မာတိကာသို့ ခုန်သွားရန်

ချင်းလက်နက်ကိုင် တော်လှန်ရေးအကြောင်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်နေဝင်းမှ ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကိုသိမ်းသည့် ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုလှုပ်ရှားမှုကို စစ်လက်နက်ဖြင့် ဖြိုခွဲပြီး ဗိုလ်စောမောင်က နိုင်ငံတော်အာဏာကို ဆက်လက်သိမ်းယူသည်အထိ ချင်းလူမျိုးများသည်လည်း လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးဖွဲ့စည်းပြီး တခြားတိုင်းရင်းသားညီအကိုများနည်းတူ တော်လှန်တိုက်ပွဲ ဝင်ခဲ့ကြသည်။ ဗိုလ်နေဝင်းမှ ပါလီမန်ဒီမိုကရေစီအစိုးရကို ဖျက်သိမ်းပြီး အာဏာသိမ်းလိုက်သည့်အခါ ချင်းပါလီမန်အမတ်များနျင့် ချင်းမျိုးချစ်ပုဂ္ဂိုလ်များသည် Anti Communist Freedom Organization ကို ဖွဲ့စည်းကာ လက်နက်ကိုင် အမျိုးသားလှုပ်ရှားမှုကို စတင်ပြုလုပ်ခဲ့ကြသည်။ ဒုတိယဗိုလ်မှူးကြီး ဆွန်ခိုပေါင်၊ ဒမ်ခေါဟောက်၊ မာန်ခန့်ပေါင်၊ ဟရန်နောလ်၊ ဆွန်ကျင်လျန်နှင့် သွာလ်ဇန်တို့က ဦးဆောင်သည် ဒုတိယ ဗိုလ်မှူးကြီး ဆွန်ခိုပေါင် ဦးဆောင်မှုဖြင့် ချင်းလူငယ် ၃၀ ဦးတို့သည် ဘင်္ဂလာဒေ့ရှ်သို့ စစ်ပညာသင်ယူခဲ့ကြပြီး လက်နက်နှင့်အတူ ပြန်လည်ရောက်ရှိလာကြကာ အမျိုးသားရေးလှုပ်ရှားမှုကို ဆက်လက်ပြုလုပ်ခဲ့ ကြသည်။ ၁၉၆၄ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် Lal Bahadur Shastri သည် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းနှင့် အိန္ဒိယ-မြန်မာနယ်စမ်ရှိ ပုန်ကုန်ထကြွသူများအရေးကို ဆွေးနွေးခဲ့ကြရာ နှစ်နိုင်ငံအတွင်း ခွဲထွက်ရေးလှုပ်ရှားမှု၊ တိုင်းပြည်ပြိုကွဲစေမည့် လှုပ်ရှားမှုမှန်သမျှကို ပူးတွဲတားဆီးရန် သဘောတူခဲ့ကြသည်။ တွေ့ဆုံမှုအကျိုးဆက်အဖြစ် ဟရန်နောလ်၊ ဆွန်ခိုပေါင်၊ ဒမ်ကိုဟောက်၊ ရိုထန် နင့် အခြားမျိုးချစ် ပုဂ္ဂိုလ်တို့ကို အိန္ဒိယအစိုးရမှ ဖမ်းဆီးပြီး မြန်မာပြည်တွင်းသို့ လွဲပြောင်းပေးခဲ့ကြသည်။ ဆွန်ခိုပေါင်အား ၁၀ နှစ်၊ ဟရန်နောလ် နှင့် ဒမ်ကိုဟောက်တို့အား ၈ နှစ် အသီးသီး ထောက်ဒဏ်ချမှတ်ခဲ့ကြသည်။ သို့ဖြင့် ဆွန်ခိုပေါင်ဦးဆောင်သော ချင်းလက်နက်ကိုင်တော်လှန်ရေး မှေးမိန်သွားခဲ့သည်။ ပါလီမန်အမတ်ဟောင်း ဂျွန်မန်တလင်းနှင့် မျိုးချစ်လူငယ်တစ်တို့သည် ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်းကောင်း၊ ဝီလျှံဆာလျန်ဇမ်နှင့် မိုက်ကယ်လ် မန်ခမ်းတို့သည် ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း ထိုင်းနိုင်ငံသို့ အသီးသီးရောက်ရှိခဲ့ပြီး ချင်းဒီမိုကရေစီပါတီကို ဖွဲ့စည်းခဲ့ကြသည်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျင်မီဦးဆောင်သော ဇိုမီးချင်းလွတ်မြောက်ရေးတပ်ဦးနှင့်ဆွေးနွေးကာ နှစ်ပါတီစလုံးဖျက်သိမ်းပြီး ညီညွှတ်သော ဇိုမီး ဒီမိုကရေစီပါတီကို ထူထောင်ခဲ့ကြသည်။ ထိုခဏတွင် ဂျင်မီသည် အဖွဲ့မှ ပြန်လည်နုတ်ထွက်သွားသဖြင့် ဖေဖော်ဝါရီလ ၂၈ တွင် ချင်းဒီမိုကရေစီပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ဥက္ကဋ္ဌအဖြစ် ဂျွန်မန်တလင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဝီလျှံဆာလျန်ဇမ်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပေါင်ကျောထော၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေးဗစ်ထန်တို့က ဦးဆောင်ခဲ့ကြသည်။ မတ် ၂၅ တွင် ဒေးဗစ်ထန် နုတ်ထွက်သွားသဖြင့် ၎င်းအစား ဒေနီယဲလ်ထန်လျန်းအား ပြန် လည်အစားထိုးခဲ့ကြသည်။ ထို့နောက် ၁၉၇၂ ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့တွင် တော်လှန်ရေးရေးနယ်မြေရောက် ချင်းအမျိုးသားများ စည်းဝေးခဲ့ကြပြီး ချင်းလွတ်မြောက်ရေးတပ်မတော်ကို တည်ထောင်ရန်ဆုံးဖြတ်ခဲ့ကြကာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီဌာနချုပ် အနီးတွင် ဗိုလ်မှူးဆာလျန်ဇမ် တောင်းဆိုချက်အရ စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်မှူးဆာလျန်ဇမ်အား ဂွန်မန်တလင်းမှ လိုလိုလားလား လွဲပေးခဲ့သည်။ ၁၉၇၆ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ချင်းပြည်သို့ ချီတက်ရန် ဗိုလ်မှူးဆာလျန်ဇမ် ဦးဆောင်သော ချင်းတပ်မတော်သည် ဌာနချုပ်မှ ရှမ်းပြည်ကိုဖြတ်ပြီး ၁၉၇၇ ခုနှစ် နွေဦးတွင် ကချင်ပြည်သို့ရောက် ရှိခဲ့ကြသည်။ ထိုမှတဆင့် နာဂတောင်တန်းကို ဖြတ်ပြီး မိုးရာသီတွင် ချင်းပြည်အထိ လေသာတောင်တန်းကို ရောက်ရှိခဲ့ဩည်။ လေသာတောင်တွင် မိုးဒဏ်၊ လေဒဏ်၊ အအေးဒဏ်ကို အလူးအလိမ့်ခံခဲ့ကြ သည်။ အစားအသောက်၊ ဆေးဝါးပြတ်လပ်မှုပြသာနာ အကြီးအကျယ်ရင်ဆိုင်ခဲ့ကြသည်။ ထုတ်လှိုင်ရွာသို့ ရိက္ခာသွားယူစဉ် ရန်သူ မဆလသစ္စာခံများနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြသည်။ အခက်အခဲမျိုးစုံဖြင့်ရင်ဆိုင်ခဲ့ရသော ချင်းတပ်မတော်အင်အား(၂၀)တို့သည် ဗန်းသဲရွာတွင် မဆလထံအညံ့ခံခဲ့ကြတော့သည်။ ၎င်းတို့အား အမှုစီရင်ခြင်းမပြုပဲ တိုင်းမှူး ဗိုလ်မှူးချုပ်လှထွန်း၏ အမိန့်ဖြင့် ဗိုလ်ကြီးအေးမောင်(နအဖ ဒုတိယကာကွယ်ရးဦးစီးချုပ်ဖြစ်ခဲ့သူ)က တန်းစီရပ်ခိုင်းပြီး အားလုံးပစ်သတ်လိုက်သည်။ အဆိုပါ ချင်းတပ်မတော် အင်အား ၁၂၀ အနက် ၄၆ ဦးသည် ကလေးမြို့ထောင်သို့ အပို့ခံရပြီး (၄)ဦးသည် ဒဏ်ရာရရှိခဲ့ကြသည်။ ကျန် ၄၀ ခန့်သည် လက်နက်ချ အသတ်ခံခဲ့ကြသည်။ သို့ဖြစ် ချင်းလွတ်မြောက်ရေးတပ်မတော် ခေါ် ချင်းအမျိုးသားတပ်မတော်သည်လည်း နလံမထူနိုင်ဖြစ် တော့သည်။ ၁၉၆၆ ခုနှစ် မတ်လ(၁)ရက်နေ့တွင် မီဇိုအမျိုးသားတပ်ဦးမှ လွတ်လပ်ရေးကြေညာကာ အိန္ဒိယအစိုးရအား တရားဝင်တော်လှန်ခဲ့ကြသည်။ မီဇိုအမျိုးသားတပ်ဦးသည် အိန္ဒိယမြန်မာ နှစ်နိုင်ငံပူးတွဲစစ်ဆင် မှုကြောင့် ၁၉၆၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြရာတွင် ချင်းအမျိုးသားတချို့လည်း ပါဝင်ခဲ့ကြသည်။ အဆိုပါ ချင်းအမျိုးသားများက ဇိုမီးလွတ်မြောက်ရေးတပ်ဦးကို ဖွဲ့စည်းခဲ့ကြသည်။ ဥက္ကဋ္ဌအဖြစ် တျာလ်ခါလ်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ထောင်လွယ်၊ နိုင်ငံခြားရေးတာဝန်ခံအဖြစ် ထောင်ဆိုင်တို့မှ ဆောင်ရွက်သည်။ ၁၉၇၂ ခုနှစ်တွင် တျာလ်ခါလ် နှင့် ဆွီတလိန်းတို့သည် ကေအိုင်အေ ကချင်ထံ သို့ သွားရောက်တွေ့ဆုံခဲ့ကြပြီး ဇီုမီးတပ်အား စစ်သင်တန်းပေးရန် ဆွေးနွေးသဘောတူခဲ့ကြသည်။ သို့သော် တော်လှန်ရေးခရီးမပေါက်မြောက်ခဲ့ပေ။ ချင်းအမျိုးသားတပ်ဦးကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်တွင် ယခင် ဇိုမီးလွတ်မြောက်ရေးတပ်ဦး အား ချင်းအမျိုးသားတပ်ဦးအဖြစ် ပြောင်းလဲ မှည့်ခေါ်ခဲ့ကြသည်။ ဥက္ကဋ္ဌအဖြစ် တျာလ်ခါလ်၊ အထွေထွေအတွင်းရေးမှူးအဖြစ် မန်ခုမ်တို့ တာဝန်ယူခဲ့ကြသည်။ ၎င်းနှစ် နိုဝင်ဘာလတွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး နိုထန်ကပ်အား ကချင်လွတ်မြောက် ရေးအဖွဲ့ချုပ် ကေအိုအေနှင့်တွေ့ဆုံဆွေးနွေးရန် ထိုင်းနယ်စပ် ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူဌာနချုပ်သို့ စေလွှတ်ခဲ့ကြသည်။ သို့ဖြင့် ကချင်ခေါင်းဆောင် ဘရန်ဆိုင်းနှင့် တွေ့ဆုံခဲ့ကြပြီး ပူးတွဲ စစ်ဆင်ရေး၊ စစ်သင်တန်းပေးရေးကိစ္စ ဆွေးနွေးသဘောတူခဲ့ကြသည်။ နိုထန်ကပ်မှ တျာလ်ခါလ်ထံ ဥက္ကဋ္ဌနေရာပေးရန် တောင်းဆိုခဲ့ရာ တျာလ်ခါလ်မှ နေရာဖယ်ပေးခဲ့သည်။ ၁၉၈၈ ခုနှစ် မတ်လ မှ ဩဂုတ်လအတွင်း မြန်မာတပြည်လုံး ဒီမိုကရေစီအုံကြွမှုကြောင့် မဆလပါတီအစိုးရ အဆုံးသတ်သွားခဲ့ကြသောလည်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော် ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အမည်ဖြင့် နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ ထို့ကြောင့် ချင်းကျောင်းသားမျိုးချစ်လူငယ်များသည် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိ ရေးအတွက် တိုက်ပွဲဝင်ရန် အိန္ဒိယနိုင်ငံသို့ လမ်းကြောင်းနှစ်ခုမှ ဝင်ရောက်လာကြသည်။ အိန္ဒိယအစိုးရမှ မီဇိုရမ်ပြည်နယ် ဆိုင်ဟား နှင့် ကျန်ဖိုင်မြို့များတွင် ဒုက္ခသည်စခန်းဖွင့်လှစ်နေရာချထားပေးခဲ့ သည်။ အဆိုပါ မျိုးချစ်လူငယ်များသည် အမျိုးသားလှုပ်ရှားမှုပြုလုပ်ရန် မြန်မာနိုင်ငံ ဒီမိုကရက်တစ်တပ်ဦး (အနောက်ဘက်ခြမ်း)ကို ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်များနှင့် ဆွေး နွေးမှုပြုလုပ်ကာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် ဒီမိုကရက်တစ်တပ်ဦးအားဖျက်သိမ်းပြီး ချင်းအမျိုးသားတပ်ဦးသို့ ပူးပေါင်းခဲ့ကြသည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် တပ်ဦးအတွင်း စိတ်ဝမ်းကွဲမှုဖြစ်ပွားကာ နိုထန်ကပ်ဦးဆောင်သော အဖွဲ့နှင့် တျာလ်ခါလ်ဦးဆောင်သောအဖွဲ့ဟု