခြားချက်မှာ ဇကားသ် သည် အစ္စလာမ့်အသိုင်းအဝိုင်း၏ အများဆိုင်ပစ္စည်းဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ၎င်းကိုအများဆိုင်အနေနှင့်သာ ပြန်လည်အသုံးပြုခွင့်ပြဋ္ဌာန်းထားသည်။ သို့သော်ခွမ်စ်သည် အခွန်သဘောသက်ရောက်ပြီး အစ္စလာမ့်အုပ်ချုပ်ရေးကဏ္ဍဆိုင်ရာ ဘတ်ဂျက် နှင့် ၎င်း၏ဝန်ထမ်းများအတွက်သာ ဖြစ်သည်။ စာဒါးသ်{တမန်တော်မြတ်(ဆွ)၏ဆွေမျိုးသားချင်း-ဖှာသွေမာသခင်မကြီး(စအ) နှင့် အလီ (အစ) တို့မှဆင်းသက်လာသူများ} အတွက် ဇကားသ် ကို ဟရာမ် ဟုသတ်မှတ်ရခြင်းမှာ တကယ်တော့ ကိုယ်တော်မြတ် (ဆွ) ၏သွေးသားတို့အား ဆန့်ကျင်ဘက်ရန်သူတို့၏ အချုပ်အနှောင်စိုးမိုးခြင်းမှ ကင်းဝေးစေရန် ဖြစ်သည်။ တစ်ဖက်မှကြည့်မည်ဆိုလျှင်လည်း နွမ်းပါးသော စိုင်ယိဒ် များအတွက် တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်ဖြစ်သည်။ အမှန်စင်စစ် ခွမ်စ် သည် စိုင်ယိဒ် များ၏သာလွန်မှုတစ်ခုတည်းကိုသာရည်ရွယ်ခြင်းမဟုတ်ဘဲ လူ့အသိုင်းအဝိုင်း၏ကောင်းကျိုးကိုရှေးရှုကာ အသုံးချခြင်းနှင့်မကောင်းမြင်ဝါဒ တို့မှ တားဆီးကာကွယ်ထားခြင်း ဖြစ်သည်။
ရှီအာ တို့၏ယုံကြည်ချက်
[ပြင်ဆင်ရန်]ရှီအာ တို့၏ယုံကြည်ချက်တွင် တစ်နှစ်တာကာလအတွင်းအသုံးပြုရန်မလိုအပ်ဘဲပိုနေသော ပစ္စည်းဥစ္စာများ၊ စစ်မက်တိုက်ခိုက်ရာမှစစ်နိုင်ပြီး ရရှိလာသောပစ္စည်းများနှင့် အခြားသောအနေအထားတို့မှ ရရှိလာသည့်ပစ္စည်းများကို ခွမ်စ် ပေးဆောင်ရမည်ဖြစ်မှာ ဝါဂျိဘ်- မလုပ်မနေရ - ဖြစ်သည်။
စွန်နီ တို့၏ယုံကြည်ချက်
[ပြင်ဆင်ရန်]စွန်နီ တို့၏ယုံကြည်ချက်တွင် ခွမ်စ် သည်စစ်မက်နိုင်ရာမှရလာသည့် ပစ္စည်းနှင့်သာသက်ဆိုင်သည်ဟု ဆိုကြသည်။ စွန်နီ ပညာရှင်များက ကုရ်အာန် တွင်လာရှိသော ဂနီမသ် ဆိုသည့်ဝေါဟာရသည် စစ်ပွဲမှရရှိလာသော ဥစ္စာပစ္စည်းကိုသာ ဆိုလိုခြင်းဖြစ်ပြီး ဝင်ငွေမှ ခွမ်စ် ပေးဆောင်ရမည်မှာ ရှရ်အီး နှင့်မညီဟု တင်ပြကြသည်။ သို့သော် ရှီအာ သာသနာ့ပညာရှင်များက ဂနီမသ် ဆိုသည့်ဝေါဟာရနှင့် ပတ်သက်၍ လေးနက်သော အရဗီ ၏ အဓိပ္ပာယ် (ကုရ်အာန် တွင်ဖြစ်စေ သာမန် အရဗီ တွင်ဖြစ်စေ) ကိုလေ့လာရန် ဖိတ်ခေါ်ထားသည်၊ ဂနီမသ် သည် ကြိုးစားအားထုတ်လုပ်ကိုင်ရာမှန်သမျှမှ ရရှိလာသောပစ္စည်းမှန်သမျှကို ခေါ်ဆိုသည်။[၁] «الغنم: الفوز بالشیء من غیر مشقه» ဟုဆိုထားသည့်အတိုင်းပင် ဖြစ်၏။
