ခုတ်ရာတခြား၊ ရှရာတခြား

ဝီကီပီးဒီးယား မှ

ခုတ်ရာတစ်ခြား၊ ရှရာတခြား ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ခုတ်သည်က တစ်နေရာ၊ ရှသည်က တစ်နေရာ လွဲချော်သကဲ့သို့ မိမိရည်ရွယ်ရင်းကတစ်မျိုး၊ တကယ်ဖြစ်လာသည်က တစ်မျိုး အလွဲလွဲအချော်ချော်ဖြစ်သည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ခုတ်ရာတခြား ရှရာတစ်လွဲ
  • ခုတ်ရာတခြား ရှရာတစ်ပါး ဟူ၍လည်း အသုံးများရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ငြိမ်းချမ်းရေးကို အလိုရှိပါသည်ဟု သဘောထားကြပါလျက်... လမ်းလွဲလိုက်ကာ အလွဲလွဲအချော်ချော် သဘောပိုက်ကြလေသောကြောင့်... ခုတ်ရာတခြား ရှရာတခြားဖြစ်ရလေတော့သည်။" [၁၃၀၀] တိုးတက်ရေး၊ ၅၈။ ၇၄။
  • ဝီရိယလုံ့လ မကြိုးစား အားမထုတ်က အကျိုးတရားမဖြစ်ထွန်းနိုင်... ခုတ်ရာတခြား၊ ရှရာတလွဲ အလွဲလွဲအမှားမှား ဖြစ်ခြင်းကြောင့်..." [၁၂၉၈] ဟံသာဝတီ၊ ၁၊ ၉။ ၈၃၅။
  • ယခုအိပ်မက်ရတာကတော့ အတုလဝါသကျောင်းက ဓမ္မဉာဏကို ထီးနန်းပေးရမတဲ့။ ခုတ်ရာတခြား၊ ရှရာတခြားဆိုတာလို ဖြစ်ကုန်တော့မှာ ထင်ပါရဲ့။" [၁၂၇၉] ဓမ္မစေတီ။ ၆၅။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၈