ချိဇုမြို့၊ တော့တိုရိ
| ချိဇုမြို့ 智頭町 | |||
|---|---|---|---|
| Town | |||
View of Chizu-shuku | |||
| |||
| Location in Japan | |||
| ကိုဩဒိနိတ်: 35°16′N 134°14′E / 35.267°N 134.233°Eကိုဩဒိနိတ်: 35°16′N 134°14′E / 35.267°N 134.233°E | |||
| Country | Japan | ||
| Region | Chūgoku San'in | ||
| Prefecture | Tottori | ||
| District | Yazu | ||
| အစိုးရ | |||
| • Mayor | Hideo Kaneko (Liberal Democratic Party) | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၂၂၄.၇ စတုရန်းကီလိုမီတာ (၈၆.၈ စတုရန်းမိုင်) | ||
| လူဦးရေ (October 1, 2025)[၁] | |||
| • စုစုပေါင်း | ၅၉၉၂ | ||
| • သိပ်သည်းမှု | ၂၇/km၂ (၆၉/sq mi) | ||
| အချိန်ဇုန် | JST (UTC+09:00) | ||
| City hall address | 2072-1 Chizu, Chizu-cho, Yazu-gun, Tottori-ken 689-1402 | ||
| Climate | Cfa | ||
| ဝဘ်ဆိုက် | တရားဝင် ဝက်ဘ်ဆိုက်တ် | ||


ချိဇုမြို့ (智頭町, Chizu-chō) သည် ဂျပန်နိုင်ငံ၊ တော့တိုရိခရိုင်၊ ယဇုဒေသတွင်ရှိသည့် မြို့တစ်ခု ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြို့နေခန့်မှန်းလူဦးရေသည် ၅၉၀၆ ဦး၊ အိမ်ထောင်စု ၂၆၈၁ ခု ရှိသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၂၆.၆၇ ဦး နေထိုင်ကြသည်။ မြို့၏ စုစုပေါင်းဧရိယာသည် ၂၂၄.၇၀ စတုရန်းကီလိုမီတာ (၈၆.၇၆ စတုရန်းမိုင်) ရှိသည်။[၂]
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]ချိဇုမြို့သည် တော့တိုရိခရိုင်၏ အရှေ့တောင်ဘက်ပိုင်းတွင် ရှိသည်။ အိုခယမခရိုင်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ မြို့ဧရိယာ၏ ၉၃ ရာခိုင်နှုန်းသည် တောင်များနှင့် သစ်တောများ ဖုံးလွှမ်းနေသည်။ ချိဇုမြို့ကို နှင်းကျဆင်းမှုများပြားသည့် ဧရိယာအဖြစ် သတ်မှတ်ထားသည်။
ဆက်စပ်နေသည့် မြို့ရွာများ
[ပြင်ဆင်ရန်]ရာသီဥတု
[ပြင်ဆင်ရန်]ချိဇုမြို့၏ ရာသီဥတုမှာ နွေရာသီတွင် နွေးထွေးပြီး စိုထိုင်းသည်။ ဆောင်းရာသီသည် အေးမြကာ နှင်းကျဆင်းမှု များပြားသည်။ နှစ်ပတ်လည်ပျမ်းမျှအပူချိန်သည် ၁၃.၁ ဒီဂရီစင်တီဂရိတ် (၅၅.၆ ဒီဂရီဖာရင်ဟိုက်) ရှိသည်။ ပျမ်းမျှမိုးရေချိန်မှာ ၁၉၇၂.၂ မီလီမီတာ (၇၇.၆၅ လက်မ) ရှိသည်။ စက်တင်ဘာလသည် အစိုစွတ်ဆုံးလ ဖြစ်သည်။ ဩဂုတ်လသည် အပူချိန်အမြင့်ဆုံးဖြစ်ပြီး ပျမ်းမျှအပူချိန်သည် ၂၅.၂ ဒီဂရီစင်တီဂရိတ် (၇၇.