မာတိကာသို့ ခုန်သွားရန်

ခြောက်လပန်းပင်

ဝီကီပီးဒီးယား မှ
ခြောက်လပန်းပင်
ခြောက်လပန်းပင်
(Hydrangea macrophylla)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Cornales
မျိုးရင်း: Hydrangeaceae
မျိုးစု: Hydrangea
ကားလ် လင်းနီးယပ် (L.)
မျိုးစိတ် (Species)

ဆောင်းပါးစာသားကို ကြည့်ပါ။

ခြောက်လပန်းပင် (Hydrangea) (ဟိုက်ဒရေးန်ဂျား သို့မဟုတ် /hˈdrniə/)[]သည် အာရှတိုက်နှင့် အမေရိကတိုက်များတွင် သဘာဝအတိုင်းပေါက်ရောက်သော မျိုးစိတ် ၇၀-၇၅ ခုခန့်ရှိသော ပန်းပွင့်သော အပင်မျိုးစုတစ်ခု ဖြစ်သည်။ ဟိုက်ဒရေးန်ဂျား (hydrangea) သို့မဟုတ် ဟော်တဲန်ရှား (hortensia)ဟု အသိများသည်။ မျိုးစိတ်ကွဲအများဆုံးကို အရှေ့အာရှနိုင်ငံများဖြစ်သော ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့တွင် တွေ့ရသည်။ ခြောက်လပန်းပင်သည် ဟိုက်ဒရေးန်ဂျီးအေးစီးအီး (Hydrangeaceae) မျိုးရင်းတွင် ပါဝင်သည်။ (ဟိုက်ဒရေးန်ဂျီးအေးစီးအီး (Hydrangeaceae)မျိုးရင်းဝင် အပင်များသည် ဆက်ဆီဖရာဂေးစီး (Saxifragaceae) မျိုးရင်းအောက်တွင် ယခင်ကရှိခဲ့သော်လည်း၊ ယခုအခါ သီးသန့်မျိုးရင်းအဖြစ် သတ်မှတ်ထားသည်။[]) အများစုမှာ ချုံဖုတ်များ (shrubs) ဖြစ်ပြီး၊ ၁-မီတာမှ ၃-မီတာအထိ မြင့်နိုင်သည်။ အချို့မှာ သစ်ပင်ငယ်များဖြစ်ပြီး၊ အချို့မှာ သစ်ပင်များအပေါ် တွယ်တက်တတ်သော နွယ်ပင် (Liana) အမျိုးအစားများဖြစ်ပြီး ၃၀-မီတာ (၉၈-ပေ) အထိ ရောက်နိုင်သည်။ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလေ့ရှိသော မျိုးစိတ်အားလုံးသည် ရွက်ကြွေပင်များ (deciduous) ဖြစ်သော်လည်း၊ မျိုးစိတ်အချို့မှာ အမြဲစိမ်း (evergreen) ဖြစ်သည်။[]

အပွင့်များသည် အဆုပ်လိုက် ပွင့် လေ့ရှိပြီးလျှင်၊ အရောင်မှာ အမျိုးကိုလိုက်၍ အဖြူ၊ အပြာနု၊ ပန်းရောင် စသည်ဖြင့် အမျိုးမျိုးဖြစ်တတ်သည်။ များသောအား ဖြင့် ပန်းရောင်ဖြစ်တတ်၏။ ခြောက်လပန်းသည် ညိုးနွမ်း လွယ်ခြင်း မရှိဘဲ ကြာရှည်ခံသဖြင့် အလှစိုက်ပျိုးရန် ကောင်း သော ပန်းပင်မျိုး ဖြစ်သည်။

ခြောက်လပန်းသည် ပန်းဝတ်မှုန် သယ်ဆောင်တတ်သော ပျားပိတုန်း၊ ပိုးဖလံများကို မိမိ၏အပြင်ပန်း အလှဖြင့် မိမိရှိရာ သို့ ဆွဲဆောင်သည်။ သို့သော် ခြောက်လပန်းထုပ်ရှိ အပေါ်ယံ အပွင့်များတွင် ဝတ်ဆံဖို ဝတ်ဆံမများ လုံးဝမရှိချေ။ မျိုးပွား နိုင်သော အပွင့်ကလေးများသည် အတွင်းပိုင်း၌သာ ရှိကြသည်။ ခြောက်လပန်းပင်ရှည်မျိုးကို ခြံစည်းရိုး တစ်လျှောက် တွင်လည်းကောင်း၊ အပင်ပုမျိုးကို ပန်းအိုးများဖြင့်လည်းကောင်း မျက်စိပသာဒ ကြည့်၍လှအောင် စိုက်ပျိုးလေ့ ရှိကြသည်။