နှစ်ဖွဲ့ကွဲသွားခဲ့သည်။ အများစုသည် နိုထန်ကပ်အား ထောက်ခံခဲ့ကြသည်။ တျာလ်ခါလ် ဦးဆောင်သည့်အဖွဲ့သည် ချင်းလွတ်မြောက်ရေးကောင်စီအဖြစ် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ချင်းလွတ်မြောက်ရေးကောင်စီကို ရိုဇထန်မှ ဦးဆောင်ခဲ့ပြီး ယခုအခါမှေးမိန် သွားခဲ့ပြီးဖြစ်သည်။ဥက္ကဋ္ဌ နိုထန်ကပ်သည် ပါတီးစည်းကမ်းချိုးဖောက်မှုကြောင့် ၁၉၉၂ ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့တွင် ဖယ်ရှားခြင်းခံခဲ့ရသည်။ ရော်ဂျာ ဗျက်လျန်ထန် ဦးဆောင်သော အမျိုးသားလုံခြုံရေးအရေးပေါ်ကော်မတီ က ပါတီတာဝန်အရပ်ရပ်ကို ဆက်လက်တာဝန်ယူခဲ့သည်။ ၁၉၉၃ ခုနှစ် ဇွနလ် ၉ ရက်နေ့မှစတင်ကျင်းပသော ချင်းအမျိုးသားတပ်ဦး၏ ပထမအကြိမ်ပါတီညီလာခံက ရော်ဂျာဗျက်လျန်ထန်အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် သော်မတ်ထန်နိုး အားလည်းကောင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဘင်ဂျမင် သူရိန်အားလည်းကောင်း ရွေးချယ်ခဲ့ကြသည်။ ထိုနှစ် ဩဂုတ်လတွင် ပြည်သူအတွင်းစည်းရုံးရေး ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့ပြီး စစ်ဆင် ရေးများ တစ်ခုပြီး တစ်ခု ဆင်နွဲလာခဲ့ကြသည်။ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ကျင်းပသော ပထမအကြိမ်ညီလာခံသက်တမ်း၊ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးက ဥက္ကဋ္ဌ ရော်ဂျာ ဗျက်လျန်ထန်၏ ဥက္ကဋ္ဌမှနုတ်ထွက်လွှာတင်သွင်းမှုကို အတည်ပြုပေးခဲ့ပြီး ဖွဲ့စည်းပုံအရ သော်မတ်ထန်နိုးသည် ဥက္ကဋ္ဌနေရာကို တာဝန်ယူခဲ့သည်။ ၁၉၉၇ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ ဒုတိယအကြိမ်ပါတီညီလာခံကို ဝိတိုရိယစခန်းတွင်ကျင်းပခဲ့သည်။ ဥက္ကဋ္ဌအဖြစ် သောမတ်ထန်နိုး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဇင်ကျုံး၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဘင်ဂျမန်သူရိန်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ခွါအုပ်လျန်တို့အား ရွေးချယ်ခဲ့ကြသည်။ ချင်းအမျိုးသားတပ်မတော်၏ ပထမဆုံးအကြိမ်တပ်မှူးညီလာခံကို ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဝိတိုရိယစခန်းတွင်ကျင်းပခဲ့ရာ တပ်ဦး၏ လမ်းညွှန်မှုကို ဦးထိပ်ထားကာ အမျိုးသားလွတ်မြောက်ရေးအောင်ပွဲခံသည်အထိ ဒူးမထောက်၊ လက်မမြောက်စတမ်း တိုက်ပွဲ ဝင်ရန် သန္နိဋ္ဌာန်ချမှတ်ခဲ့ကြသည်။ ချင်းအမျိုးသားတပ်ဦး၏ တတိယအကြိမ်ညီလာခံကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလအတွင်းကျင်းပရာ ဥက္ကဋ္ဌအဖြစ် သောမတ်ထန်နိုး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဇင်ကျူံး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ထန်ယဲန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါက်တာရွေခါးတို့အား ရွေးချယ်ခဲ့ကြသည်။ ၂၀၀၅ ခုနှစ်တွင် အိန္ဒိယ မြန်မာနှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေးကြောင့် ဝိတိုရိယစခန်းကျဆုံးခဲ့ပြီးနောက် ချင်းအမျိုးသား တပ်မတော်သည် အိန္ဒိယ မြန်မာနယ်စပ်တစ်လျှောက်တွင် ပြောက်ကျားစခန်းများ တည်ဆောင်ပြီး ဆက်လက်လှုပ်ရှားနေခဲ့သည်။ ချင်းအမျိုးသားတပ်ဦး၏ စတုတ္ထအကြိမ်ပါတီညီလာခံကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယ မြန်မာနယ်စပ်တနေရာတွင် ကျင်းပခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဇင်ကျူံး၊ ဥက္ကဋ္ဌ (၁)အဖြစ် ထန်နိုး၊ ဥက္ကဋ္ဌ (၂)အဖြစ် ထန်ယဲန်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပေါလ်စမစ်၊ အတွင်းရေးမှူး (၁)အဖြစ် ဒေါက်တာရွှေခါး၊ အတွင်းရေးမှူး (၂)အဖြစ် အိပ်ချ်စီ ရာလနှင်းတို့အာ ရွေးချယ်ခဲ့ကြသည်။ ချင်းအမျိုးသားတပ်ဦးသည် အမျိုးသားပြည်နယ်များကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်းတီးခွင့် ပြန်လည်ရရှိရေး ရည်မှန်းချက်ဖြင့် ယနေ့အထိ တော်လှန်တိုက်ပွဲဝင်နေဆဲဖြစ်သည်။ ချင်းလူမျိုးများသည် ပင်လုံစာချုပ်အားဖြင့် ၁၉၄၈ ခုနှစ်တွင် နယ်ချဲ့ ဗြိတိသျှလက်အောက်မှ လွတ်မြောက်ခဲ့ကြသောလည်း ဗမာလူကြီးဝါဒီတစု၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ပြန်သော​ကြောင့် စစ်ရေး၊ နိုင်ငံရေးနည်းလမ်းများဖြင့် တော်လှန်တိုက်ပွဲများ ဆက်လက်ဝင်ခဲ့ကြသည်။

