ခ​နွဲ​

ဝီကီပီးဒီးယား မှ
(ခနွဲ မှ ပြန်ညွှန်းထားသည်)
ဖိုင်:Khanhwe.jpg
ခနွှဲ

ခနွှဲသည် နှီးသစ်သားစသည်တို့ဖြင့် ပြုလုပ်ထားသော လက်ကိုင်ရိုးတပ်ထားသည့် ရေပက်ခွက်တစ်မျိုး ဖြစ်သည့် ခနွှဲပုံနှစ်မျိုးရှိသည့် တစ်မျိုးမှာ ထောင့်သုံးစွန်းထွက်နေသော ခွက်ပက်လက်ဖြစ် ကျန်တစ်မျိုးမှာ ဝါးလုံးထက်ခြမ်းခွဲ သဏ္ဌာန် ပြုလုပ်ထားသော ပုံ ဖြစ်သည်။

ခနွှဲခွက်တွင် လက်ကိုင်ရိုးတပ်ထားသည့် အပြင် ကြိုးချည်နိုင်ရန်အတွက် အပေါ်ဘက်တွင် တန်းတစ်ခု ပိုး၍ တပ်ထားသည်။ ခနွှဲကို လယ်တစ်ကွက်မှ တစ်ကွက်သို့ ရေသွင်းရန်ဖြစ်စေ၊ ဟင်းခင်း၊ ယာခင်းများထဲသို့ ရေသွင်းရန်ဖြစ်စေ၊ အသုံးပြုကြသည့် မြန်မာလှေကြီးများတွင် လှေဝမ်းထဲမှ ရေကို ပက်ထုတ်ရန်နှင့် ငါးများကို အိုင်ပက်၍ ဖမ်းရာတွင်လည်း ခနွှဲကို အသုံးပြုကြသည့် ဆန်ရှားသဖြင့် မြက်သီးကို ခူးစားရသော အရပ်ဒေသများတွင်လည်း ခနွှဲကို မြက်သီးခပ်ရာတွင် အသုံးပြုကြလေသည့် လယ်များယာခင်းများတွင် အသုံးပြုသော ခနွဲမှာ ခနွဲစင်ခေါ် သုံးချောင်းထောက်ခွတွင် ကြိုးဖြင့် ဆိုင်း၍ ရေများကို ပက်ထုတ်လေသည့် လှေသမ္ဗာန်များပေါ်တွင် အသုံးပြုသော ခနွဲမှာ စင်မပါချေ။

ရေပက်ရာ၌ ခနွှဲကို အသုံးပြုရခြင်းမှာ ဤစနစ်ကို အသုံးပြုခြင်းဖြင့် လူကို မပင်ပန်းစေဘဲ အချိန်နည်းနည်းနှင့် အလုပ်တွင်ကျယ်ခြင်းကြောင့် ဖြစ်သည်။ ခနွှဲဖြင့် ရေပက်ခြင်း၊ ရေသွင်းခြင်းစနစ်ကို ကမ္ဘာ့အရပ်ရပ်တွင် ရှေးနှစ်ပေါင်းများစွာကအင် စတင်သုံးစွဲလာခဲ့လေသည်။ ယခုထက်တိုင် အီဂျစ်အိန္ဒိယနိုင်ငံမြန်မာနိုင်ငံယိုးဒယားနိုင်ငံနှင့် တရုတ်နိုင်ငံများရှိ တောပိုင်းဒေသများတွင် ခနွှဲကို အသုံးပြုလျက်ပင် ရှိကြသေးသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-ခ၊ အတွဲ-၂-စာမျက်နှာ ၂၄၆−၂၄၇