မာတိကာသို့ ခုန်သွားရန်

ခယောတနဘဲ၊ ကျိုတို

ဝီကီပီးဒီးယား မှ
ခယောတနဘဲ
Kyōtanabe

京田辺市
City
Top:A campus of Doshisha University, Middle left:Shuonan Temple, Middle right:Matsui Yamate Station, Bottom:Yamashiro Bridge
Top:A campus of Doshisha University, Middle left:Shuonan Temple, Middle right:Matsui Yamate Station, Bottom:Yamashiro Bridge
ခယောတနဘဲ Kyōtanabe၏ အလံတော်
အလံတော်
ခယောတနဘဲ Kyōtanabe၏ တံဆိပ်တုံး
Emblem
Map
Location of Kyōtanabe in Kyoto Prefecture
Location of ခယောတနဘဲ Kyōtanabe
ခယောတနဘဲ Kyōtanabe သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ခယောတနဘဲ Kyōtanabe
ခယောတနဘဲ
Kyōtanabe
Location in Japan
ကိုဩဒိနိတ်: 34°48′52″N 135°46′04″E / 34.81444°N 135.76778°E / 34.81444; 135.76778ကိုဩဒိနိတ်: 34°48′52″N 135°46′04″E / 34.81444°N 135.76778°E / 34.81444; 135.76778
CountryJapan
RegionKansai
PrefectureKyoto
အစိုးရ
 • MayorTakashi Kamimura (since April 2019)
ဧရိယာ
 • စုစုပေါင်း၄၂.၉၂ စတုရန်းကီလိုမီတာ (၁၆.၅၇ စတုရန်းမိုင်)
လူဦးရေ (September 1, 2023)
 • စုစုပေါင်း၇၁,၇၅၇
 • သိပ်သည်းမှု၁၇၀၀/km (၄၃၀၀/sq mi)
အချိန်ဇုန်JST (UTC+09:00)
City hall addressTanabe 80, Kyōtanabe-shi, Kyoto-fu 610-0393
ClimateCfa
ဝက်ဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်
Aerial photograph of center area in 2021

ခယောတနဘဲ (京田辺市, Kyōtanabe-shi) သည် ဂျပန်နိုင်ငံကျိုတိုစီရင်စု၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည့် မြို့တစ်ခု ဖြစ်သည်။ ဤမြို့သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့အချက်အလက်များအရ လူဦးရေ ၇၁,၇၅၇ ဦး၊ အိမ်ထောင်စု ၃၁,၅၅၅ ခု ရှိသည်။ လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် ၁၇၀၀ ဦး နေထိုင်ကြသည်။ မြို့၏ စုစုပေါင်းဧရိယာသည် ၄၂.၉၂ စတုရန်းကီလိုမီတာ (၁၆.၅၇ စတုရန်းမိုင်) ရှိသည်။

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ခယောတနဘဲသည် ကျိုတိုစီရင်စု၏ တောင်ဘက်တွင် တည်ရှိသည်။ အိုဆာကာစီရင်စု၊ နာရစီရင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ဤသုံးမြို့သည် ခန်ဆိုင်းဒေသ၏ ယဉ်ကျေးမှုနှင့် ပညာရေးသုတေသနမြို့များ ဖြစ်ကြသည်။ ခယောတနဘဲမြို့သည် ခုဇဂဝမြစ်နှင့် အိခိုမတောင်များအကြားတွင် တည်ရှိသည်။ ခိဇဂဝမြစ်သည် မြို့၏ အရှေ့ဘက်ပိုင်းကို မြောက်မှတောင်သို့ ဖြတ်သန်းကာ စီးဆင်းသည်။ အိခိုမတောင်များသည် မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။

အနီးအနားရှိ မြို့ပြများ

[ပြင်ဆင်ရန်]
ကျိုတိုစီရင်စု
အိုဆာကာစီရင်စု
နာရစီရင်စု

ရာသီဥတု

[ပြင်ဆင်ရန်]