ချင်းပြည်နယ်ရှိ လက်နက်ကိုင် တော်လှန်ရေး များအကြောင်း၊[]

ချင်းအမျိုးသားတပ်ဦး CNF(Chin National Front) သမိုင်းအကျဉ်း

တည်ထောင်သည့်ရက်စွဲ – ၁၉၈၈ ခုနှစ်၊ မတ် ၂၀ ရက်။

ဌာနချုပ်                       –  ဗစ်တိုးရီးယားစခန်း၊ ထန်တလန်မြို့နယ်၊ ချင်းပြည်နယ်။

လှုပ်ရှားဒေသ               – ထန်တလန်မြို့နယ်၊ တလန်ပိကျေးရွာအုပ်စု၊ ဒေါင်းကျေးရွာအုပ်စု၊ ဇန်တလန် ကျေးရွာအုပ်စုတို့တွင် လှုပ်ရှားလျက်ရှိသည်။

ခန့်မှန်းအင်အား            – ၅၀၀၀ နှင့် အထက်။

ခေါင်းဆောင် များ          

  1. ပူးဇင်ကျုံး(ဥက္ကဋ္ဌ)
  2. ပူးထန်နိန်ကီး(ဒုတိယဥက္ကဋ္ဌ-၁)
  3. ဒေါက်တာ လျန်မှုန်းဆာခေါင်း (ဒုတိယဥက္ကဋ္ဌ-၂)
  4. ဒေါက်တာရွှေခါးရ်(ဒုတိယဥက္ကဋ္ဌ-၃)

ချင်းလူမျိုးများ၏ ကိုယ်ပိုင်အခွင့်အရေးများ ရရှိရန်နှင့် မြန်မာနိုင်ငံတွင် လွတ်လပ်သောဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ထောင်နိုင်ရန် ချင်းအမျိုးသားတပ်ဦး(CNF)ကို ၁၉၈၈ခုနှစ် မတ်၂၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ CNF ၏ စစ်ရေးလက်တံသည် ချင်းအမျိုးသားတပ်မတော် (CNF/A) ဖြစ်သည်။

ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စာချုပ်များ ချုပ်ဆိုပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) စာချုပ်ကို လက်မှတ်ထိုးပြီး NCA မှတဆင့် အကောင်အထည်ဖော်သည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် ဆွေးနွေးမှုအဆင့်ဆင့်တို့တွင်လည်း တတ်တတ်ကြွကြွပါဝင်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

CNF/A သည် ၂၀၂၀ ခုနှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အချို့ ၊ ၎င်း၏ မိတ်ဖက် တပ်ဖွဲ့ ၁၃ ဖွဲ့ တို့နှင့် ပူးပေါင်းကာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်ကို ရေးဆွဲပြီး ချင်းပြည်ကောင်စီ Chinland Council (CC) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြန်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ချင်းပြည်ကောင်စီ (CC)က  စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ၎င်း၏ အောက်တွင် ကာကွယ်ရေးဌာနတခုဖွဲ့စည်းပြီး ထိုထဲတွင် CNF /A နှင့် ၎င်း၏ မိတ်ဘက် တပ်ဖွဲ့ ၁၃ ဖွဲ့ ပါဝင်သည်။ CC ၏ ကာကွယ်ရေးဌာန ပေါ်ပေါက်လာပြီးနောက် ယခင် စစ်ရေးပူးပေါင်းဆောင်ရွက်သည့်ကော်မတီဖြစ်သည့် ချင်းပြည်ကာကွယ်ရေးပူးပေါင်းကော်မတီ (CJDC)ကိုလည်း ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁၆ရက်နေ့တွင်  ဖျက်သိမ်းခဲ့သည်။

