ခွန်ဒါလီဇာရိုက်စ်
ခွန်ဒါလီဇာရိုက်စ် Condoleezza Rice | |
|---|---|
| ၆၆ဦးမြောက် အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၂၆ ဇန်နဝါရီ ၂၀၀၅ – ၂၀ ဇန်နဝါရီ ၂၀၀၉ | |
| သမ္မတ | ဂျော့ချ် ဝေါလ်ကာ ဘုရှ် |
| ယခင်လူ | ကောလင်း ပေါင်ဝဲလ် |
| ဆက်ခံသူ | ဟီလာရီ ကလင်တန် |
| ၂၀ဦးမြောက် အမျိုးသားလုံခြုံရေးအကြံပေး အမေရိကန်ပြည်ထောင်စု | |
| တာဝန်သက်တမ်း ၂၀ ဇန်နဝါရီ ၂၀၀၁ – ၂၆ ဇန်နဝါရီ ၂၀၀၅ | |
| သမ္မတ | ဂျော့ချ် ဝေါလ်ကာ ဘုရှ် |
| ယခင်လူ | စန်ဒီ ဘာဂါ |
| ဆက်ခံသူ | စတီဖင် ဟက်ဒလီ |
| ၁၀ ဦးမြောက် စတန်းဖို့ဒ် တက္ကသိုလ်၏ ပါမောက္ခ | |
| တာဝန်သက်တမ်း ၁၉၉၃ – ၁၉၉၉ | |
| ယခင်လူ | ဂျဲရယ်လ်ဒ် ဂျေ လီဘာမန် |
| ဆက်ခံသူ | ဂျွန် အယ်လ် ဟဲနစီ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | နိုဝင်ဘာ ၁၄၊ ၁၉၅၄ ဘာမင်ဂမ်မြို့၊အယ်လဘာတာပြည်နယ်၊အမေရိကန်ပြည်ထောင်စု |
| နိုင်ငံရေးပါတီ | ရီပတ်ဘလီကန်ပါတီ (၁၉၈၂ – လက်ရှိ) |
| အခြား နိုင်ငံရေးလွှမ်းမိုးမှု | ဒီမိုကရက်တစ်ပါတီ (၁၉၈၂ မတိုင်မီက) |
| ပညာရေး |
|
| လက်မှတ် | |
ခွန့်ဒါလီဇာရိုက်စ် (အင်္ဂလိပ်: Condoleezza Rice; ၁၄ နိုဝင်ဘာ ၁၉၅၄ မွေးဖွား)သည် အမေရိကန်နိုင်ငံ၏ နိုင်ငံရေးသိပ္ပံပညာရှင်နှင့် သံတမန် ဖြစ်ပြီး၊ ၆၆ ဦးမြောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။သမ္မတဂျော့ချ် ဝေါလ်ကာ ဘုရှ် လက်ထက်တွင် ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပြီး၊ ပထမဆုံး အာဖရိကန်-အမေရိကန်အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့အပြင် အာဖရိကန်-အမေရိကန်မျိုးနွယ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကောလင်း ပေါင်ဝဲလ် ပြီးနောက် ဒုတိယမြောက် အာဖရိကန်-အမေရိကန်မျိုးနွယ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် မှတ်တမ်းတင်ခံရသည်။ယင်းမတိုင်မီက ဘုရှ်၏ ပထမသမ္မတသက်တမ်းတွင် ပထမဆုံး နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ်လည်း ထမ်းဆောင်ခဲ့သည်။
ငယ်ဘဝ နှင့် ပညာရေး
[ပြင်ဆင်ရန်]သူသည် အမေရိကန်ပြည်ထောင်စု၊ အယ်လဘာတာပြည်နယ်၊ ဘာမင်ဂမ်မြို့တွင် မွေးဖွားခဲ့သည်။ ထိုအချိန်တွင် အမေရိကန်တောင်ပိုင်းတွင် လူမျိုးရေးခွဲခြားမှု (Racial Segregation) ရှိနေစဉ်ကာလဖြစ်ပြီး၊ အဆိုပါကာလအတွင်း သူသည် ကြီးပြင်းခဲ့သည်။[၁]
ဒင်ဗာတက္ကသိုလ်မှ ရိုးရိုးဘွဲ့ နှင့် နိုထရေဒိမ်းတက္ကသိုလ် မှ နိုင်ငံရေးသိပ္ပံ ဘွဲ့လွန်ရခဲ့သည်။၁၉၈၁ခုနှစ်တွင် ဒင်ဗာတက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာနမှ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။
