ချားလ်စ်မောင်ဘို
ကာဒီနယ်ရဟန်းအမတ် ချားလ်စ်မောင်ဘို S.D.B | |
---|---|
![]() ဖာသာရ်ချားလ်စ်မောင်ဘို | |
အသင်းတော် | ကက်သလစ်အသင်းတော် |
ဂိုဏ်းချုပ်သာသနာ | ရန်ကုန် |
အမှုတော်ဆိုင်ရာရာထူးများ | |
သိက္ခာတော်တင်ခြင်း | ၉ ဧပြီ ၁၉၇၆ |
ဘိသိက်မင်္ဂလာတင်ခြင်း | ၁၆ ဒီဇင်ဘာ ၁၉၉၀ ဘိသိက်မင်္ဂလာတင်ပေးသူ: ဖာသာရ် Alphonse ဦးသန်အောင် |
ကာဒီနယ်အမတ်တင်မြှောက်ခြင်း | ၁၄ ဖေဖော်ဝါရီ ၂၀၁၅ တင်မြှောက်သူ: ပုပ်ရဟန်းမင်းကြီး ဖရန်စစ် |
ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ | |
မွေးဖွား | မောင်ဘို ၂၉ အောက်တိုဘာ၊ ၁၉၄၈ |
နိုင်ငံသား | မြန်မာနိုင်ငံသား |
နေအိမ် | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
မိဘ | ဂျွန်ဘို ဂျူယာနာအေးတင် |
ဆောင်ပုဒ် | Omnia possum in eo ('I can do all things in Him', Philippians 4:13) |
အမှတ်တံဆိပ် | ![]() |
ကာဒီနယ်အမတ် ချားလ်စ်မောင်ဘို (အင်္ဂလိပ်: Charles Maung Bo) သည် မြန်မာနိုင်ငံမှ ကက်သလစ်အသင်းတော်၏ ရဟန်းအမတ် (cardinal) တစ်ပါး ဖြစ်ပြီး ၂၀၀၃ ဇွန်လ ၃ ရက်နေ့ကတည်းက ရန်ကုန်မြို့ မက်ထရိုပိုလီတန်သာသာနယ် ဂိုဏ်းချုပ်ဆရာတော် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ့ကို ပုပ်ရဟန်းမင်းကြီးက ကာဒီနယ် ခေါ် ရဟန်အမတ်တစ်ပါးအဖြစ် ၂၀၁၅ ခုနှစ်တွင် ရာထူးတိုးမြှင့်ခဲ့သည်။
ဇာတိ
[ပြင်ဆင်ရန်]ဖာသာရ်ချားလ်စ်ဘိုကို ၁၉၄၈ ခု အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မုံလှရွာတွင် မွေးဖွားခဲ့သည်။ မိဘတို့မှာ ဦးဂျွန်နှင့် ဒေါ်အေးတင်တို့ဖြစ်သည်။ မူလတန်းပညာကို မုံလှရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၂ မှ ၁၉၇၆ အထိ အနီးစခန်းရှိ နာဇရက်ဆလေးရှင်း ရဟန်းဖြစ်သင်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ၁၉၇၆ ဧပြီ ၉ ရက်နေ့တွင် လားရှိုးမြို့၌ ရဟန်းသိက္ခာခံယူခဲ့သည်။
ဘဝသမိုင်း
[ပြင်ဆင်ရန်]သူအား ၁၉၇၆ ခုနှစ် ဧပြီလ ၉ ရက်တွင် ဒွန်ဘိုစကိုအသင်း (Salesians of Don Bosco)၏ ဘုန်းကြီးတစ်ပါးအဖြစ် သိက္ခာတင်ခံခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် လားရှိုးသာသနာနယ်၏ သာသနာ့ဦးစီးမှူး (Prefect) အဖြစ် ခန့်အပ်ခံရပြီး၊ ၁၉၉၀ ပြည့်နှစ်တွင် လားရှိုးဂိုဏ်းအုပ် (Bishop of Lashio) အဖြစ် ဂုဏ်ပြုသိက္ခာတင်ခြင်းခံခဲ့ရသည်။ ၁၉၉၆ ခုနှစ်တွင် ပုသိမ်သာသနာနယ် (Diocese of Pathein) သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၀၁ ခုနှစ် မတ်လ ၁၇ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါ်လ်က ၎င်းအား ဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပုပ်ရဟန်းမင်းကြီး၏ကောင်စီ (Pontifical Council for Interreligious Dialogue) ၏ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။
၂၀၀၃ ခုနှစ် မေလ ၂၄ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါ်လ်က ၎င်းအား ရန်ကုန်မြို့၏ ဂိုဏ်းချုပ် သာသနာရှင် (Archbishop of Yangon) အဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် ၁၆ (Pope Benedict XVI) က ၎င်းအား ယဉ်ကျေးမှုဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ ကောင်စီ (Pontifical Council for Culture) ၏ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့သည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) က ၎င်းအား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကာဒီနယ်ရဟန်းအမတ်တစ်ပါး (Cardinal) အဖြစ် ခန့်အပ်မည်ဟု ကြေညာခဲ့သည်။ ထိုအခမ်းအနားတွင် ၎င်းအား စန်တိုချယ်လ်ရွာသူ စိန့်အိုင်ရီနီယို(Sant’Ireneo a Centocelle) ဘုရားကျောင်း၏ ဂုဏ်ထူးဆောင်ဂိုဏ်းအုပ်အဖြစ် သတ်မှတ်ခဲ့သည်။
၂၀၁၅ ခုနှစ် ဧပြီလတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ၎င်းအား သာသနာ့အသက်တာဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများ ကွန်ဂရီဂေးရှင်း (Congregation for Institutes of Consecrated Life) အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ကောင်စီတို့၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ဆက်သွယ်ရေးဆိုင်ရာ အတွင်းရုံး (Secretariat for Communications) ၏ အဖွဲ့ဝင်အဖြစ် ထပ်မံခန့်အပ်ခံခဲ့ရသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လတွင် လူငယ်များ၊ ယုံကြည်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းရွေးချယ်မှုဆိုင်ရာ ဂိုဏ်းအုပ်များ သဘောတူညီပွဲ (Synod of Bishops on Youth, Faith, and Vocational Discernment) တွင် ကိုယ်စားလှယ်အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရွေးချယ်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် အာရှကက်သလစ်ဆရာတော်ကြီးများဖယ်ဒရှယ်ရှင်းအဖွဲ့ချုပ်(Federation of Asian Bishops’ Conferences - FABC) ၏ ဥက္ကဋ္ဌအဖြစ် သုံးနှစ်သက်တမ်း ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။
အကိုးအကား
[ပြင်ဆင်ရန်]မန္တလေးကက်သလစ်သာသနာနှင့် ဘရင်ဂျီရွာကြီးများ။ ဆရာအောင်ညွန့် - မန္တလေး။ ၂၀၀၄ ဧပြီ။
![]() ![]() | ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |