ခေါင်းဆောင်မှု

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ခေါင်းဆောင်သည် မူဝါဒ၊ လူ၊ ပစ္စည်းဥစ္စာ နှင့် လူထုလေးစားမှုတို့ အတွက်သာ လုပ်ရုံမှ တစ်ပါး အခြားလုပ်စရာမရှိ။ ခေါင်းဆောင်သည် အရာရာကို လိုက်လုပ်ပြီး သူများထက် အပင်ပန်း ခံရန် မဟုတ်ပေ။ အခြားသူများ လုပ်စရာမရှိ အောင် လိုက်လုပ်သော ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်း မဟုတ်။

ခေါင်းဆောင်အမျိုးအစား[ပြင်ဆင်ရန်]

  1. ဉာဏ်ပညာ ရှိပြီး ပျင်းသော ခေါင်းဆောင်
  2. ဉာဏ်ပညာလည်း မရှိ ပျင်းလည်း ပျင်းသော ခေါင်းဆောင်
  3. ဉာဏ်ပညာ ရှိပြီး လုံ့လရှိသော ခေါင်းဆောင်
  4. ဉာဏ်ပညာ မရှိသော်လည်း လုံ့လ ရှိသော ခေါင်းဆောင်

ခေါင်းဆောင် တစ်ယောက်သည် ပေးကမ်း ရက်ရောတတ်မှု၊ မခွဲခြား တတ်မှု၊ စွန့်လွှတ်လုပ် ကိုင်တတ်မှု စသည့် စိတ်ထား သုံးခုနှင့် ပညာ ဉာဏ်ရှိမှု၊ ယုံကြည် ကိုးစား ထိုက်မှု၊ စိတ်စေတနာ ကောင်းမှု၊ သတ္တိရှိမှု၊ တိကျ ပြတ်သား တတ်မှု စသည့် အရည်အချင်း ငါးရပ် ရှိရန် လိုအပ်သည်။ သို့တစေ အလုပ် လုပ်ရာ တွင်လည်း ခေါင်းဆောင် ပီသကြောင်း ပြဖို့ လိုသည်။ အဖွဲ့အစည်း တစ်ရပ် တွင် ခေါင်းဆောင် လုပ်ရမည့် လုပ်ငန်းမှာ လေးရပ် ရှိသည်။ မူဝါဒ လုပ်ငန်း၊ လူများနှင့် ဆိုင်သော လုပ်ငန်း၊ ပစ္စည်းပိုင်မှု ဆိုင်ရာ လုပ်ငန်း နှင့် လူထု လေးစားမှု ရရှိရန် လုပ်ငန်းတို့ ဖြစ်သည်။

မူဝါဒ[ပြင်ဆင်ရန်]

မိမိ၏ ကျွမ်းကျင် ပြည့်ဝမှုကို အခြေခံကာ မူဝါဒ ကို ချမှတ်ရမည်။အချိန်အခါ အခြေအနေ နှင့် လျော်ညီစွာ ပြောင်းလဲ ထားသည့် အစီ အမံလည်း ရှိရမည်။ ခေါင်းဆောင် တစ်ယောက်သည် မူဝါဒ ကို ချမှတ် ရမည်ဖြစ်ပြီး တစ်ချိန်တည်း တွင် ယင်းကို အချိန်အခါ အခြေအနေ အလိုက် ပြုပြင် ပြောင်းလဲ သွားရမည်။ တစ်ခါတုန်း က ကျွန်ုပ်သည် ဂျပန်နိုင်ငံ ရှိ ကော်ဖီဆိုင် တစ်ဆိုင်သို့ ရောက်သွားသည်။ ကျွန်ုပ်က ဖရဲသီး၊ သင်္ဘောသီး၊ ကီဝီသီးများ သော သီးစုံ တစ်ပန်းကန် မှာလိုက် သည်။ ထို သစ်သီးများမှာ အလွန် အရသာ ရှိသည်။ ကျွန်ုပ်သည် ဂျပန်နိုင်ငံ တွင် အတော် ကြာအောင် ရောက်နေပြီး ဖြစ်သဖြင့် ဖရဲသီးကို အလွန် ကြိုက်ပါသည်။ ထို့ကြောင့် ဖရဲသီး သတ်သတ် တစ်ပန်းကန် ထပ်မှာ လိုက်သည်။