ကုရ်အာန်တွင် ဂနီမသ် ဆိုသည့်ဝေါဟာရကိုသုံးနှုန်းထားပုံ
[ပြင်ဆင်ရန်]ဂနီမသ် ဆိုသည်မှာ ရှာဖွေစုဆောင်းမိသမျှ၏ပိုလျှံမှုဖြစ်ပြီး အခြားသောအာယသ် တစ်ခုတွင်လည်း အများဆိုင်ဝေါဟာရအဖြစ် အသုံးပြုထားသည်ကို တွေ့ရှိရသည်။ «إِذَا انْطَلَقْتُم إِلی مَغانِمَ لِتَأْخُذُوها» «وَ مَغانِمَ کَثِیرَةً یَأْخُذُونَها»
ခွမ်စ် ၏အရင်းအမြစ်များ
[ပြင်ဆင်ရန်]စိုင်ယိဒ်မိုဟမ္မဒ်ဂျဝါဒ်ဂရ်ဝီ က မိမိ၏စာအုပ်တွင် ခွမ်စ် သည် ၇ နေရာမှပေးဆောင်ရမည့်အကြောင်းတင်ပြထားသည်။
- ကာဖှရ် များနှင့်စစ်ခင်းရာတွင် ရရှိလာသည့်ပစ္စည်းများ ပြောင်းရွှေ့နိုင်သည့်ပစ္စည်းဖြစ်စေ မပြောင်းရွေ့နိုင်သည့် ပစ္စည်းဖြစ်စေ၊[၂]
- တွင်းထွက်ပစ္စည်းများ ဥပမာ- သွပ် ၊ ဒန်
- မြေကြီးအတွင်းကိန်းအောင်းနေသော ရတနာ သိုက်၊ အိဂျ်မာ့အေအွလ်မာ ၏အမိန့်အရ ခွမ်စ် ဝါဂျိဘ် ဖြစ်သည်။
- ရေငုတ်ရှာဖွေရာမှရရှိလာသော ဥပမာ- တစ် ဒီနာ နှင့်အထက်တန်ဖိုးရှိသည့် ကျောက်မျက်ရတနာ နှင့် ပုလဲ၊
- တစ်နှစ်တာစားဝတ်နေရေး ကုန်ကျစရိတ်အပြင် ပိုလျှံနေသည့်ပစ္စည်းဥစ္စာ
- ကာဖှရ်ရေဇင်မီး က မွတ်စလင်မ် တစ်ဦးထံမှမြေဝယ်မည်ဆိုလျှင်
- ဟရာမ် နှင့် ဟလာလ် ရောနှောနေသည့်ပစ္စည်း ခွဲခြား၍လည်းမရပါက ခွမ်စ် ပေးဆောင်ရမည်မှာ ဝါဂျိဘ် ဖြစ် သည်။
ခွမ်စ် ကိုအသုံးပြုခြင်း
[ပြင်ဆင်ရန်]ရှီအာဖှစ်ကာ ပညာရှင်များ၏ယုံကြည်ချက်တွင် ခွမ်စ် ကိုနှစ်ပုံ ပုံပြီး တစ်ပုံသည် နွမ်းပါးသောစိုင်ယိဒ်များ၊ မိဘမဲ့များ၊ လမ်းခရီးတွင်အခက်အခဲတွေ့နေသူများအတွက် အသုံးပြုရမည်ဖြစ်ပြီး ကျန်တစ်ပုံသည်ခေတ်ကာလ၏အေ မာမ် (အစ) ကိုပေးအပ်ရမည်ဖြစ်သည်။ စဲဟ်မ် ဝေစုနှစ်ခုစလုံးကို မဲရ်ဂျာအေသပ်က်လီးဒ် သို့မဟုတ်၎င်း၏ကိုယ် စားလှယ်ကိုအားပေးရမည်ဖြစ်သည်။ အကယ်၍တစ်နေရာရာတွင်အသုံးပြုလိုသော် မဲရ်ဂျာ့အ် ၏ခွင့်ပြုချက်ရ ထားပါကအသုံးပြုနိုင်သည်။ .[၃] အချို့သော ရှီအာပညာရှင်များက ခွမ်စ် ၏နှစ်ပုံတစ်ပုံကို စိုင်ယိဒ် များအတွက်သီးသန့်ဖြစ်သည်ဆိုသည့် အချက်အားလက်မခံကြပေ။ [၄]
ခွမ်စ် ဟလာလ် ဖြစ်ခြင်း
