ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

ဝီကီပီးဒီးယား မှ

ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ကဗျာကို လယ်တီဆရာတော်ဘုရားကြီး ရေးဖွဲ့ခဲ့သည်။ တေးထပ် ကဗျာအမျိုးအစားဖြစ်သည်။

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်[ပြင်ဆင်ရန်]

ငါးအာရုံ အင်အစု၊ ခင်မှုနဲ့ နေ့ကုန်
နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း။

ပါယ်လေးဝ သောကဘုံမှာ
မျောရရုံ ရှိတော့ ခမန်း။

အောက်ဝီစိ သောင်းအငူမှာ
ခေါင်းမပြူစတမ်း။

နှစ်အရှည် နစ်မည့်လမ်းကိုလ
နင်မျှော်စမ်း နင့်ကိုယ်။

ဒေသနာ ထင်အလင်းရယ်နှင့်
နင် အဖျင်း ပိုထက်သာပို။

သည်လောဘ စရိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့။

နောင်အသစ် တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်။

အခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။

ကိုးကား[ပြင်ဆင်ရန်]

  1. အောင်သင်း။ ပေးသူနှင့်ယူသူ (ဒုတိယအကြိမ် ed.)။ အမှတ် − ၄ / ၁၇၇၊ မေခလမ်း၊ မြောက်ဥက္ကလာပ၊ ရန်ကုန်မြို့: ဦးတင်ရှိန် (စန်းရောင်ရှိန်စာပေ)။ pp. ၁၂၈။CS1 maint: location (link)