ကျွန်ုပ် မှာလိုက် သည်နှင့် စားပွဲထိုး လေးမှာ မျက်နှာများ ဖြူလျော် သွားပြီး ထိုဖရဲသီး သတ်သတ်မှာ စားသောက်ဖွယ် စာရင်းတွင် မရှိကြောင်း ပြောလာသည် ကို အံ့ဩဖွယ် သိလိုက် ရသည်။ ကျွန်ုပ်က လွယ်လွယ်လေး ပဲကွ၊ ငါ့ကို ဖရဲဦးလေး စိတ် ထည့်ပေးလို့ ပြောတာ။ သို့သော် သူမက မဖြစ် နိုင်ကြောင်း ပြောနေ ပြန်သည်။ ထို့ကြောင့် ကျွန်ုပ်လည်း စိတ်ပျက် သွားပြီး မန်နေဂျာ အား ခေါ်ခိုင်းလိုက်သည်။ ထိုကိစ္စကို အလွယ် တကူ ပင် ရှင်းနိုင်မည် ဟု ထင်လိုက်သည်။ သို့သော် ဆက်လက်၍ ခက်ခဲ နေပြန်သည်။ ဖရဲသီး တစ်ခု တည်း တစ်ပန်းကန် မပေးရဟု ဆိုသည်။ ထို့နောက် ကျွန်ုပ်က ဖရဲသီး တစ်ပွဲ အတွက် သစ်သီးစုံ ပွဲ လေးပွဲစာ ငွေပေးပါ မည်ဟု ပြောတော့ မှ သူတို့ လက်ခံ ကြသည်။ သို့သော် ဆယ့်ငါးမိနစ် ခန့် ကြာသော အခါ ဘာမျှ မပါဘဲ မန်နေဂျာ ပြန်ရောက်လာပြီး ယဉ်ကျေးစွာ ဦးညွှတ်လျက် ထိုသို့လည်း မဖြစ်နိုင်ကြောင်း ပြောပြန်သည်။


ဤသည်မှာ အဆန်း တကြယ်တော့ မဟုတ်ပေ။ ကုမ္ပဏီ အတော် များများ ထိုအတိုင်း ချည်းပင်ဖြစ်သည်။ လူ အတော် များများသည် မူဝါဒ နှင့် စည်းမျဉ်းကို ခွဲခြား မသိကြ။ စည်းမျဉ်း ဆိုသည်မှာ မိမိတို့ အတွက်သာ သတ်မှတ်ထား သော ကိစ္စ ဖြစ်ပြီး မူဝါဒ ဆိုသည်မှာ စားသုံး သူများ အတွက်သာ သတ်မှတ် ထားသော ကိစ္စ ဖြစ်သည်။ စားသုံးသူအား မည်သည့် အချိန်တွင် မည်သို့ လုပ်ရ မည်ဟု ခိုင်း၍ မရ။ စားသုံးသူ ၏ ပူးပေါင်း ဆောင်ရွက်မှု ကိုသာ မိမိ တို့သာ မျှော်လင့် ရန် ရှိသည်။ မူဝါဒ သည် အဖွဲ့အစည်း၏ ပြင်ပမှ ပုဂ္ဂိုလ် အား တောင်းဆို စေခိုင်း ရန် မဟုတ်။ မူဝါဒ ဆိုသည်မှာ ပင်မ သတ်မှတ် ထားချက်သာ ဖြစ်သည်။ သစ်သီးပွဲ ပြင်ဆင် ရာတွင် တော်သဖြင့် သစ်သီး စုံများ ရောင်းကောင်း နေရခြင်း ဖြစ်သည်။ သို့ရာတွင် စားသုံးသူက သစ်သီး တစ်မျိုးတည်း ကို စားလိုသည် ဆိုပါက လည်း မူဝါဒကို ပြင်၍ စားသုံးသူ တောင်းဆိုသည့် အတိုင်း လုပ်ပေး နိုင်ရ မည်။ ဤသို့ အချိန်အခါ အခြေအနေ နှင့် လိုက် လျောညီစွာ ပြုပြင် ပြောင်းလဲတတ် ရမည် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်၏ ပထမဆုံး လုပ်ငန်းမှာ မူဝါဒ ကို ချမှတ်ခြင်း နှင့် အခြေအနေ အရ ပြုပြင် ပြောင်းလဲ သွားခြင်း ဖြစ်သည်။

