ချီဂျုံးမိသားစု

ဝီကီပီးဒီးယား မှ
Chijon Family
တည်ထောင်ခဲ့၁၉၉၃
တည်ထောင်သူဂင်မ်ဂီ-ဟွမ်
တည်ထောင်သည့်နေရာတောင်ကိုရီးယား
တက်ကြွသော ခုနှစ်များ၁၉၉၃ - ၁၉၉၄
လူမျိုးစုတောင်ကိုရီးယား
အဖွဲ့ဝင်မှု
ရာဇဝတ်မှု လုပ်ဆောင်ချက်လူသတ်မှု၊ ငွေညှစ်မှု၊ ပြန်ပေးဆွဲမှု၊ လူသားစားမှု
ချီဂျုံးမိသားစု
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:Jijonpa
MRအက္ခရာဖလှယ်ခြင်း:Chijonp'a

ရာဇဝတ်သားဟောင်း ဂင်မ်ဂီ-ဟွမ်က ချမ်းသာသူများအပေါ် သူကဲ့သို့ပင် ရန်ငြှိုးဖွဲ့မုန်းတီးသည့် အခြား ထောင်ထွက် အလုပ်လက်မဲ့ ၆ ဦးတို့နှင့်အတူ ၁၉၉၃ တွင် တည်ထောင်ထားသော ချီဂျုံးမိသားစု သည် တောင်ကိုရီးယား ဂိုဏ်း ဖြစ်သည်။ 'ချီဂျုံး' အမည်မှာ ဤအမှုအား စုံစမ်းစစ်ဆေးရသော အမှုလိုက်များက မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဂင်မ်က သူ၏ ဂိုဏ်းကို 'ရည်မှန်းချက်' ဟု အဓိပ္ပာယ်ရသည့် ဂရိစကားလုံး (အလားတူအဓိပ္ပာယ်သော်လည်းကောင်း အသံထွက်သော် လည်းကောင်း ရှိသည့် ဂရိစကားလုံး ရှာဖွေမတွေ့ရှိ) မာ့စ်ကန်ဟု နဂိုက မှည့်ခေါ်ခဲ့သည်။[၁]

ရာဇဝတ်မှုများ[ပြင်ဆင်ရန်]

မိသားစုများထံမှ ငွေညှစ်ရန်အကြံဖြင့် ချမ်းသာသူများအား ပြန်ပေးဆွဲရန် ဂင်မ်က သူ၏ ဂိုဏ်းသားများအား အမိန့် ပေးခဲ့သည်။ ချမ်းသာသူများအား မုန်းတီးသည့်စိတ်ဖြင့် ဂိုဏ်းအဖွဲ့က ဆိုးလ်ရှိ အထူးသီးသန့်အရောင်းဆိုင် တစ်ခုမှ အားပေးမှုအများဆုံး စားသုံးသူအချို့ကို စနစ်တကျသတ်ဖြတ်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် လူ ၅ ဦးအား သတ်မှု၊ လူသေ အလောင်းအချို့ကို ဝေးလံသော တောင်ကုန်းများထက်တွင် မြုပ်နှံမှု၊ အလောင်းများ စွန့်ပစ်ရန် ၎င်းတို့ ပုန်းခိုရာ မြေအောက်ခန်း၌ တမင်တပ်ဆင်ထားသည့် မီးရှို့စက်တွင်း ထည့်သွင်းမီးရှို့ခဲ့မှုများအတွက် ဂိုဏ်းသား ၆ ဦး အား အပြစ်ရှိကြောင်း တွေ့ရှိရသည်။

အကြမ်းဖက်လုပ်ရပ်များ[ပြင်ဆင်ရန်]

ရဲဆေးတင်ရန် နှင့် လူသားဆန်မှုကို နှင်ပစ်ရန်အလို့ငှာ သားကောင်များကို ကိုယ်လက်ဖြတ်တောက်ပြီး ၎င်းတို့၏ အသားကို စားခဲ့သည်ဟု ဂိုဏ်းသား တစ်ဦးက ဝန်ခံသည်။ လူသတ်မှုများနှင့် ပြန်ပေးဆွဲမှုများ အောင်မြင်လာသဖြင့် သွေးကြွလာသော ဂိုဏ်းအဖွဲ့က ကြေးရတတ်သားကောင်များကို ရွေးချယ်ရန် ပိုထိရောက်သော နည်းလမ်းလိုအပ်သည် ဟု ဆုံးဖြတ်လိုက်ကြသည်။ ဆိုးလ်မြို့ ဟွန်ဒိုင်း အထူးသီးသန့်အရောင်းဆိုင်ရှိ မကျေနပ်သောဝန်ထမ်း တစ်ဦးထံမှ ဆက်သွယ်ရန် လိပ်စာစာရင်း ဝယ်ယူနိုင်ခဲ့သည်။ ဆိုင်မှ အကြွေးဝယ်ကဒ်ဖြင့် ဝယ်ယူသော အကောင်းဆုံး စားသုံးသူ ၁၂၀၀ ၏ အမည်များပါဝင်သော စာရင်းမှ နောက်ထပ် သားကောင်ကို ရွေးချယ်ခဲ့သည်။

သေဒဏ်ချမှတ်ခြင်း[ပြင်ဆင်ရန်]

ချီဂျုံးမိသားစုမှာ လူ ၅ ဦးအား သတ်မှုအတွက် ၁၉၉၄ နိုဝင်ဘာ ၁ တွင် သေဒဏ်ချမှတ်ခံရသည်။[၂] ပြစ်ဒဏ်ချခံရပြီး ချိန်တွင် မည်သည့်လူသတ်သမားထံတွင်မှ နောင်တရသည်ကို အလျဉ်းမတွေ့ရ။ လူချမ်းသာကလေး ယခုထက် ပိုမသတ်နိုင်သည်ကိုပဲ နောင်တရမိကြောင်း အဖွဲ့သားတဦးက တရားခွင်မတိုင်မီက ရုပ်မြင်သတင်းထောက် တစ်ဦးထံ ပြောဆိုခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. “살인마 지존파 원래 조직명은 마스칸” (in ko-KR) (2009-07-12)။ 2016-08-26 တွင် ပြန်စစ်ပြီး။
  2. (ကိုရီးယား) 지존파 살인사건 Archived November 29, 2014, at the Wayback Machine.