ခယောတနဘဲသည် စိုထိုင်းသည့်ရာသီဥတုရှိပြီး အပူချိန်နှင့် မိုးရွာသွန်းခြင်းတို့သည် ရာအသီအလိုက် အပြောင်းအလဲများ ဖြစ်ပေါ်သည်။ နွေရာသီတွင် ပူပြင်းကာ စိုထိုင်းပြီး ဆောင်းရာသီတွင် ဆီနှင်းများကျဆင်းကာ အလွန်အေးသည်။ ခယောတနဘဲ၏ နှစ်ပတ်လည်ပျမ်းမျှအပူချိန်သည် ၁၅.၃ ဒီဂရီစင်တီဂရိတ် (၅၉.၅ ဒီဂရီဖာရင်ဟိုက်) ဖြစ်သည်။ ဇွန်လသည် အစိုစွတ်ဆုံးလဖြစ်သည်။ အပူချိန်များသည် ဧပြီလတွင် အမြင့်ဆုံးဖြစ်ပြီး ၂၇.၅ ဒီဂရီစင်တီဂရိတ် (၈၁.၅ ဒီဂရီဖာရင်ဟိုက်) ရှိသည်။ အပူချိန်အနိမ့်ဆုံးမှာ ဇန်နဝါရီလဖြစ်ပြီး ၄.၁ ဒီဂရီစင်တီဂရိတ် (၃၉.၄ ဒီဂရီဖာရင်ဟိုက်) ဖြစ်သည်။[] စံချိန်တင်မှတ်တမ်းများအနေဖြင့် ၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် ၃၉.၀ ဒီဂရီစင်တီဂရိတ် (၁၀၂.၂ ဒီဂရီဖာရင်ဟိုက်) ရှိခဲ့ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၉၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အနှုတ် ၆.၈ ဒီဂရီစင်တီဂရိတ် (၁၉.၈ ဒီဂရီဖာရင်ဟိုက်) ရှိခဲ့သည်။[]

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအချက်အလက်များအရ ၂၀၂၀ ခုနှစ်တွင် ခယောတနဘဲရှိ လူဦးရေမှာ ၇၃.၇၅၃ ဦး ရှိသည်။[] လွန်ခဲ့သည့်ရာစုနှစ်ကာလအတွင်းတွင် မြို့ရှိလူဦးရေသည် ခုနစ်ဆတိုးတက်လာခဲ့သည်။ ၁၉၂၀ ခုနှစ်မှ စတင်ကာ မြို့၏ လူဦးရေသည် မြင့်တက်လာခဲ့ပြီး ၂၀ ရာစုနောက်ပိုင်းကာလများတွင် အထူးသဖြင့် မြန်ဆန်သည့်နှုန်းထားဖြင့် မြင့်တက်ခဲ့သည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1920 ၁၀၉၂၁—    
1925 ၁၀၈၉၅−0.2%
1930 ၁၁၄၀၄+4.7%
1935 ၁၂၀၁၈+5.4%
1940 ၁၂၅၀၅+4.1%
1945 ၁၅၃၃၂+22.6%
1950 ၁၅၃၉၁+0.4%
1955 ၁၅၃၈၇−0.0%
1960 ၁၅၇၉၃+2.6%
1965 ၁၇၃၃၃+9.8%
1970 ၂၁၅၀၇+24.1%
ခုနှစ်လူဦးရေ±%
1975 ၃၀၀၂၂+39.6%
1980 ၃၉၁၉၈+30.6%
1985 ၄၄၄၆၅+13.4%
1990 ၄၈၈၉၉+10.0%
1995 ၅၃၀၄၀+8.5%
2000 ၅၉၅၇၇+12.3%
2005 ၆၄၀၀၈+7.4%
2010 ၆၇၉၀၄+6.1%
2015 ၇၀၈၃၅+4.3%
2020 ၇၃၇၅၃+4.1%
Kyōtanabe population statistics[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ခယောတနဘဲ သည် ရှေးခေတ်ယာမရှိရိုပြည်နယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ခယောတနဘဲသည် ဘုရင်ခဲတိုင်းလက်ထက် ခိုဖွန်းခေတ်ကာလတွင် တခဏတာ ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။ ဘုရင်ကြီးသည် ၅၁၁ ခုနှစ်မှ ၅၁၈ ခုနှစ်အထိ ဆွတ်ဆွတ်ခိနန်းတော်တည်ရှိရာတွင် နေထိုင်ခဲ့ကြသည်။ တနဘဲရွာကို ၁၈၈၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျိုတိုစီရင်စု၊ ဆွတ်ဇုခိခရိုင်တွင် တည်ထောင်ခဲ့သည်။ ၁၉၀၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြို့အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ၁၉၉၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် တနဘဲကို မြို့ကြီးအဖြစ်သို့ အဆင့်မြှင့်တင်သတ်မှတ်ခဲ့ပြီး ယဝတပြီးနောက်တွင် ကျိုတိုစီရင်တွင် ၁၂ ခုမြောက် မြို့ကြီးဖြစ်သည်။ ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၆၆ ခုမြောက်မြို့တော် ဖြစ်သည်။ ဝခယာမစီရင်စုရှိ တနဘဲနှင့် ရောထွေးမှုမရှိစေရန် အမည်၏ ရှေ့တွင် ကျိုတိုစီရင်စုတွင် တည်ရှိသည့်အတွက် “ခယော” ဟူသည့် စကားလုံးကို ထည့်သွင်းလိုက်ကာ “ခယောတနဘဲ” ဟု အမည်သတ်မှတ်ခဲ့သည်။

