ချဉ်သီးပင်အောက် ချဉ်သီးရှား

ဝီကီပီးဒီးယား မှ

ချဉ်သီးပင်အောက် ချဉ်သီးရှား ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ချဉ်သီးပင်အောက်တွင် ချဉ်သီးရှားသည် ဆိုသကဲ့သို့ တစ်စုံတစ်ရာ ပေါများစွာ ထွက်ရှိသောအရပ် ဖြစ်ပါလျက် ထိုအရာ ရှားပါးနေသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "အုန်းသီးလည်း မန္တလေးက စောင့်ဝယ်တာ ကောင်းပါတယ်ဗျာ။ ဒီလာ ဝယ်ရတာ သိပ်တော့မဟန်လှပါဘူး။ ချဉ်သီးပင်အောက် ချဉ်သီးရှားဆိုတာလို အုန်းသီးထွက်တဲ့နေရာက သာရှားနေသေးတယ်။" [၁၃၁၄-ခန့်] နယ်ပိုင်။ ၁၄။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၀