ချက်ဝေါ့သ် စံအိမ်

ဝီကီပီးဒီးယား မှ
ဒါဝန့်မြစ်ကို ဖြတ်၍ မြင်ရသော ချက်ဝေါ့သ် စံအိမ်။ အထက်တွင် အမဲလိုက် မျှော်စင်ကို တွေ့နိုင်သည်။

ချက်ဝေါ့သ်စံအိမ် (Chatsworth House) သည် အင်္ဂလန်နိုင်ငံ မြောက်ဒါဘီရှိုင်းယား တွင် တည်ရှိပြီး ဘိတ်ဝဲလ်မြို့ ၏ အရှေ့မြောက်ဘက် ၃.၅မိုင် အကွာ နှင့် ချက်စတာဖီးမြို့၏ အနောက်ဘက် ၉ မိုင် အကွာတွင် တည်ရှိသည်။ ဒီဗွန်ရှိုင်းယားနယ်စား၏ ရုံးထိုင်ရာ နေရာဖြစ်ပြီး သူ၏မိသားစုဖြစ်သော ကာဗန်ဒစ်ချ် မိသားစု၏ နေအိမ်လည်းဖြစ်သည်။ ၁၅၄၉ ခုနှစ် ကတည်းက စတင်တည်ဆောက်ခဲ့သည်။

ဒါးဝန့်မြစ်၏ အရှေ့ဘက် ကမ်းပါးပေါ်တွင် တည်ရှိသော ချက်ဝေါ့သ်စံအိမ်သည် ဒါဝန့်တောင်ကြားနှင့် ဝိုင်း(Wye ) တောင်ကြားကို ပိုင်းခြားထားသော တောင်ကုန်းနိမ့်များ အပေါ်မှ စီးမိုးလျက် ရှိသည်။ အလွန်ကျယ်ပြန့်သော ဥယျာဉ်မြေပေါ်တွင် တည်ရှိပြီး အနောက်ဘက်တွင် သစ်တော နှင့် ကျောက်တုံးထူထပ်သော တောင်ကုန်းများရှိသည်။ တန်ဖိုးမဖြတ်နိုင်သော ပန်းချီကားများ၊ ပရိဘောဂများ၊ ၁၈၀၀ ခုနှစ် မတိုင်မီက ပန်းချီလက်ရာများ၊ နီယိုကလပ်စစ်ကယ် ပန်းပုရုပ်များ၊ စာအုပ်များ နှင့် အခြားလက်မှုပစ္စည်းများကို စုစည်းထားရာ နေရာဖြစ်သည်။ ချက်ဝေါ့သ်သည် ယူနိုက်တက်ကင်းဒမ်း၏ နှစ်သက်စရာ အကောင်းဆုံး ကျေးလက်နေအိမ် အဖြစ် အကြိမ်ကြိမ် ရွေးချယ်ခြင်း ခံခဲ့ရသည်။