ခိုးဂျိအန်း

ဝီကီပီးဒီးယား မှ
Kōjien 7th edition(2018)displayed at a bookstore in Tokyo
Kōjien second edition (1969)

ခိုးဂျိအန်း (広辞苑, စာဖြင့် - "စကားလုံးဥယျာဉ်ကျယ်ကြီး") သည် ၁၉၅၅ ခုနှစ်တွင် အိဝနမိရှောတန်းစာပေထုတ်ဝေရေးက ပထမဆုံးအဖြစ်ထုတ်ဝေခဲ့သည့် အတွဲတစ်ခုတည်းသာပါရှိသည့် ဂျပန်အဘိဓာန်တစ်ခု ဖြစ်သည်။ ဤအဘိဓာန်တွင် ဂျပန်ဘာသာအဘိဓာန်များတွင် အထင်ရှားဆုံးတစ်ခုအဖြစ် သတ်မှတ်ကြသည်။ သတင်းစာတည်းဖြတ်သမားများတို့သည် ၎င်းအဘိဓာန်မှ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မကြာခဏ ဖော်ပြလေ့ရှိကြသည်။ ၂၀၀၇ ခုနှစ်တွင် ၎င်းအဘိဓာန်သည် ၁၁ သန်းရောင်းချခဲ့ရသည်။[၁]

အိဇုရု ရှင်းမုရ[ပြင်ဆင်ရန်]

ခိုးဂျိအင်း ကို တိုကျိုတက္ကသိုလ်၏ ဂျပန်ဘာသာစကားပါမောက္ခဖြစ်သူ ရှင်းမုရ အိဇုရ (၁၈၇၆ - ၁၉၆၇) က ရေးသားခဲ့သည်။ သူ့ကို ယာမဂုချိစီရင်စုတွင် ဖွားမြင်ခဲ့သည်။ တိကျိုတက္ကသိုလ်မှ ဘာသာဗေဒဖြင့် ဘွဲ့ရခဲ့သည်။ တိုကျိုတက္ကသိုလ်တွင် သူသည် ခဇုတိရှိ အုအဲဒ  (上田万年, Ueda Kazutoshi, 1867–1937) ၏ ကျောင်းသားတပည့်တစ်ယောက် ဖြစ်ခဲ့သည်။ သူသေဆုံးပြီးနောက် ထုတ်ဝေခဲ့သည့် ခိုးဂျိအန်း၏ ထုတ်ဝေမှုများတွင် ရှင်းမုရကို အဓိကတည်းဖြတ်သူအဖြစ် ဖော်ပြထားသည်။ ဂျာမဏီတွင် ပညာသင်ကြးပြီးနောက်တွင် အုအဲဒသည် ဘာသာစကားများ၏ သမိုင်းကြောင်းဆိုင်ရာ  comparative linguistics ကို သင်ကြားပေးခဲ့ပြီး မိအဲဂျိခေတ်ကာလ၏ နိုင်ငံခြားဘာသာစကားအဘိဓာန်တစ်ခုကို တည်းဖြတ်ခဲ့သည်။ သူ၏ လမ်းညွှန်မှုဖြင့် ရှင်းမုရသည် ဂျပန်ဘာသာစကားစစ်ဆေးသည့်အလုပ်တွင် ပါဝင်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ (in ja)။ Yomiuri Shimbun (2007-10-23)။ 25 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 August 2021 တွင် ပြန်စစ်ပြီး။