အုပ်ချုပ်မှု

[ပြင်ဆင်ရန်]

ခယောတနဘဲတွင် အုပ်ချုပ်မှုအတွက် မြို့တော်ဝန်ကောင်စီတစ်ခုရှိသည်။ ၎င်းမြို့တော်ဝန်ကောင်စီသည် မြို့တော်ဝန်ကို တိုက်ရိုက်ရွေးချယ်တင်မြှောက်ပြီး အဖွဲ့ဝင် ၂၀ ဦးပါဝင်သည့် မြို့တော်ဥပဒေပြုလွှတ်တော်ကောင်စီလည်း ပါဝင်သည်။ ကျိုတိုစီရင်စုံညီအစည်းအဝေးများသည် ခယောတနဘဲသည် ကျိုတိုစီရင်စု၊ ဆွတ်ဇုခိခရိုင်ရှိ မြို့နယ်များနှင့်အတူ အဖွဲ့ဝင်နှစ်ဦး တက်ရောက်သည်။

စီးပွားရေး

[ပြင်ဆင်ရန်]

ခယောတနဘဲသည် ကုန်သွယ်မှု၊ စိုက်ပျိုးရေးနှင့် အသေးစားထုတ်လုပ်မှုလုပ်ငန်းများ စသည်တို့ကို လုပ်ကိုင်ကြသည်။ ဆွတ်ဘခိမိုတိုချိန်းကုမ္ပဏီ၊ ဒိုင်းနစ်ပွန်ပုံနှိပ်လုပ်ငန်းနှင့် မဲအိဂျိ (Meiji) ကုမ္ပဏီများသည် ခယောတနဘဲတွင် စက်ရုံများ ရှိကြသည်။

ပညာရေး

[ပြင်ဆင်ရန်]

ကောလိပ်နှင့် တက္ကသိုလ်များ

[ပြင်ဆင်ရန်]

မူလတန်းနှင့် အလယ်တန်းပညာရေး

[ပြင်ဆင်ရန်]

ခယောတနဘဲတွင် အစိုးရမူလတန်းကျောင်း (၉) ခု၊ အစိုးရအလယ်တန်းကျောင်း (၃) ခုကို ဖွင့်လှစ်ထားသည်။ အစိုးရအထက်တန်းကျောင်းတစ်ခု ရှိသည်။ ပုဂ္ဂလိကပိုင်အလယ်တန်းကျောင်းတစ်ခုနှင့် အထက်တန်းကျောင်းတစ်ခု ရှိသည်။

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

ရထားလမ်းများ

[ပြင်ဆင်ရန်]

ကားလမ်းများ

[ပြင်ဆင်ရန်]

ခရီးသွားနေရာများ

[ပြင်ဆင်ရန်]

ထင်ရှားသူများ

[ပြင်ဆင်ရန်]
  • ခန်းဂျိတခအို - အပြေးနည်းပြနှင့် ယခင်တာဝေးအပြေးသမားဟောင်း (၁၀,၀၀၀ မီတာ)
  • တခုယမုဂုရုမ - ယခင်ဘောလုံးကစားသမားဟောင်း
  • အခိနရိခဝဇုရ - ဘောလုံးသမား (အိုးမိယအာဒိဂျ, J2 League)
  • မက်ဟမ်ဖီလ် - ပြေးခုန်ပစ်အားကစားသမား
  • မိုမိုဟိရအိ - အဆိုတော်, အကသမား, မော်ဒယ်, MC, တောင်ကိုရီးယားအမျိုးသမီးအုပ်စု Twice ၏ အဖွဲ့ဝင်

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ You must specify title = and url = when using {{cite web}}.။ JMA။ March 28, 2022 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ You must specify title = and url = when using {{cite web}}.။ JMA။ March 28, 2022 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Kyōtanabe population statistics