မာတိကာသို့ ခုန်သွားရန်

ခန်းခိခိုးဂျိ

ဝီကီပီးဒီးယား မှ
ကျောင်းတော်သို့ ဝင်ပေါက်

ခန်းခိခိုးဂျိ (歓喜光寺) သည် ဂျပန်နိုင်ငံကျိုတိုမြို့ယာမရှိနရပ်ကွက်တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်သည် ဂျိရှူးဗုဒ္ဓဘာသာကျောင်းတော် ဖြစ်သည်။ ကျောင်းတော်ကို တော်ဝင်အကြီးအကဲ ခုဂျောတဒနိုရိ၏ ထောက်ပံ့မှူဖြင့် ရှောခိုင်းက ၁၂၉၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ရှောခိုင်းသည် ဂျိရှူးဗုဒ္ဓဘာသာကို တည်ထောင်သူဖြစ်သည့် အစ်ပန်း၏ ဆွေမျိုးနီးစပ်တော်ပြီး တပည့်သာဝကတစ်ဦးလည်း ဖြစ်သည်။

သမိုင်းကြောင်းတစ်လျှောက် ကျောင်းတော်သည် အကြိမ်များစွာ မီးရှို့ခြင်းခံခဲ့ရပြီး နေရာများစွာသို့ ပြောင်းရွှေ့ခဲ့ရသည်။ သိသာသည့် ကျောင်းတော်ကို ပြောင်းရွှေ့ခဲ့ကြသည့် ခုနှစ်များမှာ ၁၅၇၃ ခုနှစ်၊ ၁၅၉၂ ခုနှစ်နှင့် နောက်ဆုံးခုနှစ်မှာ ၁၉၇၅ ခုနှစ်တို့ ဖြစ်ကြသည်။[]

ခန်းခိခိုးဂျိတွင် ရဟန်းတော်အစ်ပန်း၏ ရုပ်ပြအတ္ထုပတ္တိစာအုပ်မူရင်း ရှိသည်။ ထိုစာအုပ်သည် ၁၂၉၉ ခုနှစ်ကတည်းက ရှိခဲ့သည့် စာအုပ်ဖြစ်သည်။ အစ်ပန်း၏ ဘဝအကြောင်းရေးသားထားသည့် စာအုပ်များထဲတွင် သက်တမ်းအကြာဆုံးမပျက်မစီးရှိခဲ့သည့် လက်ရာတစ်ခုလည်း ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 歓喜光寺,Kankiko-ji Temple "Kyotofukoh"။ 2024-07-12 တွင် ပြန်စစ်ပြီး။
  2. Murase၊ Miyeko (1983)။ Emaki, narrative scrolls from Japan။ Asia Society, Japan။ New York, N.Y.: Asia Society။ ISBN 978-0-87848-060-9

ကိုဩဒိနိတ်: 4°57′58.5″N 135°49′21″E / 4.966250°N 135.82250°E / 4.966250; 135.82250