ခေါင်းအုံး
ခေါင်းအုံး ကို အိပ်စက်ရာတွင် အသုံးပြုကြသည်။ ထို့ပြင် လဲလျောင်းရာတွင်လည်းကောင်း၊ ထိုင်ရာတွင်လည်းကောင်း ဦးခေါင်း၊ လည်ပင်း နှင့် အခြားအသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို သက်သာစေရန် အသုံးပြုကြသည်။ ခေါင်းအုံးများကို အလှဆင်ရာတွင်လည်း အသုံးပြုကြသည်။ အိပ်ရာများ၊ ဆိုဖာထိုင်ခံများ၊ ကုလားထိုင်များ စသည့် ဆိုဖာခုံကူရှင်များတွင် အသုံးပြုကြသည်။[၁][၂]
မျက်မှောက်ခေတ်ကာလ ခေါင်းအုံးများတွင် ခေါင်းအုံးစွပ်များကို အသုံးပြုလာကြသည်။ အခြားသောနေရာများတွင် ခေါင်းအုံးများကို သစ်သား သို့မဟုတ် ကျောက်တုံးများ ဖြင့် ပြုလုပ်ကြသည်။ အိပ်ခန်းရှိ ခေါင်းအုံးများသည် အဝတ်စဖြင့် ပြုလုပ်ထားသည့် အစွပ်များဖြင့် စွပ်ထားကြသည်။ ဧည့်ခန်းများတွင်လည်း ခေါင်းအုံးများကို အသုံးပြုကြသည်။
သမိုင်း[ပြင်ဆင်ရန်]
ခေါင်းအုံးကို ပထမဆုံးအသုံးပြုခဲ့ကြသည့် လူသားတို့သည် ၇၀၀၀ ဘီစီ အစောပိုင်းကတည်းက အသုံးပြုခဲ့ကြသည်။ ထိုကာလများတွင် ချမ်းသာစေရန်အတွက်သာ ခေါင်းအုံးများကို အသုံးပြုခဲ့ကြသည်။[၃]
အမျိုးအစားများ[ပြင်ဆင်ရန်]
ခေါင်းအုံးသည် ခန္ဓာကိုယ်နှင့် ဦးခေါင်းတို့ကို သက်သောက်သက်သာရှိစေရန် ထောက်ပံ့ပေးရန် ပုံစံရေးဆွဲကြသည်။ ခေါင်းအုံးပုံစံများတွင် အဓိကအားဖြင့် အမျိုးအစား သုံးခု ရှိသည်။ ၎င်းတို့မှာ အိပ်ရာများတွင် အသုံးပြုသည့် ခေါင်းအုံး၊ အရိုးကိုကာကွယ်ပေးသည့် ခေါင်းအုံး နှင့် အလှဆင်ရာတွင် အသုံးပြုသည့် ခေါင်းအုံးတို့ ဖြစ်ကြသည်။ အိပ်ရာများတွင် အသုံးပြုသည့် ခေါင်းအုံး၏ အရွယ်အစားသည် အိပ်ရာ၏ အရွယ်အစားပေါ်တွင် မူတည်ကာ သင့်လျော်သည့် အရွယ်အစားဖြစ်အောင် လုပ်ကြသည်။ ပုံမှန်အရွယ်အစားထက်ကြီးမားသည့် ခေါင်းအုံးများသည် queen နှင့် king အရွယ်အစား (size) ခေါင်းအုံးများ ဖြစ်ကြသည်။
အိပ်စက်သည့် ပုံစံပေါ်မူတည်ကာ ခေါင်းအုံးများကို ရွေးချယ်သင့်သည်။ မျက်နှာကို ခေါင်းအုံးနှင့်အပ်ကာ မှောက်ခုံအိပ်တတ်သူများသည် ပါး၍ နူးညံ့သည့် ခေါင်းအုံးများကို ရွေးချယ်သင့်သည်။ ပက်လက်အနေအထားဖြင့် အိပ်စက်သူများသည် အလယ်အလတ် အထောက်အပံ့ပေးနိုင်သည့် ခေါင်းအုံးများကို ရွေးချယ်သင့်သည်။ ဘေးစောင်းအိပ်တတ်သူများသည် ထူထဲ၍ မာသော ခေါင်းအုံးများဖြင့် အိပ်စက်သင့်သည်။[၄]
အိပ်ရာ[ပြင်ဆင်ရန်]
အိပ်ရာများတွင် အသုံးပြုသည့် ခေါင်းအုံးများသည် များသောအားဖြင့် ထောင့်မှန်စတုဂံ သို့မဟုတ် စတုရန်း ပုံသဏ္ဌာန်များ ဖြစ်ကြသည်။ အမေရိကန်နိုင်ငံတွင်မူ ခေါင်းအုံးကို အခြေခံအားဖြင့် အရွယ်အစား သုံးမျိုးခွဲထားသည်။ ၎င်းတို့မှာ ပုံမှန်အရွယ်အစား Standard (၂၀x၂၆ လက်မ)၊ Queen (၂၀ x၃၀ လက်မ)၊ King (၂၀x၃၆လက်မ) စသည်တို့ ဖြစ်ကြသည်။ ထို့ပြင် Standard ထက်ကြီး၍ Queen အရွယ်အစားထက်သေးသည့် Jumbo အရွယ်အစားလည်း ရှိသည်။ Jumbo အရွယ်အစားသည် (၂၀x၂၈လက်မ) ရှိသည်။
