ခဲဆိပ်သင့်ခြင်း

ဝီကီပီးဒီးယား မှ
ခဲဆိပ်သင့်နေပုံအား X-ray ဖြင့် မြင်ရပုံ

ခဲဆိပ်သည် လူကိုဘေးဥပတ်ဖြစ်စေသည်။ များလျှင် လူကိုချက်ချင်းသေစေနိုင်သည်။ ခဲဆိပ်သည် အစာထဲတွင်လည်းကောင်း၊ သောက်သောအရည်များထဲတွင် လည်းကောင်း၊ မသန်မရှင်းသော အညစ်အကြေးများတွင်လည်းကောင်း၊ ဆိုးဆေးပါသော အစားအသောက်များတွင်လည်းကောင်း၊ ပင်လယ်စာများတွင်လည်းကောင်း ပါဝင်နိုင်သည်။ လူတစ်ယောက်တွင် ခဲဆိပ်သင့်ခြင်းသည် ပထမတွင်သိပ်မသိသာ သော်ငြားလည်း ကာလာလျှင် ကျန်းမာရေး ထိခိုက်လာနိုင်ပြီး တဖြေးဖြေး သေခြင်းနှင့် ရင်ဆိုင်ရနိုင်ဘွယ်ရှိလေသည်။