မာတိကာသို့ ခုန်သွားရန်

ခမဲပြင်ဘိုးဘိုးကြီး

ဝီကီပီးဒီးယား မှ

ခမဲပြင်ဘိုးဘိုးကြီး သည် မြန်မာ့တို့ကိုးကွယ်ယုံကြည်ကြသည့် နတ်တစ်ပါး ဖြစ်သည်။ ခမဲပြင်ဘိုးဘိုးကြီးနတ်နန်းသည် ပဲခူးတိုင်းဒေသကြီးကဝမြို့နယ်ခမဲပြင်ရွာအနီးတွင် တည်ရှိသည်။[][]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ခမဲပြင်ဘိုးဘိုးကြီးသည် မွန်လူမျိုး ဖြစ်သည်။ ကဝမြို့နယ်ရှိ ဆယ်ရွာကို အုပ်ချုပ်ရသည့် ဆယ်ရွာသူကြီး ဖြစ်သည်။ ကွယ်လွန်သည့်အခါတွင် မိမိအုပ်ချုပ်ခဲ့သည့် ရွာဆယ်ရွာကို စောင့်ရှောက်ပေးခဲ့သည်။ ရွာသူရွာသားများသည်လည်း ဘိုးဘိုးကြီးအား ယုံကြည်ကိုးခဲ့ကြသည်။ နောင်အခါတွင် ကိုးကွယ်ယုံကြည်သူများ များပြားတိုးပွားလာခဲ့သည်။

ခမဲပြင်ဘိုးဘိုးကြီးသည် ကြက်တိုက်ခြင်းကို နှစ်သက်သည်။ လူအများသည် နာမကျန်းဖြစ်သည့်အခါတွင် ကြက်များကို ဘိုးဘိုးကြီး၏ နန်းတော်တွင် လွှတ်ကြသည်။ ၎င်းကို "ခြေနှစ်ချောင်းလွှတ်သည်" ဟု ခေါ်ကြသည်။ နေအိမ်မှ ခြေနှစ်ချောင်းထွက်ကိန်းရှိသည်ဟု ယုံကြည်ပါက ယတြာချေသည့်အနေဖြင့် ဤကဲ့သို့ ပြုလုပ်ကြသည်။

ဘိုးဘိုးကြီး၏ ပွဲတော်ရက်ရောက်သည့်အခါတွင် ရွာသားများသည် နတ်နန်းတွင် လွှတ်ထားသည့် ကြက်များနှင့် မိမိတို့၏ ကြက်ကို တိုက်ကြသည်။ နိုင်သူစားကြေးဟူသည့် လောင်းကြေးဖြင့် လုပ်ကြသည့် အလေ့သည် ယခုထက်တိုင် မြင်တွေ့နိုင်သည်။[ကိုးကားချက်လိုသည်]

ယုံကြည်ကိုးကွယ်မှု

[ပြင်ဆင်ရန်]

ပဲခူး၊ ရန်ကုန်၊ ကဝမြို့နယ်၊ သနပ်ပင် အစရှိသဖြင့် နယ်များမှ ယုံကြည်သူများသည် မိမိတို့ဝယ်ထားသည့် ကား၊ လှေ၊ လှည်း၊ ဆိုင်ကယ် စသည်တို့ကို အန္တရာယ်ကင်းရှင်းစေရန် လာရောက်ပြသကြသည်။ နှစ်စဉ်ဝါဆိုလပြည့်နေ့ရောက်တိုင်း ခမဲပြင်ဘိုးဘိုးကြီးပွဲတော်ကို ကျင်းပသည်။[][]

ကိုးကား

[ပြင်ဆင်ရန်]

17°07′50″N 96°36′03″E / 17.130548298620045°N 96.60076070370509°E / 17.130548298620045; 96.60076070370509ကိုဩဒိနိတ်: 17°07′50″N 96°36′03″E / 17.130548298620045°N 96.60076070370509°E / 17.130548298620045; 96.60076070370509