ချာကိုယဉ်ကျေးမှု အမျိုးသား သမိုင်းဝင် ဥယျာဉ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ချာကိုယဉ်ကျေးမှု*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

Chaco Canyon Chetro Ketl great kiva plaza NPS.jpg
တည်ရှိသည့် နိုင်ငံ  အမေရိကန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii
ကိုးကား ၃၅၃
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၇  (၁၁ကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ချာကိုယဉ်ကျေးမှု အမျိုးသား သမိုင်းဝင် ဥယျာဉ် သည် အမေရိကန်ပြည်ထောင်စုမှ အမျိုးသားသမိုင်းဆိုင်ရာ ဥယျာဉ်တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အနောက်တောင်ပိုင်းတွင် တည်ရှိကာ စပိန်တို့တည်ထောင်ခဲ့သော ပျူဘလိုမြို့ရွာများ စုစည်းနေသော နေရာ ဖြစ်သည်။​ ထိုဥယျာဉ်သည် နယူးမက္ကဆီကိုပြည်နယ်၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး အယ်လ်ဘူကွာကွေး နှင့် ဖာမင်တန်မြို့နှစ်မြို့ကြား ချာကိုလမ်းဖြတ်ဖြင့် ပိုင်းခြားထားသော ဝေးလံခေါင်းပါးသော ချောက်အတွင်းတွင် တည်ရှိသည်။ မက္ကဆီကိုနိုင်ငံမြောက်ဘက်တွင် ရှေးဟောင်းအပျက်အစီးအများဆုံး စုဝေးရာဒေသဖြစ်ပြီး ထိုဥယျာဉ်အတွင်းတွင် ကိုလံဘီယာခေတ်မတိုင်မီက အမေရိကန်ပြည်ထောင်စုအတွင်း ယဉ်ကျေးမှုနှင့် သမိုင်းအရ အရေးအပါဆုံးဖြစ်သော အပျက်အစီးများကို ထိန်းသိမ်း ထားသည်။[၁]

အေဒီ ၉၀၀ နှင့် ၁၁၅၀ ကြားတွင် ချာကိုချောက်ကမ်းပါးသည် ပျူဘလိုရန် ဘိုးစဉ်ဘောင်ဆက်များအတွက် အဓိက ယဉ်ကျေးမှု ဗဟိုဌာန ဖြစ်ခဲ့သည်။ချာကိုသား တို့သည် အလွန်ဝေးကွာသော နေရာမှ သဲကျောက်တုံးများကို ထုတ်ယူခဲ့ကြပြီး သစ်များကိုလည်း ဆွဲယူခဲ့ကြကာ မြောက်အမေရိကတွင် ၁၉ ရာစု အထိ အကြီးဆုံးဖြစ်သည့် အဓိက အဆောက်အဦး အစုအဝေး ၁၅ ခုကို တည်ဆောက်ခဲ့ကြသည်။[၁][၂] ရှေးဟောင်းနက္ခတ္တဗေဒ လေ့လာမှုများ ပြုလုပ်ခဲ့ကြကြောင်း ဆွေးနွေးခဲ့သူများ ရှိကြပြီး ဖာဂျာဒါတောင်ကုန်းစောက်တွင် တည်ရှိသော နေဓားရှည် ပုံ​ကျောက်ထွင်းလက်ရာမှာ လူသိများသော ဥပမာတစ်ခု ဖြစ်သည်။ ချာကိုတို့၏ အဆောက်အဦး အများအပြားမှာ နေသွားလမ်း နှင့် လသွားလမ်းတို့ကို ဖမ်းယူရန် တည့်မတ် တည်ဆောက်ထားခဲ့ကြပြီး [၃] ထိုသို့ တည်ဆောက်ရန် မျိုးဆက်ပေါင်းများစွာသော နက္ခတ္တဗေဒဆိုင်ရာ လေ့လာမှုများ နှင့် ရာစုနှစ်ပေါင်းများစွာ တိုင်အောင် ပေါင်းစည်းညှိနှိုင်းသော တည်ဆောက်ရေး ရှိရန် လိုအပ်ပေသည်။.[၄] ရာသီဥတုပြောင်းလဲမှုသည် ချာကိုတို့ ထိုနေရာမှ ရွှေ့ပြောင်းသွားရခြင်း ၏ အကြောင်းဖြစ်သည်ဟုနောက်ဆုံးတွင် ချောက်နေရာကို စွန့်ပစ်သွားခဲ့ကြသည်ဟု ယူဆကြသည်။​၁၁၃၀ တွင် စတင်သော နှစ် ၅၀ မျှသော မိုးခေါင်ရေရှားမှုကြောင့် ဖြစ်သည်။[၅]

ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ပါဝင်သော ဒေသမှာ မိုးခေါင်ရေရှားပြီး လူဦးရေကျဲပါးသော ထောင့်စွန်းလေးခု ဒေသတွင် တည်ရှိသဖြင့် ချာကိုယဉ်ကျေးမှု ဒေသမှ ထိရှလွယ်သည်။ ခရီးသွားတို့ကြောင့် ဖြစ်ပေါ်သော မြေတိုက်စားမှုကို စိုးရိမ်သဖြင့် ဖာဂျာဒါတောင်ကုန်းစောက်ကို အများပြည်သူ လည်ပတ်ခွင့် မပြုပဲ​ ပိတ်ထားခဲ့သည်။ ထိုဒေသများသည် ဟိုပီ နှင့် ပျူဘလို လူမျိုးတို့၏ မြင့်မြင်သော ဘိုးစဉ်ဘောင်ဆက် ဇာတိမြေဟု ယူဆကြပြီး ချာကိုမှ သမိုင်းဝင် ပြောင်းရွှေ့ခဲ့မှု နှင့် ထိုမြေနှင့် စိတ်ဝိဉာဉ်ဆိုင်ရာ ဆက်နွယ်မှု ရှိကြောင်း သူတို့တွင် ပါးစပ်ပြော ရာဇဝင် ရှိသည်။​[၆][၇] ထိုဥယျာဉ်အား ထိန်းသိမ်းရန် ကြိုးပမ်းခြင်းသည် ဒေသခံတို့၏ ဘာသာရေးဆိုင်ရာ ယုံကြည်မှုများ နှင့် ပဋိပက္ခဖြစ်နိုင်သော်လည်း လူမျိုးစု ကိုယ်စားလှယ်တို့သည် အမျိုးသားဥယျာဉ်ဝန်ဆောင်မှု ဌာနနှင့် နီးစပ်စွာ အလုပ်လုပ်ကြပြီး ချာကို ယဉ်ကျေးမှုနှင့် ပတ်သက်သော သူတို့၏ ဗဟုသုတနှင့် လေးစားမှုများကို ဝေမျှလေ့ ရှိကြသည်။[၆]

ထိုဒေသသည် နယူးမက္ကဆီကိုပြည်နယ်၏ ရှေးဟောင်းလမ်းကြောင်း သတ်မှတ်ထားသော ဒေသတွင် တည်ရှိပြီး နယူးမက္ကဆီကို၏ ရှုခင်းလှသော လမ်းကြောင်းတစ်ခု အဖြစ် သတ်မှတ်ထားသည်။[၈]


'

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Strutin 1994, p. 6.
  2. Fagan 2005, p. 35.
  3. Fagan 1998, pp. 177–182.
  4. Sofaer 1997.
  5. Fagan 2005, p. 198.
  6. ၆.၀ ၆.၁ National Park Service.
  7. Sofaer & Dibble 1999.
  8. Trail of the Ancients. Archived August 21, 2014, at the Wayback Machine. New Mexico Tourism Department. Retrieved August 14, 2014.