ချက်ဆို နားခွက်က မီးတောက်

ဝီကီပီးဒီးယား မှ

ချက်ဆို နားခွက်က မီးတောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

သေနတ်မောင်းခလုတ်ကို ချက်ခနဲ ဖြုတ်လိုက်သည်နှင့် တပြိုင်နက် နားခွက်မှ မီးပွင့်သကဲ့သို့ အရိပ်အခြည်ကို မြင်သည်နှင့် တပြိုင်နက် ချက်ချင်းသဘောပေါက်သည်။

ဝေါဟာရအနက်ဖွင့်ဆိုချက်[ပြင်ဆင်ရန်]

နားခွက်= ရှေးခေတ်မီးပေါက်သေနတ်တွင် ယမ်းထည့်ရသည့်ခွက်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ချက်ဆိုလျှင် နားခွက်က မီးတောက်အောင် ကျင်လည်စွာ လုပ်ကိုင် ကူညီနိုင်သူကလေးပီပီ၊" [၁၃၀၃] မြဝင်း။ ၁၉၈။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၉