ဇိုမီးတော်လှန်ရေးတပ်မတော် ( Zomi Revolutionary Army)(ZRA)

တည်ထောင်သည့်ရက်စွဲ – ၁၉၉၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်။

ဌာနချုပ်                       –  Muvanlai စခန်း

လှုပ်ရှားဒေသ               – မဏိပူရပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်၏ နယ်နမိတ်ဒေသများနှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် နယ်နိမိတ် တို့ဖြစ်သည်။

ခန့်မှန်းအင်အား            – ၁၀၀၀၀ နှင့် အထက်။

             

ဇိုမီးပြန်လည်ပေါင်းစည်းရေးအဖွဲ့၊ Zomi Re-Unification Organization (ZRO) ခေါင်းဆောင်များ (၁၉၉၈ ခုနှစ်)

  1. ဥက္ကဋ္ဌ Pu Thang Lian Pau Guite
  2. ဒုဥက္ကဋ္ဌ- Pu Hang Sian Thang
  3. အတွင်းရေးမှူးချုပ်- Pu D. Kam Suan Thang
  4. ဘဏ္ဍာရေးအတွင်းရေးမှူး- Pu Kenneth Muana
  5. ကာကွယ်ရေးဝန်ကြီး- Pu D. Kam Suan Thang
  6. ပြည်ထဲရေးအတွင်းဝန်- Pu L. Kam Za Thang
  7. ပြင်ပ (နိုင်ငံခြား) အတွင်းရေးမှူး- Pu Thang Suan Mang (Steven Suan Mang Guite)
  8. I & PR အတွင်းရေးမှူး- Pu Gin Pian Khup (Zo Khup)
  9. ဘဏ္ဍာရေးမှူး- SB Vum Lian Thang
  10. နာယက- Pu Khai Za Song Guite ဖြစ်ကြသည်။

ဇိုမီးတော်လှန်ရေးတပ်မတော်၏ မိခင်အဖွဲ့အစည်းဖြစ်သော ဇိုမီးတော်လှန်ရေးအဖွဲ့ကို ၁၉၉၃ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံ ၈၈၈၈ အရေးခင်းကနေ ဖြစ်ပေါ်လာသော ဇိုဟိတ်ဆား Zoheisa ယူနစ်အဖွဲ့ဝင်များပေါ်ပေါက်လာပြီး ပူးပေါင်း ပါဝင်လာကြသည်။

1. Pu Gin Pian Khup (Zo Khup) (Mandalay University) (လက်ရှိနေထိုင်ရာ – USA) – မူဝါဒရေးရာ၊

2. Steven Suan Mang (Mandalay Institute of Technology – MIT) (လက်ရှိနေထိုင်ရာ – USA) – ပြည်ပရေးရာ၊

3. Pu Vung Lian Mang (Daniel V Mangpi) (Yangon Institute of Technology – YIT) (လက်ရှိနေထိုင်ရာ – USA) – UG Operation

4. Pu Kham Min Thang (Minhang) (Mandalay University) (လက်ရှိနေထိုင်ရာ -ကျီးခါးမြို့-ZPCC ဥက္ကဋ္ဌ/ZRA-E Commander) – ပြည်သူ့လုံခြုံရေး၊

5. Pu Kim Khan Dal (Dalawng) (လက်ရှိနေထိုင်ရာ – Dalkhai, Zogam) – ပြည်တွင်း၊

6. Pu Thomas On Sian Mung (Thomas Mung Guite) (Yangon University) (လက်ရှိနေထိုင်ရာ– USA) – ပြည်သူ့လုံခြုံရေး၊

များဖြစ်ကြသည်။

ဇိုမီးတော်လှန်ရေးတပ်မတော် ZRO/ZRA သည် မဏိပူရပြည်နယ်ရှိ ချူရာချန်ပါခရိုင်၏ အဓိက ဧရိယာများ၊ မဏိပူရပြည်နယ်ရှိ အခြားခရိုင်များ တွင် အဓိကလှုပ်ရှားသည်။ အရေးပါသော လှုပ်ရှားဧရိယာများတွင် မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်၏ နယ်နမိတ်ဒေသများနှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် နယ်နိမိတ် တို့ဖြစ်သည်။

ZPCC/ZRAEC ၏သမိုင်းအကျဉ်း

တည်ထောင်သည့်ရက်စွဲ – ၂၀၁၃ ခုနှစ်၊ မတ် ၀၀ရက်။

ဌာနချုပ်                       – ဧလိယစခန်း တွန်းဇံမြို့နယ်၊ ချင်းပြည်နယ်။

လှုပ်ရှားဒေသ               – တီးတိန်ခရိုင် နှင့် ကလေးကဘော် ဒေသ လှုပ်ရှားလျက်ရှိသည်။

ခန့်မှန်းအင်အား            – ၁၀၀၀ နှင့် အထက်။

ခေါင်းဆောင်များ၊

  1. Col. Mason Zothang, C-in-C, ZRA(EC)
  2. Pu Taang Khup, Convenor, ZIC2019KL
  3. Pu KC Khup, Organizer, ZNCM
  4. Pu Moses Kim Tuang, In-charge, ZSYO
  5. Pu Deric Kam, Campaign Manager, NLD, Tedim
  6. Pu Kaleb Lian, MD, ArYoneOo (NGO)
  7. Maj. Addy Mang, Field Commander, ZRA(EC) : Member

ဇိုမီး လူမျိုးများ၏ ဇိုမီး ပြည်နယ် & ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိနိုင်ရန်နှင့် မြန်မာနိုင်ငံတွင် လွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ထောင်နိုင်ရန် ဇိုမီးတော်လှန်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်

