ချင်း အမျိုးသားများစည်းလုံး ညီညွတ်ရေး အဖွဲ့

ဝီကီပီးဒီးယား မှ

၁၉၃၃ ခုနှစ်-မတ်လအတွင်း မင်းတပ်နယ်၊ နှော်ချောင်းတိုက်နယ်၊ မသုံနူးရွာမှာ စတင်ဖွဲ့စည်းပါတယ်။ ဗြိတိသျှ နယ်ချဲ့ ကို ချင်းအမျိုးသားများ စည်းလုံးညီညွတ်စွာ နဲ့ နိုင်ငံရေးအရ ပြန်လည်တုံ့ပြန် တိုက်ခိုက်နိုင်ဘို့ ရည်ရွယ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌ အဖြစ် ဦးဝမ်းသူးမောင် ဖြစ်ပြီး ဦးဖေလိန်းဦးအွမ်နိန်းဦးကီယိုမန်းတို့ ဦးဆောင်ခဲ့ပါတယ်။ တို့ဗမာအစည်းအရုံးကြီး နဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့ပါတယ်။ တချို့ကိုယ်တိုင် သခင် အမည် ခံယူလာကြပြီး သခင်ဝမ်းသူးမောင်၊ သခင်အောင်မင်း (ဦးဖေလိန်း)၊ သခင်အောင်ညွန့် (ဦးအွမ်နိန်း)တို့ ဖြစ်လာခဲ့ပါတယ်။ ဗြိတိသျှနယ်ချဲ့က ခမညဖ အပေါ်လဲ ဖိနှိပ် နှိပ်ကွပ်မှုတွေလုပ်ခဲ့ပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။