ချောင်းမမွေတော်စေတီတော်

ဝီကီပီးဒီးယား မှ

ချောင်းမမွေတော်စေတီတော် သည် မုံရွာခရိုင်၊ ညောင်ကန်ရွာ အနောက်မြောက်ဘက်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မဇ္ဈိမဒေသ ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်း၏ အဆက်အနွယ်ဖြစ်သည့် နာဂဒါသမင်းကို နန်းချ၍ သုသုနာဂမင်း နန်းတက်၍ နာဂဒါသမင်းနှင့် နှမတော်စပ်သူ သီတလိဒေဝီတို့သည် မြတ်စွာဘုရားတို့၏ ဓာတ်တော်များကို ယူဆောင်၍ မြန်မာနိုင်ငံသို့ တိမ်းရှောင်ခဲ့၏။ ကလေးရာဇဂြိုဟ်၌ လည်းကောင်း၊ တိမ်းရင်းရာဇဂြိုဟ်၌ လည်းကောင်း မြို့တည်ထောင်၍ နေခဲ့ကြသည်။ ထို့နောက် တိမ်းရင်းမြို့ (ညောင်ကန်ရွာ) တွင် ဓာတ်တော်များကို ဌာပနာကို စေတီတော် တည်ခဲ့သည်။ တည်ထားခဲ့သည့် ဘုရားများမှာ ဖလားလမ်းဘုရား၊ ဆင်ဝပ်ဘုရား၊ မြတံဆိတ်ဘုရား၊ မွေရှင်တော်ဘုရား စသည်စေတီတို့ကိုလည်း တည်ထားခဲ့လေသည်။[၁]

အမည်[ပြင်ဆင်ရန်]

စေတီတော်သည် သံဖိုချောင်းဦးတိုက်၍ နှစ်မွှာကွဲနေသည့် ကုန်းတော်၏ အလယ်ဗဟို၌ တည်ထားသောကြောင့် ချောင်းမွှာမွေတော်ဟု ခေါ်ခဲ့သည်။ နောင်အခါ ချောင်းမမွေတော် ဟူ၍ ခေါ်ခဲ့ကြသည်။

စေတီတော်၏ ဘုရားပွဲတော်ကို ဝါဆိုလဆန်း ၁၂ ရက်နေ့တွင် ဘုရားဆွမ်းတော်ကြီးပွဲတော်ကို ကျင်းပကြသည်။[၁]

ပြုပြင်မှုများ[ပြင်ဆင်ရန်]

  • ၁၂၇၄ ခုနှစ်တွင် မောဂ္ဂလန်တိုက်၊ တောင်ကျောင်းဘုန်းကြီး ဦးနာယက၏ ကြီးမှုမှုဖြင့် ပြုပြင်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၈၉၊ ၉၀။