ခရု ခါးတောင်းကျိုက်ဖမ်း

ဝီကီပီးဒီးယား မှ

ခရု ခါးတောင်းကျိုက်ဖမ်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ခရုငယ်ကို အလွယ်တကူ ကောက်ယူရုံမျှနှင့် ရနိုင်ပါလျက် ပုဆိုးခါးတောင်းကျိုက်၍ အင်တိုက်အားတိုက်ဖမ်းဘိသကဲ့သို့ အလုပ်တစ်ခုကို အလွယ်တကူနှင့် ပြီးနိုင်ပါလျက် မလိုအပ်ဘဲ အကျယ်ချဲ့ကာ ပင်ပန်းကြီးစွာခံ၍ လုပ်ကိုင်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "သေးငယ်သော အခွင့်အရေးကို မရရအောင်ဖမ်းကာ ကြိုးစားလုပ်ကိုင်၏။ ဤသူကား ခရု ခါးတောင်းကျိုက်ဖမ်းသူပေတည်း။" [၁၃၁၅ ခန့်] ဆယ်မိနစ်။ ၂၀၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၃