ခေါင်းတုံးပေါ် ထိပ်ကွက်

ဝီကီပီးဒီးယား မှ

ခေါင်းတုံးပေါ် ထိပ်ကွက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

​ခေါင်းတုံးရိတ်ထားသည့်အပေါ်၌ ထပ်ဆင့်၍ ထိပ်ကွက်နေသည် ဆိုသကဲ့သို့ သူတစ်ပါးအပေါ်၌ လျင်သလို အမြတ်ထုတ်တတ်သူကို သူ့ထက်လျင်သူက အမြတ်ထုတ်သွားသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "သင်းတို့အကြံကိုလည်း မသိရသေး၊ ခေါင်းတုံးပေါ် ထိပ်ကွက်ဆိုသော စကားပုံကဲ့သို့ ငါကသာ ဦးအောင် ကျောမည်ဟု သဘော၌ ထားလေ၏။" [၁၂၆၇] စကား၊ ပ။ ၂၆။
  • ခင်ဗျားဟာ ခေါင်းတုံးပေါ် ထိပ်ကွက်ဆိုသလို ကျုပ်တို့လို လူဆိုးလူမိုက်တွေအပေါ်မှာ ထိပ်ကွက်ပြီး အညွန့်ခူးတတ်လွန်းလို့ ကျုပ်အလိမ္မာစွမ်းနဲ့ ခင်ဗျားကို ခေါ်ခဲ့တာပဲ။" [၁၂၉၆] ဒဂုန်၊ ၁၅၊ ၁၇၂။ ၁၄၉။

ဝေါဟာရအနက်ဖွင့်ဆိုချက်[ပြင်ဆင်ရန်]

  • ထိပ်ကွက် = ဦးခေါင်းထိပ်လယ်၌ ဆံပင်ပြောင်အောင် ရိတ်ထားသောအကွက်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၇