ခြေရာတစ်ထောင် မောင်မဲခေါင်
ပုံပန်းသွင်ပြင်
ခြေရာတစ်ထောင် မောင်မဲခေါင်သည် မြန်မာ့ရာဇဝင်တွင် ခွန်အားဗလကြီးမားသူဟု ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ခြေရာတစ်ထောင်မောင်မဲခေါင်သည် ဘီလူးနှင့် လူနှင့်ညား၍ မွေးဖွားလာသူ ဖြစ်သည်။ အရွယ်ရောက်လာသည့်အခါ မောင်မဲခေါင်၏ ခြေဖဝါးတို့သည် တစ်တောင်ရှိသည်။ အားအင်မှာ ဆင်ကိုပင် ဖမ်း၍ အစွယ်ကိုချိုးပစ်နိုင်သည်။
မောင်မဲခေါင်၏ ဖခင်မှာ သုံးမြို့ရှင်၏ တူဖြစ်သူ ပညာဗလ ဖြစ်သည်။ မိခင်ဖြစ်သူမှာ ဘီလူးမတစ်ဦး ဖြစ်သည်။ ပညာဗလ၏ ဇနီးဖြစ်သူ မအောင်ဖြူ သေဆုံးသည့်အခါတွင် ဘီလူးမဖြစ်ခဲ့ပြီး ထိုဘီလူးမသည်ပင် ပညာဗလနှင့် ပေါင်းသင်းကာ မောင်မဲခေါင်ကို ဖွားမြင်ခဲ့သည်။[၁]