၄ ဒီဂရီဖာရင်ဟိုက်) ပတ်ဝန်းကျင်ရှိသည်။ ဇန်နဝါရီလသည် အပူချိန်အနိမ့်ဆုံးဖြစ်ပြီး ပျမ်းမျှအပူချိန်သည် ၁.၆ ဒီဂရီစင်တီဂရိတ် (၃၄.၉ ဒီဂရီဖာရင်ဟိုက်) ရှိသည်။[၃] အမြင့်ဆုံးအပူချိန်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် ၃၈.၉ ဒီဂရီစင်တီဂရိတ် (၁၀၂.၀ ဒီဂရီဖာရင်ဟိုက်) ရောက်ရှိခဲ့သည်။ အနိမ့်ဆုံးအပူချိန်အနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အပူချိန်သည် အနှုတ် ၁၂.၇ ဒီဂရီစင်တီဂရိတ် (၉.၁ ဒီဂရီဖာရင်ဟိုက်) တစ်ခု ရှိသည်။[၄]
| Chizu (1991−2020 normals, extremes 1978−present) အတွက် ရာသီဥတု အချက်အလက်များ | |||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|
| လ | ဇန်နဝါရီ | ဖေဖော်ဝါရီ | မတ် | ဧပြီ | မေ | ဇွန် | ဇူလိုင် | ဩဂုတ် | စက်တင်ဘာ | အောက်တိုဘာ | နိုဝင်ဘာ | ဒီဇင်ဘာ | နှစ် |
| စံချိန်တင် အမြင့်ဆုံး °C (°F) | 16.8 (62.2) |
20.9 (69.6) |
26.0 (78.8) |
31.4 (88.5) |
33.5 (92.3) |
36.5 (97.7) |
38.2 (100.8) |
38.9 (102) |
36.9 (98.4) |
30.7 (87.3) |
26.2 (79.2) |
20.7 (69.3) |
38.9 (102) |
| ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) | 6.1 (43) |
7.1 (44.8) |
11.7 (53.1) |
18.1 (64.6) |
23.2 (73.8) |
26.2 (79.2) |
29.9 (85.8) |
31.3 (88.3) |
26.4 (79.5) |
20.9 (69.6) |
15.2 (59.4) |
9.1 (48.4) |
18.77 (65.79) |
| နေ့စဉ် ပျမ်းမျှ °C (°F) | 1.6 (34.9) |
2.1 (35.8) |
5.7 (42.3) |
11.3 (52.3) |
16.5 (61.7) |
20.5 (68.9) |
24.5 (76.1) |
25.2 (77.4) |
21.0 (69.8) |
15.0 (59) |
9.3 (48.7) |
4.1 (39.4) |
13.07 (55.53) |
| ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) | −1.8 (28.8) |
−1.8 (28.8) |
0.6 (33.1) |
5.0 (41) |
10.5 (50.9) |
15.9 (60.6) |
20.6 (69.1) |
21.1 (70) |
16.9 (62.4) |
10.3 (50.5) |
4.7 (40.5) |
0.3 (32.5) |
8.53 (47.35) |
| စံချိန်တင် အနိမ့်ဆုံး °C (°F) | −12.7 (9.1) |
−12.3 (9.9) |
−8.5 (16.7) |
−4.3 (24.3) |
0.3 (32.5) |
5.2 (41.4) |
11.6 (52.9) |
13.3 (55.9) |
5.7 (42.3) |
−0.2 (31.6) |
−2.9 (26.8) |
−8.8 (16.2) |
−12.7 (9.1) |
| ပျမ်းမျှ ရွာကျခြင်း mm (inches) | 159.5 (6.28) |
143.3 (5.642) |
164.6 (6.48) |
130.9 (5.154) |
146.1 (5.752) |
168.9 (6.65) |
227.7 (8.965) |
172.8 (6.803) |
244.2 (9.614) |
