ခေါင်းသွား အမြီးပါ

ဝီကီပီးဒီးယား မှ

ခေါင်းသွား အမြီးပါ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ခေါင်းသွားလျှင် အမြီးပါရစမြဲ ဖြစ်သကဲ့သို့ လုပ်ငန်းတစ်ခုတွင် ရှေ့က ဦးစီးခေါင်းဆောင်ဖြစ်သူ ပါဝင်ပတ်သက်ပါက နောက်လိုက်ငယ်သားများလည်း အလိုလို ပါဝင်ပြီး ဖြစ်သွားသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "မှုဝန်စိုးပိုင်၊ ချုပ်ကိုင်ကြီးမား၊ မတည်ကြားက၊ ခေါင်းသွား မြီးပါ၊ ပဲ့ခွာ ဦးမျော၊ ငှက်ပျော်ပင်စိုက်၊ နောက်လိုက်ငယ်သား၊ ချွတ်ယွင်းပါးသည်၊" [၁၁၂၂] ဩပျို့ * ၁၃။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၇