ခါဂျူရာဟို အထိမ်းအမှတ် အဆောက်အဦး အစုအဝေး

ဝီကီပီးဒီးယား မှ
ခါဂျူရာဟို အထိမ်းအမှတ် အဆောက်အဦး အစုအဝေး*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အိန္ဒိယ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, iii
ကိုးကား ၂၄၀
ဒေသ** အာရှ နှင့် ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၆  (ဒသမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ခါဂျူရာဟို အထိမ်းအမှတ် အဆောက်အဦး အစုအဝေး သည် အိန္ဒိယနိုင်ငံ မဇ္ဈဒေသ ပြည်နယ် ချာတာပူးခရိုင်တွင် ရှိသော ဟိန္ဒူဘာသာ နှင့် ဂျိန်းဘာသာ ဘုရားကျောင်းများ အစုအဝေးဖြစ်ပြီး ဂျန်စီမြို့မှ အရှေ့တောင်ဘက် ၁၇၅ ကီလိုမီတာ (၁၀၉ မိုင်) အကွာတွင် တည်ရှိသည်။ ၎င်းတို့အား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ်သတ်မှတ်ထားသည်။ [၁][၂] ထိုဘုရားကျောင်းများသည် နာဂရား ပုံစံ ဗိသုကာ ပြယုဂ်များနှင့် ရမ္မက်နှိုးဆွသော ပန်းပုရုပ်များကြောင့် ကျော်ကြားသည်။[၃]

ခါဂျူရာဟို ဘုရားကျောင်း အများစုသည် ချန်ဒဲလားမင်းဆက် လက်ထက် အေဒီ ၉၅၀ ခုနှစ်မှ ၁၀၅၀ ခုနှစ်အတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [၄][၅] သမိုင်းမှတ်တမ်းများ အရ ၁၂ ရာစုတွင် ခါဂျူရာဟို ဘုရားကျောင်း ဒေသတွင် ဘုရားကျောင်း ၈၅ ခု ရှိပြီး စတုရန်း ကီလိုမီတာ ၂၀ အတွင်း ဖြန့်ကျက်တည်ရှိသည်ဟု ဆိုသော်လည်း ဘုရားကျောင်း ၂၅ ခုသာ ကျန်ရစ်ပြီး ၆ စတုရန်းကီလိုမီတာ အတွင်း တည်ရှိသည်။ [၂] ကျန်ရှိနေသာ ဘုရားကျောင်းများတွင် ကန္ဓာရိယ မဟာဒေဝ ဘုရားကျောင်းတွင် များပြားလှစွာသော ပန်းပုရုပ်များဖြင့် အသေးစိတ် ရှုပ်ထွေးစွာ ချယ်မှုန်းထားပြီး ရှေးခေတ် အိန္ဒိယ အနုပညာ၏ နိမိတ်ပုံဖြင့် သရုပ်ဖော်ခြင်းနှင့် အလိုရှိရာကို ထုတ်ဖော်ပြသနိုင်ခြင်းတို့ကို ပြသနေသည်။[၆]

ကာဂျူရာဟို ဘုရားကျောင်းအစုအဝေးသည် အတူတကွ တည်ဆောက်ထားသော်လည်း ကိုးကွယ်ရာ ဘာသာ နှစ်ခု ဖြစ်သော ဟိန္ဒူဘာသာ နှင့် ဂျိန်းဘာသာ တို့အတွက် တည်ဆောက်ထားခြင်း ဖြစ်သဖြင့် ဒေသအတွင်းရှိ ဟိန္ဒူနှင့် ဂျိန်း တို့ အကြားတွင် ကွဲပြားသော ဘာသာရေးအမြင်များကို လက်ခံ၍ လေးစားကြကြောင်းကို ပြသနေသည်။[၇]


ကိုးကား[ပြင်ဆင်ရန်]

  1. World Heritage Day: Five must-visit sites in India။ 14 August 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2019 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Khajuraho Group of Monuments UNESCO World Heritage Site
  3. Philip Wilkinson (2008), India: People, Place, Culture and History, ISBN 978-1405329040, pp 352-353
  4. Gopal၊ Madan (1990)။ K.S. Gautam (ed.)။ India through the ages။ Publication Division, Ministry of Information and Broadcasting, Government of India။ p. 179
  5. Khajuraho Group of Monuments
  6. Devangana Desai (2005), Khajuraho, Oxford University Press, Sixth Print, ISBN 978-0-19-565643-5
  7. James Fergusson, Northern or Indo-Aryan Style - Khajuraho History of Indian and Eastern Architecture, Updated by James Burgess and R. Phene Spiers (1910), Volume II, John Murray, London