158.6 (6.244) |
112.7 (4.437) |
143.0 (5.63) |
၁၉၇၂.၂ (၇၇.၆၄၆) |
| ပျမ်းမျှ ဆီးနှင်းကျဆင်းမှု cm (inches) | 112 (44.1) |
117 (46.1) |
25 (9.8) |
0 (0) |
0 (0) |
0 (0) |
0 (0) |
0 (0) |
0 (0) |
0 (0) |
0 (0) |
40 (15.7) |
285 (112.2) |
| Average precipitation days (≥ 1.0 mm) | 17.2 | 16.4 | 15.6 | 11.7 | 10.9 | 12.7 | 13.9 | 11.2 | 12.8 | 11.2 | 12.3 | 15.2 | 161.1 |
| ပျမ်းမျှ ဆီးနှင်းကျရက်များ (≥ 3 cm) | 10.3 | 9.8 | 2.6 | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | 3.4 | 26.1 |
| Mean monthly sunshine hours | 75.4 | 82.2 | 131.5 | 173.7 | 191.3 | 133.2 | 133.1 | 169.7 | 124.9 | 141.0 | 112.3 | 84.6 | ၁၅၅၂.၇ |
| Source: Japan Meteorological Agency[၄][၃] | |||||||||||||
လူဦးရေဆိုင်ရာ
[ပြင်ဆင်ရန်]ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအရ ချိဇုမြို့၏ လူဦးရေသည် အောက်ပါအတိုင်း ဖြစ်သည်။ ၁၉၅၀ ခုနှစ်များကတည်းက လူဦးရေသည် တဖြည်းဖြည်းကျဆင်းလျက်ရှိသည်။[၅]
| သမိုင်းတစ်လျှောက် လူဦးရေများ | ||
|---|---|---|
| ခုနှစ် | လူဦးရေ | ±% |
| 1920 | ၁၂၀၁၄ | — |
| 1930 | ၁၂၉၇၃ | +8.0% |
| 1940 | ၁၂၅၁၂ | −3.6% |
| 1950 | ၁၄၄၇၂ | +15.7% |
| 1960 | ၁၄၃၉၀ | −0.6% |
| 1970 | ၁၂၃၉၂ | −13.9% |
| 1980 | ၁၁၅၀၄ | −7.2% |
| 1990 | ၁၀၆၇၀ | −7.2% |
| 2000 | ၉၃၈၃ | −12.1% |
| 2010 | ၇၇၁၉ | −17.7% |
| 2020 | ၆၄၂၇ | −16.7% |
လည်ပတ်စရာနေရာများ
[ပြင်ဆင်ရန်]- အိရှိတနိအိမ်ရာ[၆]
- ခဆွတ်မိနိရှိခဝရုပ်ရှင်ပြတိုက်
- အိတိုင်းဘရရွာ (ဤရွာတွင် ရှောဝခေတ်ကာလအဆောက်အဦများ ရှိသည်။)
- မိတခိဆည်
- နဂိတောင်
- ဆုဝနတ်ကျောင်း
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ ချိဇုမြို့၊ တော့တိုရိ နှင့်ပတ်သက်သော မီဒီယာများ- Chizu official website (in ဂျပန်)
ကိုးကား
[ပြင်ဆင်ရန်]- ↑ https://www1.town.chizu.tottori.jp/1/
- ↑ Chizu town official statistics (in ja)။
- 1 2 You must specify title = and url = when using {{cite web}}.။ JMA။ March 24, 2022 တွင် ပြန်စစ်ပြီး။
- 1 2 You must specify title = and url = when using {{cite web}}.။ JMA။ March 24, 2022 တွင် ပြန်စစ်ပြီး။
- ↑ Chizu population statistics
- ↑ English – 樹霊の館 石谷家住宅 (in ja)။ 2025-11-20 တွင် ပြန်စစ်ပြီး။