နိုင်ငံရေးဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]သမ္မတ ဂျင်မီ ကာတာ လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊သံတမန်ဌာန၌ စတင် လုပ်ကိုင်ခဲ့ပြီး၊ စတန်းဖို့တ်တက္ကသိုလ် ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်လည်း ၁၉၉၃ခုနှစ် မှ ၁၉၉၉ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ဆိုဗီယက်ယူနီယံပြိုကွဲပြီး အရှေ့နှင့်အနောက်ဂျာမနီပေါင်းစည်းသည့်အချိန် ၁၉၈၉ ခုနှစ် မှ ၁၉၉၁ ခုနှစ် အထိ သမ္မတ ဂျော့ချ် ဟားဘတ် ဝေါလ်ကာ ဘုရှ် လက်ထက်တွင် နိုင်ငံတော်လုံခြုံရေးကောင်စီ၌ ဆိုဗီယက်နှင့်အရှေ့ဥရောပရေးရာအကြံပေးအဖြစ် ထမ်းရွက်ခဲ့သည်။
၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ တွင် ထိုရာထူးမှနုတ်ထွက်ပြီး နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် ဘုရှ်အစိုးရအဖွဲ့ထံ ဝင်ရောက်ခဲ့သည်။ဘုရှ် ဒုတိယသက်တမ်း၌ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့သည်။[၂]
ထင်ရှားဖြစ်ရပ်များ
[ပြင်ဆင်ရန်]ခွန်ဒါလီဇာရိုက်စ်သည် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီးနောက် တကမ္ဘာလုံး၌ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် တာဝန်သိသည့် ဒီမိုကရေစီနည်းကျအစိုးရ အရေအတွက်တိုးလာစေရန်ဦးတည်သည့် အသွင်ကူးပြောင်းရေးသံတမန်ရေးရာ မူဝါဒကို ရှေ့ဆောင်လမ်းပြခဲ့သည်။
ပါလက်စတိုင်းရွေးကောက်ပွဲများတွင် ဟားမားစ်အဖွဲ့က လူများစုမဲ ရခဲ့သည့်အပြင် (အမေရိကန်၏ကျောထောက်နောက်ခံဖြင့်) ဆော်ဒီအာရေးဗျနိုင်ငံနှင့် အီဂျစ်နိုင်ငံများတွင် အာဏာရှင်စနစ် ဆက်လက်တည်မြဲနေသည့်အတွက် ထိုမူဝါဒမှာ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည်။
အခြားနိုင်ငံခြားရေးဝန်ကြီးများထက် ခရီးမိုင်ပိုများများ သွားခဲ့သူအဖြစ်လည်း မှတ်တမ်းတင်ခံရသည်။ ရာထူးလက်ရှိဖြင့်ပင် ရာစုနှစ်စိန်ခေါ်မှုကော်ပိုရေးရှင်း၏ ဒါရိုက်တာများဘုတ်အဖွဲ့တွင် ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ အနားယူပြီးနောက် ၂၀၀၉ခုနှစ် မတ်လတွင် နိုင်ငံရေးသိပ္ပံပါမောက္ခအဖြစ် စတန်းဖို့တ်တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
၂၀၁၀ခုနှစ် စက်တင်ဘာတွင် စတန်းဖို့တ်စီးပွားရေးတက္ကသိုလ် မဟာဌာနအဖွဲ့ဝင် နှင့် စီးပွားရေးလုပ်ငန်းနှင့်စီးပွားရေးဈေးကွက်ဆိုင်ရာ ဂလိုဘယ်စင်တာ၏ ဒါရိုက်တာဖြစ်လာခဲ့သည်။
၂၀၂၀ပြည့်နှစ်၊စက်တင်ဘာ ၁ရက်တွင် ဟူးဗာ အင်စတီကျူးရှင်း၏ ဒါရိုက်တာ အဖြစ် တာဝန်ပေးအပ်ခံရသည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Blunt၊ Sheryl Henderson (September 1, 2003)။ The Unflappable Condi Rice။ Christianity Today။ August 23, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 8, 2012 တွင် ပြန်စစ်ပြီး။
- ↑ Blunt၊ Sheryl Henderson (September 1, 2003)။ The Unflappable Condi Rice။ Christianity Today။ August 23, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 8, 2012 တွင် ပြန်စစ်ပြီး။
- ↑ Condoleezza Rice to lead Stanford's Hoover Institution။ Stanford University (January 28, 2020)။ March 12, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 13, 2020 တွင် ပြန်စစ်ပြီး။