ချုံးဟ ဇန်ဘယ်
ပုံပန်းသွင်ပြင်
| ချုံးဟ ဇန်ဘယ်* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | iii,iv |
| ကိုးကား | ၁၁၃ |
| ဒေသ** | အာရှ-ပစိဖိတ် |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ချုံးဟ ဇန်ဘယ် သည် ရှေးခေတ် အီလမ် လူမျိုးတို့၏ အဆောက်အဦး အစုအဝေးဖြစ်ပြီး အီရန်နိုင်ငံ ခူးဇက်စတန် ပြည်နယ်တွင် တည်ရှိသည်။ ၎င်းသည် မက်ဆိုပိုတေးမီးယားခေတ်က တည်ဆောက်ခဲ့သော ဇစ်ဂါရက် အမျိုးအစား အဆောက်အဦး ဖြစ်ပြီး မက်ဆိုပိုတေးမီးယား ဒေသ၏ ပြင်ပတွင် ရှိသော အနည်းငယ်သော ဇစ်ဂါရက်များထဲမှ တစ်ခု ဖြစ်သည်။ ဆူဆာမြို့၏ အရှေ့တောင်ဘက် ၁၉မိုင် (၃၀ ကီလိုမီတာ) အကွာ နှင့် အာဗက်မြို့၏ မြောက်ဘက် ၅၀မိုင် (၈၀ ကီလိုမီတာ) အကွာတွင် ရှိသည်။