ခြောက်လပန်းတွင် စိတ်ကြိုက်အရောင် ဖြစ်ထွန်းရရှိအောင် လောင်းပေးသောရေထဲ၌ သင့်တော်သော ဓာတ်ပစ္စည်းများ ဖျော် ထည့်ပေးခြင်းဖြင့် ပြုပြင်ဖန်တီးပေးနိုင်သည်။ ပမာအားဖြင့် အပြာရောင်ဖြစ်စေလိုပါက၊ ရေထဲ၌ ဒုတ္ထာကို ဖျော်ထည့်ပေး ရ၍၊ ပန်းရောင်ကို အလိုရှိပါက ပိုတက်ဆီယမ်ပါမန်ဂနိတ်ကို ဖျော်ထည့်ပေးရသည်။[]

မြေဆီလွှာအက်ဆစ်ဓာတ်ပါဝင်မှုနှင့် ပန်းအရောင် ဆက်စပ်မှု

[ပြင်ဆင်ရန်]
ခြောက်လပန်းပွင့် အရောင်ပြောင်းလဲမှုသည် မြေဆီလွှာရှိ pH ပေါ်မူတည်သည်။ ပုံတွင်ပြထားသည့်အတိုင်း pH ၅.၅ သို့မဟုတ် အောက်နိမ့်သောမြေ (အက်ဆစ်ဓာတ်များသောမြေဆီလွှာ)သည် အပြာရောင် ခြောက်လပန်းများ ပွင့်လာစေလိမ့်မည်။ pH ၆.၅ သို့မဟုတ် မြင့်သောမြေ (အက်ဆစ်ဓာတ်နည်းနည်းရှိသောမြေဆီလွှာ)သည် ပန်းရောင် ခြောက်လပန်းများ ပွင့်လာစေလိမ့်မည်။ အဖြူရောင် ခြောက်လပန်းများတွင်မူ အရောင်ခြယ်ပစ္စည်း (pigment of colour) မပါသောကြောင့် မြေဆီလွှာရှိ pH ဖြင့် အရောင်မပြောင်းနိုင်ပဲ အမြဲတမ်းအဖြူရောင်ဖြစ်နေလိမ့်မည်။

မျိုးစိတ်အများစုတွင် ပန်းများသည် အဖြူရောင် ဖြစ်သော်လည်း၊ အချို့သောမျိုးစိတ်များ (အထူးသဖြင့် H. macrophylla) တွင် အပြာ၊ အနီ၊ ပန်းရောင်အပွင့်များကို တွေ့နိုင်သည်။ ဤမျိုးစိတ်များတွင် မြေဆီလွှာ pH အပေါ် မူတည်၍ ပြောင်းလဲသော အလူမီနီယမ်အိုင်းယွန်းများ (aluminium ions) ကြောင့် ပန်းပွင့်အရောင်ပြောင်းလဲမှု (floral color change)ကို ဖြစ်စေသည်။[][]

ပါဝင်သော မျိုးစိတ် (Species) အချို့နှင့် တွေ့ရှိနိုင်သော နေရာများ

[ပြင်ဆင်ရန်]
Hydrangea paniculata

ကိုးကား

[ပြင်ဆင်ရန်]
  1. Sunset Western Garden Book, 1995:606–607
  2. Family: Saxifragaceae (saxifrage family): Go Botany 2020-09-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-09-27 တွင် ပြန်စစ်ပြီး။
  3. The အမေရိကန်ပြည်ထောင်စု National Arboretum: Hydrangea FAQ 2013-05-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-11-27 တွင် ပြန်စစ်ပြီး။
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  5. Publications - UGA Cooperative Extension 31 May 2018 တွင် ပြန်စစ်ပြီး။
  6. USDA: Hydrangea Questions and Answers 16 May 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 May 2018 တွင် ပြန်စစ်ပြီး။