လူများ[ပြင်ဆင်ရန်]

လူသား အရင်းအမြစ် ကို အသုံးချရာ တွင် ကျွမ်းကျင်စွာ ကိုင်တွယ်တတ် ဖို့ လိုသည်။ လူသား အရင်းအမြစ် ၏ စွမ်းအားကို စရိုက် လက္ခဏာ၊ အရည်အသွေး၊ အရည်အချင်း၊ ကြိုးစားမှု နှင့် လူမှုရေး ကျွမ်းကျင်မှု ဟူ၍ ခွဲခြား ထားနိုင် သည်။လူတစ်ဦး ချင်းစီ ၏ တိုးတက်မှု မှာ အချက် ၅ ချက်ပေါ်တွင် မူတည်သည်။ အသိစိတ်ဓာတ် ကောင်းမှု၊ လုပ်ငန်း ကျွမ်းကျင်မှု၊ အရည်အသွေး ရှိမှု၊ ကြိုးစား အားထုတ်မှု၊ စည်းလုံး ညီညွတ်မှု တို့ ဖြစ်သည်။ စိတ်ဓာတ် ကောင်းမွန်မှု ဆိုရာတွင် ရိုးသားမှု၊ လုပ်ငန်း အပေါ် ချစ်မှု၊ လုပ်ငန်းကို လေးစားမှု တို့ ပါဝင်သည်။ ကျွမ်းကျင်မှု ဆိုရာတွင် အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ဘာသာ စကား ၃ ရပ် နှင့် နည်းပညာ ၄ ရပ် ကျွမ်းကျင်မှုတို့ ဖြစ်သည်။


အရည်အသွေး ရှိမှု ဆိုသည်မှာ လုပ်ငန်း ကို အစမှ အဆုံးတိုင် သိမြင် နားလည်ပြီး ပြဿနာများ ကို ဖြေရှင်း နိုင်ခြင်း ဖြစ်သည်။ ကြိုးစား အားထုတ်မှု ဆိုသည်မှာ အလုပ်ကို စွမ်းစွမ်း တမံ လုပ်ဆောင်၍ အလုပ် များများ လုပ်သည်နှင့် အမျှ များများ တတ်ကျွမ်း လာခြင်း ဖြစ်သည်။ စည်းလုံး ညီညွတ်မှု ဆိုသည်မှာ အခြား သူများ နှင့် လိုလို လားလား ပူးပေါင်း ဆောင်ရွက် ရန် အသင့်ရှိပြီး သိသင့်သည်များ ကို တကယ် လည်း သိအောင် သတင်း ဖလှယ်ခြင်းတို့ ဖြစ် သည်။ ဝန်ထမ်းတိုင်း၏ အရည်အသွေးကို ပေတံ ၅ ချောင်းဖြင့် တိုင်းတာ ရမည်။ အချို့လူများ သည် တိုးတက်လာ နိုင်စွမ်း ရှိကြ ပေသည်။ ဝန်ထမ်း တစ်ယောက်သည် ကုမ္ပဏီသို့ ဝင်လာ စတွင် သိပ် ကျွမ်းကျင်မည် မဟုတ်ပေ။ သို့သော် နောက်ပိုင်း နှစ်များ ၌ များစွာ တိုးတက် လာပေ လိမ့်မည်။ ဤသည်မှာ တိုးတက်ရေး ၏ အစဖြစ် သည်။ ပထမတွင် သူ့၌ မန်နေဂျာ အရည် အသွေးမျိုး ရှိမည် မဟုတ်။ သို့သော် နောက်ပိုင်းတွင် သူ့ကို မန်နေဂျာ အဖြစ် ခန့်ထားရန် စဉ်းစား လာရ နိုင်ပေသည်။ ထို့ကြောင့် သူ့ကို နေရာ ရွှေ့ပြောင်း ခန့်ထားရန် ပြင်ဆင် ရပေမည်။


ပြောင်းလဲခြင်း မရှိသူဟူ၍ မရှိ။ သေသွား သူသာ ပြောင်းလဲ တိုးတက်ခြင်း မရှိ ဖြစ်သည်။ သေသွား သူသည် တောင့်တင်းပြီး ပုပ်ပွ ဆွေးမြည့် သွားသည်သာ ရှိသဖြင့် ပြောင်းလဲ တိုးတက်လာ မည် မဟုတ်တော့။ တစ်စုံ တစ်ယောက် ပြောင်းလဲ တိုးတက် လာသည်ကို မြင်လျှင် မန်နေဂျာ က သင့်လျော်သော ရာထူး အဆင့်ကို ခန့်ထား ပေးရ မည်။ ဤသည်မှာ ခေါင်းဆောင်၏ ဒုတိယ အလုပ် ဖြစ်သည်။

ပစ္စည်းဥစ္စာ[ပြင်ဆင်ရန်]

မည်သည့် အဖွဲ့အစည်းတွင် မဆို ရင်းမြစ် ပိုင်ဆိုင်မှုများ ရှိသည်။ ပိုင်ဆိုင်သည့် ရင်းမြစ် ငါးမျိုးမှာ ငွေကြေး၊ လူသား အရင်းအမြစ်များ၊ ရရန်အကြွေးများ၊ သတင်းများ နှင့် အတတ်ပညာ ဆိုင်ရာ ပစ္စည်း ဥစ္စာများ ဖြစ်သည်။ ခေါင်းဆောင်၏ တတိယ အလုပ်မှာ ကုမ္ပဏီ ၏ ပိုင်ဆိုင်မှု ရင်းမြစ်များက စီမံခန့်ခွဲရေး ပင် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်၏ အရေးကြီးဆုံး တာဝန် ဖြစ်သည်။ ခေါင်းဆောင် သည် သူ ကျွမ်းကျင်သည့် လုပ်ငန်းကို ကိုယ်တိုင် လုပ်ရန် မဟုတ်ဘဲ စီမံ ခန့်ခွဲ ရန်သာ ဖြစ်သည်။ ကုမ္ပဏီ တစ်ခုကို ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုကို ဖြစ်စေ၊ စီမံ ခန့်ခွဲရာ တွင် အရေးကြီးဆုံးမှာ ရင်းမြစ် ပိုင်ဆိုင်မှု ၅ ခုကို စီမံ ခန့်ခွဲ ခြင်းသာ ဖြစ် သည်။ ကုမ္ပဏီတိုင်း တွင် အဆိုပါ ပိုင်ဆိုင်မှု ရင်းမြစ် ၅ ခု ရှိရသည်။ ယင်းတို့မှာ ငွေကြေး၊ လူသား အရင်းအမြစ်၊ ပြင်ပမှ ရရန် ပိုင်ခွင့် ရှိသည်များ သတင်း အချက်အလက် နှင့် အတတ် ပညာ ဆိုင်ရာ ပိုင်ဆိုင်မှု(ဥပမာ မူပိုင်ခွင့်) တို့ ဖြစ် သည်။ မူဝါဒ ချမှတ်ခြင်း နှင့် လူသား အရင်းအမြစ် ကို အသုံးချခြင်းတို့ အပြင် ခေါင်းဆောင်၏ အခြား အရေးကြီးသော အလုပ်မှာ ပိုင်ဆိုင်မှု ရင်းမြစ်များမှု ကို စီမံခန့်ခွဲရေး ပင် ဖြစ်သည်။

မန်နေဂျာများသည် သူတို့ မန်နေဂျာ မဖြစ်မီ မားကက်တင်း ဌာနတွင် လုပ်ရကောင်း လုပ်ရပေ မည်။ ထိုစဉ်က သူတို့သည် အရောင်း နှင့် ပတ်သက်၍ အချိန်ပြည့် အားစိုက် လုပ်ကိုင် ခဲ့ကြ ရသည်။ အချို့ သူများသည် စိစစ်ရေး ဌာနတွင် လုပ်ကိုင် ခဲ့ရပြီး သူတို့လည်း ထိုအလုပ်များ နှင့် သာ အချိန်ကုန် ခဲ့ကြ ရပေမည်။

ခေါင်းဆောင် ဆိုသည်မှာ ထိုသို့ အလုပ် တစ်ခုတည်းကိုသာ စူးစိုက် လုပ်ကိုင် ရသည်မျိုး မဟုတ်ဘဲ ကုမ္ပဏီ၏ ငွေကြေး အခြေအနေ၊ လူသားရင်းမြစ်များ ၏ အခြေအနေများ ကို သိရှိရုံ သာမက ကုမ္ပဏီများ ၏ အကျိုးကို ထိန်းသိမ်း ကာကွယ်ထားခြင်း ရှိ မရှိ၊ သတင်းအချက် အလက်များ လွတ်လပ်စွာ စီးဆင်းခြင်း ရှိမရှိ၊ ကုမ္ပဏီ၏ လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း ရှိ မရှိ၊ မူပိုင်ခွင့်များ တိုးတက်မှု ရှိ မရှိ စသည် တို့ကို စစ်ဆေး နေရပေမည်။ ထိုကဲ့သို့ ရင်းမြစ် ပိုင်ဆိုင်မှု အများစုကို ကောင်းမွန်စွာ စီမံ ခန့်ခွဲနိုင် မှသာလျှင် ခေါင်းဆောင် လုပ်သူသည် ကုမ္ပဏီ၏ အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းသွား နိုင်ပေ လိမ့်မည်။

အများပြည်သူ၏ လေးစားယုံကြည်မှု[ပြင်ဆင်ရန်]

မိမိ အဖွဲ့အစည်း ၏ ကိုယ်စားလှယ် အနေ ဖြင့် အများ ပြည်သူ အကြားတွင် မျက်နှာပန်း ပွင့်အောင် ဖန်တီး ရမည်။ ကုမ္ပဏီ၏ အလုပ် အမှုဆောင် တစ်ယောက် သည် ဟောပြောပွဲ တစ်ခု၌ ဟောပြော ရန် ဖိတ် ကြားခြင်း ခံရသော အခါ ထို ဟောပြော ချက်များ သည် သူ ကိုယ်စားပြုသော အဖွဲ့အစည်း ကို ရောင်ပြန် ဟပ်စေသည်။ ခေါင်းဆောင် တစ်ဦး အများ ကြားတွင် ပြောလိုက်သည့် စကားတိုင်း လုပ်ရပ် တိုင်း သည် သူ ဦးဆောင်သော အဖွဲ့ အစည်း၏ သရုပ်ကို ပေါ်စေသည်။