Zomi Revolutionary Army Eastern Command (ZRAEC) ကို ၂၀၁၃ ခုနှစ် လ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ZPCC ၏ စစ်ရေးလက်တံသည် ဇိုမီးတော်လှန်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(Zomi Revolutionary Army Eastern Command)(ZRAEC) ဖြစ်သည်။

ဖေဖဝါရီလ ၁၇-၁၉/၂၀၁၉ ဇိုမီး နိုင်ငံတကာ အစည်းအဝေး (Zomi International Conference -ZIC ) ကွာလာလမ်ပူမြို့, မလေးရှားတွင် ကျင်းပပြီး၊ ဇိုမီးတော်လှန်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (Zomi Revolutionary Army Eastern Command (ZRAEC) ကို မြန်မာနိုင်ငံရှိ ဇိုမီးများ ကာကွယ် စောင့်ရှောက်ရန်၊

၁။ ဇိုမီးပြန်လည်ပေါင်းစည်းရေးအဖွဲ့ Zomi Re-Unification Organization (ZRO)၊

၂။ ဇိုမီးအမျိုးသားကွန်ဂရက် (ZNC)

၃။ ဇိုမီးလူ့အခွင့်အရေးဖောင်ဒေးရှင်း (ZHRF)၊

၄။ ဇိုမီး ကျောင်းသားနှင့် လူငယ်များအဖွဲ့ (ZSYO)၊

၅။ ဇိုမီးအမျိုးသမီးအစည်းအရုံး (ZWU)၊

၆။ ဇိုမီးဒုက္ခသည်ကော်မတီ (ZRC)၊

၇။ ဇိုမီးသတင်းပြန်ကြားရေးဌာန (ZIC)

၈။ ကမ္ဘာ့ ဇိုမီး မိသားစု Leitungbup Zomi Innkuan (LZI)

၉။ ကမ္ဘာ့ ဇိုမီးကွန်ဂရက် (WZC) တို့နှင့် ပူးပေါင်း

အသိအမှတ် ပြုခဲ့ကြသည်။

ဇိုမီး နိုင်ငံတကာ အစည်းအဝေး (Zomi International Conference -ZIC ) ကွာလာလမ်ပူမြို့, မလေးရှားတွင် ကျင်းပခဲ့တဲ့ ရည်ရွယ်ချက် ဖြစ်သော ဇိုမီးများအတွက် စည်းလုံးညီညွတ်မှု၊သာယာဝပြောမှုနှင့် ဇိုဂမ် ဒေသ ရပ်ရွာ၏ လက်ရှိလိုအပ်ချက်များနှင့် အနာဂတ်လမ်းညွှန်ချက်များကို ဖြေရှင်းရန်အတွက် အဓိက ရေးဆွဲထားသော ဇိုမီး ပဋိညာဉ် (Zogam Charter ) ကို စက်တင်ဘာ ၁၈/၂၀၂၁ တွင် ထုတ်ဝေနိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ အတွင်းလှုပ်ရှားကြသော ဇိုမီးတော်လှန်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (Zomi Revolutionary Army Eastern Command (ZRAEC) နှင့် လက်တွဲရန် ဇိုမီး နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (ZPCC)/ Zomi Political Coordination Council (ZPCC ) ကို မေလ  ၂၈/၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြသည်။

ဇိုမီးလူမျိုးများအား ယာယီအုပ်ချုပ်မှု အတွက် ၂၀၂၅ ခုနှစ် တွင် ပြန်လည် ဖွဲ့စည်းခဲ့သည်။

Zomi Political Coordination Council (ZPCC)

ZPCC Executive Committee 2025

Executive Officers

1. Executive Director :

2. Director of Zogam Administration :

3. Director of Defense :

4. Director of Judiciary Affairs :

5. Director of Finance :

6. Director of Homeland Security :

7. Director of Legislative Affairs :

8. Director of Federal Affairs :

9. Director of Public Relation :

10. Director of Women Affairs :

11. Director of Religious Affairs :

12. Director of Education/Development :

13. Director of Info. & Media :

14. Director of ZNV :

15. Treasurer-1 :

16. Treasurer-2 :

17. Accountant-1 :

18. Accountant-2 :

19. Secretary-1 :

20. Secretary-2 :

21. Secretary-3 :

Associate Officers

22. Dy. Director of Finance -

23. Dy. Director of Homeland Security -

24. Dy. Director of Legislative Affairs -

25. Dy. Director of Federal Affairs -

26. Dy. Director of Public Relation -

27. Dy. Director of Women Affairs -

28. Dy. Director of Religious Affairs -

29. Dy. Director of Education/Development -

30. Dy. Director of Info. & Media –

31. Dy. Director of Info. & Media –

32. Dy. Director of Info. & Media –

33. Dy. Director of ZNV ...

ဇိုဂမ် ကြားကာလ ဒေသန္တရ စီမံခန့်ခွဲရေးကော်မတီ (Zogam Vaihawm Pawl (ZVP) ကို လဲ ဇူလိုင်လ  ၁၃/၂၀၂၅ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့သည်။

ကျေးလက်ဒေသများကို ကိုယ်စားပြုသည့်  ဇိုဂမ် ကြားကာလ ဒေသန္တရ စီမံခန့်ခွဲရေးကော်မတီ (ZVP) ကို  ဇိုမီး နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (ZPCC) /ZRAEC ကစိတ်အားထက်သန်စွာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အပေါ် စုပေါင်းလုပ်ဆောင်ကြခြင်းဖြင့် အပြန်အလှန် ပံ့ပိုးကူညီရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြု ခဲ့ကြသည်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council – ICNCC) ဖြစ်ပေါ်လာခြင်း၊