[ပြင်ဆင်ရန်]မိုဟမ္မဒ်မိုဟမ္မဒ်ဒီရိန်ရှဲဟ်ရီ ကမိမိ၏ ဒဲရ်စေခါရိဂျ် ၌ ရေဝါယသ် အများအပြားမှ ထိုသို့တင်ပြထားသည်။ ရှီအာ များအတွက် ခွမ်စ် ဟလာလ် ဖြစ်ခြင်းသည် ခွမ်စ် ပေးဆောင်ရမည်ဆိုသည့်အချက်နှင့် ဝိရောဓိ ဖြစ်နေသည်။ ဤရေဝါယသ် များမှ ၎င်း၏အမြင်သည် ရှီအာနှင့်စွန်နီ အကြားလွန်ဆွဲကောင်းစေမည့် အချက်လည်း ဖြစ်နေသည်။[၅][၆] ဂိုင်ဘသ် ကာလတွင်ဝင်ငွေအမြတ်အစွန်းမှ ခွမ်စ် ဟလာလ် ဖြစ်ခြင်းဆိုင်ရာ ရေဝါယသ် ကို ၁၂ ခုတင်ပြထား သည်။[၇] သူသည် ခူယီး [၈] ဘရူဂျဒ်ဒီ၊[၉] စွဘ်ဟာနီ နှင့်[၁၀] မိုဟပ်ကစ်ကေဒါမားဒ် [၁၁][၁၂] တို့၏အမြင်များကိုလည်း ဖော်ပြထားသည်။ ရိန်ရှဲဟ်ရီ ၏အမြင်သည်ရှီအာဖှစ်ကာ ပညာရှင်များအကြား ခွမ်စ် သည် ဂိုင်ဘသ် ကာလတွင်(ရှု့ထောင့်တိုင်းအတွက်) လုံးဝ ဟလာလ် မဖြစ်ဆိုသည့်အမြင်ကို ပေါ်ပေါက်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ဤရေဝါယသ်များ ကောင်းစွာတင်ပြဆွေးနွေးရမည့် ရေဝါယသ် များဖြစ်ပြီး ဖှကီးဟ် များအနေနှင့်လည်း ထိုရေဝါ ယသ် များအပေါ်အမြင်များကွဟမှုရှိနေခြင်းဖြစ်သည်။[၁၃]
ကွဲပြားမှုများ
[ပြင်ဆင်ရန်]မိုဟမ္မဒ်ကပ်္စရဝီ ကထိုသို့ယုံကြည်ထား၏ "ဇကားသ် နှင့် အေမာမ် ၏ ဥစ္စာပစ္စည်းသည် အစ္စလာမ် ၏အခွန်အခသာဖြစ်သည်။ အစ္စလာမ် သည်စစ်တပ်အဖွဲ့အစည်းနှင့်အုပ်ချုပ်ရေးမျိုးရှိခဲ့သည်။ အာဏာပိုင်အဖွဲ့အစည်းများ ဒေသအလိုက်စေလွှတ်၍ တရားသူကြီးများခန့်အပ်ထားရှိခဲ့သည် ၊ အုပ်ချုပ်သူများ စည်းမျဉ်းစည်းကမ်းများနှင့် အလွန်ကြီးမားသော အစ္စလာမ့် နိုင်ငံတော်ကြီးကို ထိန်းကျောင်းခဲ့သည် မွတ်စလင်မ် လူထုကြီးအား အကာအကွယ်ပေးခဲ့သည်။ ၎င်းတို့အတွက်လူထုထံမှ အေမာမ် ၏ဝေစုနှင့် ဇကားသ် ကိုရယူခဲ့သည်။ ယခုအချိန်တွင် အစ္စလာမ်သည် တစ်စိတ်တစ်ဒေသ အုပ်ချုပ်ရေးသာဖြစ်ပြီး လူမျိုးဒေသအသီးသီးတွင် မွတ်စလင်မ် များဘဝလုပ်နေကြရာ ၎င်းတို့နှင့် သက်ဆိုင်သည့်အစိုးရအဖွဲ့အစည်းများကို အခွန်ပေးဆောင်ပြီးဖြစ်သည်။ သို့ပါ၍ ဇကားသ် နှင့်အေမာမ် ၏ရပိုင်ခွင့်များကို ပေးဆောင်စရာမလိုတော့ပါ"။[၁၄]
တကယ်တော့ ကပ်္စရဝီ ၏အတွေးသည် ဤဆောင်းပါးတွင်လည်း ဖော်ပြခဲ့ပြီးဖြစ်သည့် ခွမ်စ် ၏နှစ်ပိုင်းစလုံးကို အသုံးပြုခွင့်နှင့် ပတ်သက်ရာတွင် စိုးစဉ်းမျှအစိုးရအသုံးစရိတ်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိသည့်အတွက် မှားယွင်းသော ဆန့်ကျင်ဘက်သာဖြစ်သည်။[၁၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ مغنیه، مد، الفقه علی المذاهب الخمسة، ص ۱۸۶
