ချိကုန်း

ဝီကီပီးဒီးယား မှ
ချိကုန်းသည် ကမ္ဘာတစ်ဝန်း ကျယ်ပြန့်လာရာ ဘရာဇီးတွင်လည်း လေ့ကျင့်ကြသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်ကိုစေ့ဆော်၍ ရောဂါကုသ ပေးနိုင်လောက်အောင် ချီ (သက်စောင့်စွမ်းအင်)ကို စုစည်းနိုင် သည့် အလေ့အကျင့်ပင်ဖြစ်သည်။ အပ်စိုက်ကုထုံးပညာနှင့် ဆင်တူသော ပညတ်ချက်များကို အခြေခံသည့် တရုတ်တိုင်းရင်း ဆေးပညာ တစ်ရပ်အဖြစ် အနောက်တိုင်းပါရဂူတို့ကပင် အံ့မခန်း လေးစားနေပြီဖြစ်သည်။ အသက်ရှူ လေ့ကျင့်ခန်းများဟု အဓိပ္ပာယ်ရသည့် ချီကုန်ပညာသည် တရုတ်နိုင်ငံတွင် ခေတ်အ ဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော ကိုယ်လက်ကြံ့ခိုင်ရေး နည်းစနစ်လည်းဖြစ် ပေသည်။ ဝူစုသိုင်းပညာနှင့် ကိုယ်လက်ကြံ့ ခိုင်ရေး ပညာနှောလျက် လောင်ဇူခေတ် (၅၈ဝ ဘီစီ-၄၇၈ ဘီစီ ခန့်) ကပင် ပေါ်ပေါက်ခဲ့သည်။

သမိုင်းဖော်ပြချက်[ပြင်ဆင်ရန်]

တရုတ်နိုင်ငံ၏ ဗွေဆော်ဦးဆေးပညာ လက်စွဲကျမ်းဖြစ် သည့် လွန်ခဲ့သောနှစ်ပေါင်း ၂ယ၃ဝဝခန့်ကပြု စုခဲ့သော ပြည်တွင်း ဆေးပညာကျမ်းအမည်ရှိ ဆေးကျမ်းထဲတွင် ချီကုန်ပညာ၏အ ကြောင်းကို ဖော်ပြခဲ့သည်။ ထို့နောက် ဟန်မင်းဆက်ခေတ် (၂ဝ၆ ဘီစီ-အေဒီ ၂၂ဝ) တွင် နာမည်ကျော် ဆေးပညာရှင် ဟွာတောင်က တိရစ္ဆာန် ငါးကောင်ကစားကွက်အမည်ရှိ ကုထုံး ဆိုင်ရာ လေ့ကျင့်ခန်းများ၌ ချီကုန်ပညာ ဥပဒေများကိုထည့်သွင်း အသုံးချခဲ့သည်။ တန်မင်းဆက် (အေဒီ ၆၁၈-၉ဝ၇)တွင် ဆန်ဆီမိုက အဖိုးတန်ဆေးညွှန်းများကျမ်းတွင် ပက်လက်အနေ အထား ချီကုန်လေ့ကျင့်ခန်းများကို ဖော်ပြခဲ့သည်။ တစ်ဖန် မင်မင်းဆက်ခေတ် (အေဒီ ၁၃၆၈-၁၆၄၄) တွင် ထက်မြက်သော သမားတော်ကြီး လီရှိကျင့်ကလည်း ရုပ်ပိုင်းဆိုင်ရာဆေးပညာ ကျမ်းတွင် ချီကုန်ပညာ၏ ကုထုံးစွမ်းပကား မြင့်မားပုံကို ဂုဏ်တင်၍ ရေးသားခဲ့သည်။


ချီကုန်သည် စင်တင်ဖျော်ဖြေ တင်ဆက်သော အနုပညာ လည်းဖြစ်ပေသည်။ ယင်းအနုပညာကိုယင်ချီ ကုန်ဟုလည်းခေါ် ဝေါ်သည်။ 'ယင်' သည် 'ခက်မာသော'ဟု အနက်ထွက်သည်။ စစ်ပြိုင်နိုင်ငံတော်များခေတ် (၄ဝ၃-၂၂၁ ဘီစီ) အတွင်းတွင် အကာအကွယ်မဲ့ ရင်အုပ်ကို ဓားရှည်ဖြင့် ခုတ်ခြင်းကဲ့သို့သော သရုပ်ပြပွဲ များကို ပြသခဲ့ဖူးသည်။ လွန်ခဲ့သောနှစ်ပေါင်း ၁ယ၂ဝဝ ခန့်က ချန်အန်းနေပြည်တော်၌ ဝမ်ယီဆိုသူသည် ဝမ်းလျား မှောက်ပြီး ကျောပေါ်တွင် ဧရာမကြိတ်ဆုံ ကျောက်ပြားကြီးကို တင်လျက် ယင်းကျောက်ပြားပေါ်တွင် သံစုံတီးဝိုင်းတက်၍ တီးမှုတ်ဖျော်ဖြေစေခဲ့သည်။ ပွဲသိမ်းတီးလုံး အပြီးသတ်သွားသည့် တိုင် ဝမ်ယီသည်နာကျင်မှု အရိပ်အရောင်မျှပင် မပြခဲ့ချေ။ ယနေ့ ခေတ်တွင်လည်း အလားတူဖျော်ဖြေတင်ဆက်သည့် ယင်ချီကုန် ပြပွဲများကို တွေ့နေရဆဲပင်ဖြစ်သည်။

ကျင့်စဉ်[ပြင်ဆင်ရန်]

ချီကုန်ပညာသည် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဖြစ်စေ၊ အနုပညာအဖြစ် ဖျော်ဖြေမှုအတွက် ဖြစ်စေ တရုတ်ရိုးရာ ဆေးပညာအရ ယီနှင့်ချီကျင့်စဉ်ပေါ်၌ အခြေစိုက်သည်။ ယီ၏ အဓိပ္ပာယ်သည် စိတ်စွမ်းအင်ဖြစ်သည်။ ချီ၏အဓိပ္ပာယ်ကား လေဖြစ်ပေရာ စင်စစ်အားဖြင့် လေကိုရှူသွင်းလိုက်စဉ် ပါလာ တတ်သည့် သက်စောင့်စွမ်းအင်ကို ရည်ညွှန်းသည်။ သို့ဖြစ်၍ ချီကုန်သည် ပြင်ပဖိစီးမှုကို တွန်းလှန်နိုင်စွမ်းနှင့် ကိုယ်ခံစွမ်းအား တို့ကို အားဖြည့်ပေးရန် အလို့ငှာ ခန္ဓာကိုယ် အစိတ်အပိုင်းတစ် ရပ်ဆီသို့ အလေ့အကျင့်မှ တစ်ဆင့် ပို့ပေးရေးအတွက် ရည်ရွယ် သည့် အသက်ရှူလေ့ကျင့်ခန်း တစ်မျိုးဖြစ်သည်။ ၁၉၄၉ ခုနှစ်မှ စ၍ ချီကုန်ကျင့် စဉ်များကို လေ့လာဖော်ထုတ် ကြေညာခဲ့ရာ စုစုပေါင်း ချီကုန်ကျင့်စဉ် ၄ဝဝ ကျော်ရှိပြီဖြစ်သည်။ ယင်းတို့ အနက် ကျင့်စဉ် ၂ဝ သည်အထူးထင်ရှားသည်။ ချီကုန်ပညာခန်းပြ ၍ ဖျော်ဖြေသူသည် အစကနဦးတွင်သက်စောင့်စွမ်းအင်ကို ဝင်လာ စေရန်အား စိုက်အင်စိုက် လေရှူသွင်းရသည်။ သက်စောင့်စွမ်းအင် ကို လိုရာသို့ တန်းတန်းမတ်မတ် ပို့လွှတ်နိုင်ပြီဆိုလျှင် လေပြည့် ထိုး သွင်းထားသော တာယာကဲ့သို့ ကြွက်သားများဖောင်းကြွလာ သည်။ ထိုအခါ ယင်းကြွက်သားတို့သည် ပြင်းထန်သော ရိုက်ချက် ထုချက်များကို လည်းကောင်း၊ စူးရှသော ထိုးနှက်ချက်များကို လည်းကောင်း၊ လေးလံသော ဖိအားများကိုလည်းကောင်းမမှုတော့ ချေ။ ကိုယ်ခန္ဓာလည်းမထိခိုက်၊ ကျန်းမာရေးလည်း မချွတ်ယွင်းနိုင် ချေ။ သို့ဖြစ်၍ချီကုန်ကျွမ်းကျင်သူတို့သည် ဇရာပိုင်းရောက်သည့် တိုင် ဖျတ်လတ်ကြံ့ခိုင်သန်စွမ်းနေကြခြင်း ဖြစ်သည်။