ခေါင်းအုံးများကို ခေါင်းအုံးစွပ်များဖြင့် ကာကွယ်ဖုံးအုပ်ထားသည်။ ခေါင်းအုံးစွပ်တစ်ခုတွင် အရွယ်အစား၊ အသွင်အပြင်နှင့် အဖွင့်အပိတ်တို့ ပြုလုပ်နိုင်ခြင်း စသည့်အချက်များ ပါဝင်သည်။ ခေါင်းအုံးစွပ်၏ အရွယ်အစားများမှာ အောက်ပါအတိုင်းဖြစ်သည်။
- Standard
- ၁၆ in × ၁၆ in (၄၁ cm × ၄၁ cm) (square)
- Square
- ၂၆ in × ၂၆ in (၆၆ cm × ၆၆ cm)
- Standard
- ၂၀ in × ၂၆ in (၅၁ cm × ၆၆ cm)
- Queen
- ၂၀ in × ၃၀ in (၅၁ cm × ၇၆ cm)
- King
- ၂၀ in × ၃၆ in (၅၁ cm × ၉၁ cm)[ကိုးကားချက်လိုသည်]
အိပ်ရာရှိ ခေါင်းအုံးအရွယ်အစားများ[ပြင်ဆင်ရန်]
အပြည်ပြည်ဆိုင်ရာ သတ်မှတ်ထားသည့် အရွယ်အစား[ပြင်ဆင်ရန်]
Location | Class | Dimension (H×W cm) | Dimension (H×W inch) | Preferred unit |
---|---|---|---|---|
Europe | Standard | 65×65 | 26×26" | Inches |
Europe | Continental | 80×80 | 32×32" | Inches |
Location | Class | Dimension (H×W cm) | Dimension (H×W inch) | Preferred unit |
နိုင်ငံအလိုက် သတ်မှတ်ထားသည့် အရွယ်အစားများ[ပြင်ဆင်ရန်]
Country | Class | Dimension (H×W cm) | Dimension (H×W inch) | Preferred unit |
---|---|---|---|---|
Australia | Standard | 48*73 | cm | |
Australia | European | 65*65 | cm | |
Sweden | Standard | 50×60 | 19.7×23.6" | cm |
United States | Standard | 20×26" | Inches | |
United States | Jumbo | 20×28" | Inches | |
United States | Queen | 20×30" | Inches | |
United States | King | 20×36" | Inches | |
Country | Class | Dimension (H×W cm) | Dimension (H×W inch) | Preferred unit |
ရုပ်ပုံများ[ပြင်ဆင်ရန်]
An ancient Egyptian wooden pillow
A pottery pillow from the Jīn dynasty (1115–1234)
In India, traditional pillows are usually made with plant-borne materials, such as the fluffy, glossy fruit-fibres of silk-cotton tree (Ceiba pentandra (image) and Bombax ceiba)
ကိုးကား[ပြင်ဆင်ရန်]
- ↑ Pillow။ The Free Dictionary By Farlex။ 2012-05-20 တွင် ပြန်စစ်ပြီး။
- ↑ "Pillow, n.1a"။ Oxford English Dictionary။ 12 May 2015 တွင် ပြန်စစ်ပြီး။
- ↑ Levy၊ Joel (2002)။ Really Useful: The Origins of Everyday Things။ Buffalo, NY: Firefly။
- ↑ Help > Pillow Guide။ 26 January 2017 တွင် ပြန်စစ်ပြီး။