ချင်းအမျိုးသားတပ်ဦး (CNF/A) ဦးဆောင်၍ မြို့နယ်အလိုက် အဖွဲ့အစည်းတွေ မျိုးနွယ်စုအလိုက် အဖွဲ့အစည်းတွေ ခေါ်မလား၊ စတင် ဖွဲ့စည်းဖို့ CSO အဖွဲ့၊ MP (လွှတ်တော်ကိုယ်စားလှယ်) အစုအဖွဲ့၊ နိုင်ငံရေး ပါတီ၊ တွေကို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council – ICNCC) ကို ချင်းပြည်နယ်နှင့် လူမျိုးကိုယ်စား နိုင်ငံရေး ဆိုင်ရာ လုပ်ငန်းများကို ဦးစီး ဆောင်ရွက်ရန် အတွက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ Chinland Joint Defense Committee (CJDC ) ဖြစ်ပေါ်လာခြင်း၊

Chinland Joint Defense Committee (CJDC) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ချင်းအမျိုးသားတပ်ဦး(CNF/A)က မြို့နယ်/ဒေသ/မျိုးစု အလိုက် လက်နက်တပ်ဆင်ပြီး ထောက်ပံ့ ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်များဖြစ်ကြသည့်

  1. CDF-Tonzang
  2. ZFU/PDF-Zoland
  3. CNO/CNDF
  4. CDF-Hakha
  5. CDF-Thantlang
  6. CDF-Matupi
  7. CDF-Mindat
  8. CDF-Kanpetlet
  9. CDF-Paletwa
  10. CDF-KKG
  11. CDF-Dai
  12. CDF-Zotung
  13. MPC/CDF-Mara
  14. CDF-Lautu
  15. CDF-Zophei
  16. CDF-Hualngoram နှင့် ချင်းအမျိုးသားတပ်ဦး (CNF/A) တို့က ဖွဲ့စည်းခဲ့သည်။

သို့သော် CNF/A ဦးဆောင်သော Chinland Joint Defense Committee (CJDC )တွင်မပါဝင်သည့် မြို့နယ်ကိုယ်စားပြုနှင့် ကာကွယ်ရေး အဖွဲ့အချို့ ရှိနေပြီး နိုင်ငံရေးအရ အမြင်ကွဲလွဲ သောကြောင့် ဇိုမီး အမျိုးသား တပ်မတော်(ZPCC/ZRAEC)ကို စစ်ကောင်စီ နှင့်ပူးပေါင်းသည်ဟု စွပ်စွဲသော်၎င်း၊ အိန္ဒိယ ဘက်က လာသော ZRO/A ဟုသော်၎င်း အမျိုးမျိုး စွပ်စွဲကာ ဘုံရန်သူဟု ထုတ်ပြန်ထားပါသည်။

CJDC သည် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လူ ၊ လက်နက် ၊ ထောက်ပို့များကို တနေရာတွင် စုစည်းထားနိုင်ခဲ့ချိန်က ကလေး – ဖလမ်း -ဟားခါးနှင့် သီးမြစ် တို့တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲကြီးများကို အောင်မြင်စွာ တိုက်နိုင်ခဲ့သော်လည်း မြို့သိမ်းပွဲ မဆင်နွဲနိုင်ခဲ့ပါ ချင်းညီနောင်များကသာ မတူပီးမြို့ နှင့် ဖလမ်းမြို့တွင် မြို့သိမ်းပွဲ အောင်မြင် လာကြသည်။

ချင်းအမျိုးသားတပ်မတော် အပါအဝင် အဖွဲ့ဝင် ၁၈ ဖွဲ့ရှိသည့် ပူးပေါင်းကာကွယ်ရေး ကော်မတီတွင် သုံးနှစ်တာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်နက် ၁၀၀ ထောက်ပံ့ခဲ့ပြီး ယင်းလက်နက်များကို အဖွဲ့ဝင်များအတွင်း ခွဲဝေခြင်းကစ၍ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှု အားနည်းလာကာ ကော်မတီကို ယာယီရပ်နားကြရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း CNF/A ကဆိုသည်။

ချင်းပြည်နယ်၌ ဖက်ဒရယ် ဒီမိုကရေစီနှင့် ချင်းပြည်နယ် လူမျိုးများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် စစ်ရေးဆိုင်ရာတွင် ပူးပေါင်ဆောင်ရွက်ရန် ဖွဲ့စည်းထားသော ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို သတ္တမအကြိမ်အစည်းအဝေး ဒီဇင်ဘာလ ၁၆/၂၀၂၃ တွင် ချင်းအမျိုးသားတပ်ဦး(CNF/A) ကဖျက်သိမ်းခဲ့သည်။

ချင်းညီနောင် (CB ) ပေါ်ပေါက်လာခြင်း၊

CNFသည် ချင်းပြည်နယ်တွင် နိုင်ငံရေးကိစ္စရပ်များ ဦးဆောင်ဦးရွက်ပြုရန် ဖွဲ့စည်းထားသော ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။

ထို့နောက် ချင်းခုခံတော်လှန်ရေးတပ်များက အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် ချင်းလက်နက်ကိုင် ၁၈ဖွဲ့ ပါဝင်သည့် ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC)ကို ၂၀၂၁ခုနှစ် စက်တင်ဘာ ၃၀တွင် ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီတွင် CNFက အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။

ကနဦးတွင် CJDC အတွင်း ချင်းပြည်နယ်တခုလုံးမှ တော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ ပါဝင်ခဲ့သည်။ သို့သော် CNF ၏ ဦးဆောင်နိုင်မှု ၊ စည်းရုံးနိုင်မှု နှင့် အာနာဖြင့်အုပ်ချုပ် အားနည်းချက်များကြောင့် CJDC မဟာမိတ်စုဖွဲ့သည် ၂၀၂၃ ခုနှစ်အတွင်း နှစ်ခြမ်းကွဲသွားစေရန် အက်ကြောင်းစဖြစ်လာခဲ့သည်။

ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ် ၊ ကန်ပက်လက် ၊ မတူပီ မြို့နယ်တို့တွင် လှုပ်ရှားသည့် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၆ဖွဲ့က CNF နှင့် ဆက်မပူးပေါင်းပဲ သီးခြားမဟာမိတ် တပ်ဖွဲ့အဖြစ် ချင်းညီနောင်(CB) ကို တည်ထောင်ခဲ့သည်။ CB သည် အာရက္ခတပ်တော် (AA) နှင့် မဟာမိတ် ဖြစ်လာသည်။

စစ်ရေးနှင့် မဟာမိတ်စုဖွဲ့မှု သဘောထားများ ကွဲပြားပြီးနောက် CC နှင့် CB သည် စစ်ရေးအရ ပဋိပက္ခများဖြစ်ပွားနေဆဲဖြစ်သည်။ နိုင်ငံရေးနှင့် နယ်မြေစိုးမိုးနိုင်မှုတို့တွင်လည်း ထိုမဟာမိတ် အစုအဖွဲ့နှစ်ခုသည် အားပြိုင်လျက်ရှိသည်။

ချင်းပြည်နှင့် ချင်းအမျိုးသားရေး၌ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက်

  1. ဇိုမီးဖက်ဒရယ် အစည်းအရုံး (Zomi Federal Union)
  2. ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization)
  3. ချင်းအမျိုးသားကောင်စီ - မင်းတပ် (Chin National Council – Mindat) တို့ ပူးပေါင်းကာ "ချင်းညီနောင်" အဖွဲ့ ဖွဲ့စည်းကြောင်း ဒီဇင်ဘာ ၃၀/၂၀၂၃ ရက်က ကြေညာလိုက်သည်။

၎င်းတို့သည် ချင်းပြည်နယ်နှင့် ချင်းတစ်မျိုးသားလုံးဆိုင်ရာကိစ္စရပ်များ၌ ဘုံသဘောတူညီချက်ဖြင့် ပူးပေါင်းပါဝင်ကြမည်ဟု ထုတ်ပြန်ထားကာ ၎င်းတို့၏ ဘုံသဘောတူညီချက်ဖြင့် ကိုက်ညီသည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့်လည်း ချင်းပြည်အရေးသာမက ပြည်ထောင်စုအရေးကိစ္စများ၌ပါ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မည်ဟု ကြေညာချက်၌ ပါရှိသည်။

ချင်းလဲန်း ကောင်စီ ChinLand Council (CC) ဖြစ်ပေါ်လာခြင်း၊

ချင်းအမျိုးသား တပ်ဦး (CNF/A) ဦဆောင်၍ တော်လှန်ရေးကာလ ချင်းပြည်နယ် ကို ဦးဆောင်မည့် ချင်းပြည်နယ် အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၄ ခုဖြင့် ဖေဖော်ဝါရီလ ၀၁/၂၀၂၃ ရက်နေ့က ချင်းလဲန်းကောင်စီဟု ဖွဲ့စည်းခဲ့သည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော် ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်ဒေအခြေပြု ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးကော်မတီများပူးပေါင်းပြီး ချင်းလဲန်း ကောင်စီ(CC)ကို ဖွဲ့စည်းခဲ့ပြီးနောက် ဖွဲ့စည်းပုံအရ ချင်းလဲန်းအစိုးရ ဖွဲ့စည်း၍ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် တပ်တခုတည်းဖြစ်ရေး တည်ဆောက်သွားရန် ပြဋ္ဌာန်းထားခဲ့သည်။

ချင်းလဲန်း ကောင်စီ Chinland Council (CC) တွင် ချင်းအမျိုးသား တပ်ဦး (CNF/A) နှင့်ပူးပေါင်သော အဖွဲ့များနှင့်သာ ဖွဲ့စည်ထားပါသည်၊ ယင်း ချင်းလဲန်း ကောင်စီ Chinland Council (CC) တွင် ချင်းညီနောင် (CB) နှင့် ဇိုမီး နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (ZPCC) တို့ပါဝင်မူ မရှိသောကြောင်း ချင်းပြည်နယ် ကိုယ်စားပြု မဖြစ်နိုင်သေးချေ၊ ထို့ကြောင့် ချင်းပြည်နယ် တပြည်နယ်လုံး ပါဝင်နိုင်သော ချင်းပြည်နယ် အစိုးရကို လိုအပ်လာပါသည်။

Chin National Council (CNC) ပေါ်ပေါက်လာခြင်း၊

ချင်းပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့ များဖြစ်ကြသော၊

၁။ ချင်းလဲန်း ကောင်စီ(CC)

၂။ ချင်းညီနောင် (CB)

၃။ ဇိုမီး နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (ZPCC)

ချင်းပြည်နယ်မှာ သ‌ဘောထားကွဲလွဲမှုရှိခဲ့ကြတဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ ချင်းလဲန်း ကောင်စီ (CC) တို့က ချင်းအမျိုးသားကောင်စီအဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ ဒီလ ဖေဖဝါရီလ ၂၆/၂၀၂၅ ရက်နေ့မှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ချင်းပြည်နယ်ရှိ ချင်းညီနောင် (CB)နှင့် ဇိုမီး နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (ZPCC/ZRAEC) အဖွဲ့များ ပါဝင်လာခြင်း မရှိခဲ့ပါ၊ ယခုချိန်အထိ ချင်းပြည်အစိုးရဟု ခေါ်ကြသော်လည်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ ချင်းလဲန်း ကောင်စီ (CC) တို့က ချင်းအမျိုးသားကောင်စီ တို့သာပါဝင်ကြသည်။

အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှုအောက်မှာ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားမယ်ဟု ယူဆတဲ့အတွက်ကြောင့်၊ CNO/CNDF သည် ချင်းအမျိုးသား ကောင်စီ(CNC) တွင်မပါဝင်ခဲ့ပါဟု ပီတာထန်က ပြောသည်။

  1. Zomi news သတင်းနှင့် ထုတ်ပြန်ချက်