ချယ်ရီပန်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဂျပန်နိုင်ငံ ဖူကုရှီမာတောင်မှ ချယ်ရီပန်း။

ချယ်ရီပင်သည် နှင်းဆီမျိုးရင်းဝင် အပင်ဖြစ်၍ ယင်း၏ မျိုးစုအမည်မှာ ပရုနပ်ဖြစ်သည်။ ချယ်ရီအချိုမျိုး၊ အချဉ်မျိုး ဟူ၍ ၂ မျိုးရှိရာ အချိုမျိုးကို ပရုနပ်အဗီယမ်ဟူ၍ လည်း ကောင်း၊ အချဉ်မျိုးကို ပရုနပ်စီရာဆပ်ဟူ၍ လည်းကောင်း ခေါ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းရှိ တောင်ကုန်းများ၌ အချို မျိုးဖြစ်သော ပရုနပ်အဗီယမ်ချယ်ရီပင်များကို တွေ့ရတတ်သည်။

ဂျပန်နိုင်ငံ၌ ချယ်ရီပန်းများပွင့်သော နွေဦးပေါက်ချိန်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။ ချယ်ရီအချို သီးမှည့်များကို အသီးမှည့်အတိုင်း စားသုံးကြသည်။ ချယ်ရီအချဉ်သီးကိုမူ သနပ်၊ ချဉ်ရည် စသည်တို့ပြုလုပ် ရန် အသုံးချကြသည်။ ချယ်ရီသီးအရည်ကို အရက်ချက်ကြသည်။ ချယ်ရီသားဖြင့် အကောင်းစားအိမ်ထောင် ပစ္စည်းများကို ပြုလုပ်ကြသည်။ ချယ်ရီပင်၏ အခေါက်မှာ ဆေးဘက်ဝင်သည်။

မြန်မာနိုင်ငံအထက်ပိုင်း၌ ရုက္ခဗေဒအမည် ပရုနပ်ပဒ္ဒမ်ခေါ် ဟင်မားလယန် ချယ်ရီမျိုးလည်း ပေါက်သည်။ ထိုချယ်ရီပင်ကို ကချင်တို့က ပန္နု၊ ပန္နီဗျင်ဗျိုင်းဟူ၍လည်းကောင်း၊ ရှမ်းတို့က မိုင်စိုင်ဟူ၍လည်းကောင်း ခေါ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)