ခြိမ်းလွန်းသည့်မိုး မရွာ

ဝီကီပီးဒီးယား မှ

ခြိမ်းလွန်းသည့်မိုး မရွာ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ရွာတော့မယောင် ခြိမ်းလွန်းသော မိုးသည် မရွာသကဲ့သို့ တကယ်လုပ်တော့မယောင် ကြီးကြီးကျယ်ကျယ် ပြောလွန်းသော သူသည် လက်တွေ့တွင် တကယ် မလုပ်ချေ။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ချုန်းလွန်းသည့်မိုး မရွာ ဟူ၍လည်း အသုံးရှိသည်။

ဆိုရိုးအဖြစ်အသုံးရှိကြောင်းဖော်ပြချက်[ပြင်ဆင်ရန်]

  • ချုန်းလွန်းသောမိုး ရေမဖောင်၊ ဟောင်လွန်းသောခွေး လူမလေးဟူ၍ မြန်မာဆိုရိုးစကားလည်းရှိသည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၁