ခြံဝင် နွားပါ

ဝီကီပီးဒီးယား မှ

ခြံဝင် နွားပါ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

နွားကျောင်းသားသည် ညနေ နွားကောက်၍ ခြံသွင်းချိန်၌ နွားအစုံအစေ့ ပါလာစေရန်သာ လိုရင်းဖြစ်သကဲ့သို့ အချိန်တန်က ပြီးစီးပြည့်စုံရန်သာ လိုရင်းဖြစ်သည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ခြံဝင် နွားစေ့ဟူ၍လည်း အသုံးရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "စမ်းသေးတာပေါ့ဝန်မင်းရယ်၊ ဗလအပေါ်မှာ အတော်လေး အထင်သေးနေတာပေါ့နော်။ သို့ရာတွင် ... ခြံဝင် နွားစေ့ဆိုတဲ့ စကားကို နောက်ဆုံးကျတော့ သိရမှာပေါ့။" [၁၂၉၃] ဒဂုန်၊ ၁၂၊ ၁၃၅။ ၁၅၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၁