ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်
ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက် နှင့် အတူတူပင် ဖြစ်သည်။[၁] ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက် နှင့် အတူတူပင်ဖြစ်သည်။
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် ဆိုသည်မှာ လူတို့သည် ချီးမွမ်းစကားဖြစ်စေ၊ ကဲ့ရဲ့စကားဖြစ်စေ ခဏတာမျှသာ ပြောဆိုတတ်ကြသဖြင့် ထိုစကားများကို အလေးအနက်ထား စဉ်းစားနေရန် မလိုအပ်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် လူတို့၏ အမြင်နှင့် အပြောများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ကြောင်းကို ဖော်ပြသည်။ ယနေ့တွင် ချီးမွမ်းခံရသူသည် နက်ဖြန်တွင် ကဲ့ရဲ့ခံရနိုင်သကဲ့သို့ ယနေ့တွင် ကဲ့ရဲ့ခံရသူသည် နက်ဖြန်တွင် ချီးမွမ်းခံရနိုင်သည်။ ထို့ကြောင့် ချီးမွမ်းခြင်းကြောင့် ဝမ်းသာအားရဖြစ်ခြင်း သို့မဟုတ် ကဲ့ရဲ့ခြင်းကြောင့် စိတ်ဆင်းရဲခြင်း မဖြစ်သင့်ပေ။ အဓိကမှာ မိမိကိုယ်ကို ယုံကြည်မှုရှိရန်နှင့် မိမိ၏ လုပ်ဆောင်မှုများကို မှန်ကန်သည်ဟု ယုံကြည်ပါက အခြားသူများ၏ အပြောကို အလွန်အကျွံ ဂရုစိုက်ရန် မလိုအပ်ပါ။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ရူးရူးမိုက်မိုက် ကိုယ်ကြိုက်သလို သဘောထား၍ ထိုက်ရာမှာ နားရော့ ဟဲ့လို့ မျက်စိကို အတင်းမှိတ်ပြီး စိတ်ရှိသလို ပြုလိုက်တာပဲ ကောင်းတယ် ထင်ပါရဲ့လေ၊ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် ဆိုတဲ့ စကားလည်း အရှိ သားကပဲ၊ [၂]
- ကိုကြွားကိုတော့ ကျွန်မ မပေါင်းချင်ဘူး၊ ကိုအောင်ကြီး နောက်ကိုပဲ လိုက်တော့မယ်။ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် ပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ ဇွတ်နှစ်တော့မှာပဲ၊ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၁၂၇၆] မြင့်၊ ပ။ ၁၄၅။ ကိုးကား အမှား - Invalid parameter "'myintpa145" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၂၉၄] ဒဂုန်၊ ၁၂၊ ၁၃၇။ ၂၅။ ကိုးကား အမှား - Invalid parameter "'dagon12-137-25" in
<ref>tag. The supported parameters are: dir, follow, group, name.