ခရီးထွင်လို့ ရွာစဉ်မသိ

ဝီကီပီးဒီးယား မှ

ခရီးထွင်လို့ ရွာစဉ်မသိ သည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ခရီး‌ပေါက်ခဲ့သော်လည်း လမ်း၌ မည်သည့်ရွာများကို ဖြတ်သန်းလာခဲ့မှန်း မသိသကဲ့သို့ လုပ်ငန်းသာ ပြီးဆုံးသွားသော်လည်း မိမိ ဆောင်ရွက်ခဲ့သော လုပ်ငန်းအကြောင်းကို ကောင်းစွာ မသိဘဲရှိသည်။

"မောင်မင်းသည် ခရီးထွင်၍ ရွာစဉ် မသိဆိုတာလို အလုပ်ကို လုပ်ပြီး အလုပ်သဘောကို ဘာလောက်မှ သိတဲ့လူ မဟုတ်ပါဘဲကလား။" [၁၂၈၄] လောကသာရ၊ ၂၊ ၂၁။ ၄၆။

ကိုးကား[ပြင်ဆင်ရန်]