အချို့သော ခေါင်းဆောင်များသည် အဖွဲ့ အစည်း အတွင်း စီမံ ခန့်ခွဲရေး အလွန် ကောင်းမွန် သည့်တိုင် လူထုဆက်သွယ်ရေးကိစ္စရပ်များတွင် သိပ် မကျွမ်းကျင် တတ်ကြချေ။ ထိုလူများသည် စကားပြောသည့် အခါ နမော် နမဲ့ဖြင့် လက်လွတ် စပယ် ပြောတတ်သည်။ ဤသည်မှာ အဖွဲ့ အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက် စေသည်။ ထို့ကြောင့် ခေါင်းဆောင် တစ်ယောက်သည် လူထု၏ လေးစား ယုံကြည်မှု ကို ဖန်တီးရာတွင် အလွန် ဂရုစိုက် ရပေမည်။


ခေါင်းဆောင်မှု[ပြင်ဆင်ရန်]

အင်္ဂါ(၉)ရပ်

သဒ္ဓါရှိ[ပြင်ဆင်ရန်]

၁။ လုပ်နေရသောအလုပ်၏ မွန်မြတ်မှုကို သက်ဝင်ယုံကြည်သော စိတ်ဓါတ်အဟုန်နှင့် ပြည့်စုံရမည်၊ သဒ္ဓါသမ္ပဒါ (သဒ္ဓါတရားနှင့်ပြည့်စုံခြင်း) ဖြစ်ရပါမည်။


အလုပ်တတ်[ပြင်ဆင်ရန်]

၂။ မိမိအလုပ်ကိုတတ်သိကျွမ်းကျင်ရပါ မည်။


တာဝန်ယူ[ပြင်ဆင်ရန်]

၃။ မိမိဌာန လုပ်သမျှ အတွက် မိမိကိုယ်တိုင်တာဝန်ယူရမည်။


တိုးအောင်လုပ်[ပြင်ဆင်ရန်]

၄။ မိမိကိုယ်ကို မိမိသိရှိအောင် ဝေဖန်စစ်ဆေးပြီး မိမိ၏စွမ်းရည် ပိုမိုထက်မြက်လာအောင်ကြိုးစားရမည်။


စံပြဖြစ်[ပြင်ဆင်ရန်]

၅။ နမူနာကောင်းပြရမည်။


တာဝန်ရှာ[ပြင်ဆင်ရန်]

၆။ တာဝန်ကို မကြောက်ပဲ ပြေးတွေ့ရဲမည်၊ တာဝန် နည်းသေးလျှင် များလာအောင် ရှာကြံရမည်၊ မိမိ၏ လက်အောက်ငယ်သားများတွင်တာဝန်ယူတတ်သည့် စိတ်ဓါတ်နှင့် တာဝန်ယူတတ်သည့်စိတ်ဓါတ်ရှိလာအောင်လုပ်ရမည်။ (ချစ်တယ်ပြောမိပြီး တော့..... မှာ့တော့)

အခိုင်းတတ်[ပြင်ဆင်ရန်]

၇။ လက်အောက်ငယ်သားများအား ခိုင်းစေသောအခါ အောက်ပါ သုံးချက်ကို အထူး သတိပြုရမည်။ က) ခိုင်းလိုက်သည့်အလုပ်ကို သူတို့သေသေချာချာ နားလည်ရဲ့လား။ ခ) သူ့တို့လုပ်တာကို မိမိက ဖြစ်စေ၊ အခြားတစ်ယောက်ယောက်ကဖြစ်စေ၊ ကြီးကြပ်ရဲ့လား။ ဂ) ခိုင်းလိုက်သည့် အလုပ်ကို ပြီးစီးအောင် သူတို့လုပ်ကြရဲ့လား။


မေတ္တာထား[ပြင်ဆင်ရန်]

၈။ မိမိ၏လက်အောက်ငယ်သားတိုင်းကို မိမိကိုယ်တိုင် သိအောင်လုပ်ရမည်၊ သူတို့၏ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးကို ဂရုစိုက်ရမည်။


ပညာပေး[ပြင်ဆင်ရန်]

၉။ မိမိ၏ လက်အောက်ငယ်သားများ သိသင့်သိထိုက်သည်တို့ကို အမြဲသိနေအောင် ဆောင်ရွက်ပေးရမည်။