ခရမ်းသီးပိန် ဓားတုံး

ဝီကီပီးဒီးယား မှ

ခရမ်းသီးပိန် ဓားတုံး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ခရမ်းသီးပိန်ကို ဓားတုံးတုံးဖြင့် လှီးလျှင် အလွယ်တကူမပြတ်သကဲ့သို့ ပစ္စည်းဂုဏ်သိန် အရှိန်အဝါ ညှိုးမှိန်နေသောအခါ၌ အရာရာကို ဆောင်ရွက်၍ အလွယ်တကူ မအောင်မြင်နိုင်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကြောက်စိတ် ကျွန်စိတ်ပေါက်လာ၏။ ဗမာတစ်မျိုးလုံးမှာ ခရမ်းသီးပိန် ဓားတုံးဓားမနောက်ပိတ်ခွေး ဖြစ်ခဲ့သည်မဟုတ်ပါလော။" [၁၃၀၄] စာရေးဆရာ၊ ၄။ ၇၉။
  • "အိုမင်းမစွမ်း ရှိလာခါမှ ခရမ်းသီးပိန် ဓားတုံးဆိုသကဲ့သို့ အကြောင်း မညီညွတ်ပါမူ မိမိတို့မှာ အဆင်းရဲကြီး ဆင်းရဲကြလေတော့မည်။" [၁၃၁၄] သွေးသောက်၊ ၇၉။ ၉၂။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၄