ခြင်းကြားနှင့် ရေသယ်

ဝီကီပီးဒီးယား မှ

ခြင်းကြားနှင့် ရေသယ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ခြင်းကြားဖြင့် ရေကို သယ်သည်ဆိုသကဲ့သို့ ယိုပေါက်ဟာပေါက်များစွာနှင့် လုပ်ကိုင်ရှာဖွေသည်။

ဆိုလိုရင်းတူညီသောအခြားစကားပုံ[ပြင်ဆင်ရန်]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "အတတ်ပညာတည်းဟူသော မန္တဂုဏ်တို့မှ ချို့တဲ့ကင်းဝေးသော သူသည် အရှင်စိုးမင်းထံ ခစား၍ ဆုလာဘ်ကို ခံယူလိုသော်လည်း ခြင်းကြားဖြင့် ရေကိုယူဆောင်ဘိသကဲ့သို့လည်းကောင်း၊ တောင်ယာမှာ ခနွှဲဆင်ဘိသကဲ့သို့လာည်းကောင်း... လိုရာ မပြီးဘဲ ရှိရာသည်။" [၁၂၁၈] ရာဇသေ။ ၆၇။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၁