ရှေးယခင်က မြေရှင်ပဒေသရာဇ် ဩဇာမကင်းသော တရုတ်နိုင်ငံတွင် ချီကုန်ပညာသည် လျှို့ဝှက် ဆန်းကြယ်သော ပညာအဖြစ် သဘောထား၍ ဂန္ထဝင်ဝတ္ထုများထဲတွင် လူသူအသိ နည်းသော ပညာအဖြစ် ရေးသားခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ခန့်ကမူ စုန်းကဝေ အတတ်အဖြစ် တရုတ်အာ ဏာပိုင်တို့က ရှုတ်ချထားခဲ့သော ပညာဖြစ်သည်။

လက်တွေ့ အသုံးချမှု[ပြင်ဆင်ရန်]

ယဉ်ကျေးမှုတော်လှန်ရေး ပြီးဆုံးသွားသော ၁၉၇ဝ ပြည့် လွန်နှစ်များ အလယ်ပိုင်းမှစ၍ ချီကုန်ပညာသည် အနောက်တိုင်း စံအရ သိပ္ပံနည်းမကျဟု ဆိုရမည်ဖြစ်သော်လည်း လူနာများကို အမှန်ပင် ကုသပေးနိုင်ကြောင်းဖြင့် ဆရာဝန်များနှင့် ပညာတတ် များက အခိုင်အမာ ပြောဆိုလာကြသည်။ ယခုအခါ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် လူသန်း ၂ဝ ကျော်သည့် ချီကုန်ပညာ ကို ကိုယ်လက်ကြံ့ခိုင်ရေး၊ ရောဂါကာကွယ် ကုသရေးတို့အတွက် အသုံးပြုနေကြပေပြီ။ ကျောက်ရှုကျုံအမည်ရှိ ချီကုန်သမားတော် နှင့် လုပ်ဖော်ကိုင်ဖက် ကိုးဦးတို့သည် ပီကင်းမြို့ အရှေ့တောင် ပိုင်းရှိ ဟွာယီဆေးရုံတွင် လေးနှစ်တာကာလအတွင်း လူနာပေါင်း ၅ဝ,ဝဝဝ ကျော်၏ ဝေဒနာအမျိုးမျိုးကို ကုသပေးရာ ၉ဝ ရာခိုင် နှုန်း အောင်မြင်မှုရသည်ဟု ဆိုသည်။ ကိုယ်တစ်ပိုင်း သေနေ သော လူနာမှ စိတ္တဇဝေဒနာသည်အထိ ချီကုန်ပညာဖြင့် ကုသ ပေးသည်။ ချီကုန်ပညာ အဆင့်မြင့်မားသော သမားတော်သည် သာမန်လူတို့နှင့်မတူ ခြားနားသော ရူပနှင့် ဇီဝကမ္မသက်ရောက် တုံ့ပြန်မှုများပိုင် ဆိုင်ထားကြောင်းကို သုတေသီတို့ စမ်းသပ် လေ့လာကာ အတည်ပြုခဲ့ကြပြီးဖြစ်သည်။ သမားတော် ကျောက်ရှုကျုံသည် လူနာကိုစူးစိုက်ကြည့်၍ ရောဂါရှာဖွေနိုင် သည်။ လူနာမှ ထုတ်လွှတ်သော ချီကို ကြည့်၍ ဆန်းစစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အရိုးကျိုးဝေဒနာရှင်ကို မထိတွေ့ မကိုင် တွယ်ရဘဲ ချီကုန်ပညာဖြင့်အရိုးပြန်ဆက် ပေးသည်လည်း ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)