- ↑ فقه استدلالی در مسائل خلافی، نشر اقبال و مؤلف، ۱۳۷۷، بخش سوم:احکامی چند در تعدیل ثروت
- ↑ تحریر الوسیله تألیف محمد باقر موسوی همدانی
- ↑ برای نمونه: رساله توضیح المسایل آیتالله صادقی تهرانی مسئله 440 http://forghan.org/_fa/_resaleh/index.php?catid=122&title=خمس&catid2=228&title2=موارد%20پرداخت%20خمس%5Bလင့်ခ်သေ%5D
- ↑ ادامه روایات خمس مکاسب، محمد محمدی ری شهری။ 7 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2020 တွင် ပြန်စစ်ပြီး။
- ↑ ادامه روایات تحلیل خمس، ریشهری။ 7 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2020 တွင် ပြန်စစ်ပြီး။
- ↑ ادامه روایات تحلیل خمس (۲)، ریشهری။ 20 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2020 တွင် ပြန်စစ်ပြီး။
- ↑ ادامه تبیین آیتالله خویی از روایات تحلیل خمس، ریشهری။ 20 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2020 တွင် ပြန်စစ်ပြီး။
- ↑ ادامه تبیین آیتالله بروجردی از روایات تحلیل خمس، ریشهری။ 20 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2020 တွင် ပြန်စစ်ပြီး။
- ↑ ادامه تبیین آیتالله سبحانی از روایات تحلیل، ریشهری။ 20 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2020 တွင် ပြန်စစ်ပြီး။
- ↑ تبیین آیتالله محقق داماد از روایات تحلیل، ریشهری[လင့်ခ်သေ]
- ↑ ادامه تبیین آیتالله محقق داماد از روایات تحلیل، ریشهری။ 20 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2020 တွင် ပြန်စစ်ပြီး။
- ↑ ادامه تبیین آیتالله محقق داماد از روایات تحلیل، ریشهری။ 7 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2020 တွင် ပြန်စစ်ပြီး။
- ↑ شماره ویژه پرچم، سال یکم فروردین ۱۳۲۲
- ↑ رساله توضیح المسایل آیتالله زنجانی مسئله ۲۱۱۸ قابل دسترسی در اینجا 13 December 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .