ခါးပုံတင် လူယဉ်၊ ခါးပုံထိုး လူရိုး၊ ခါးတောင်းကျိုက် လူမိုက်

ဝီကီပီးဒီးယား မှ

ခါးပုံတင် လူယဉ်၊ ခါးပုံထိုး လူရိုး၊ ခါးတောင်းကျိုက် လူမိုက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

မြန်မာဇာတ်သဘင်၊ ရုပ်သေးသဘင်တို့၌ မင်းသားများသည် လူယဉ်ကျေးဟန် သရုပ်ဆောင်ရသည့်အခါ ခါးပုံစကို ပခုံးထက်တင်ကာ ဝတ်ဆင်ကြသည်၊ လူရိုးဟန် သရုပ်ဆောင်ရသည့်အခါ ခါးပုံထိုး ဝတ်ကြသည်၊ လူကြမ်းဟန် သရုပ်ဆောင်ရသည့်အခါ ခါးတောင်းကျိုက်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။