ခတ္တာဂမုန်း

ဝီကီပီးဒီးယား မှ

ဂမုန်းကတိုး အရွက်ကဲ့သို့သော အရွက်ရှိသည်။ သို့ရာတွင် အရွက်အနား လက်တစ်လုံးခန့် နီသည်။ မြေပေါ်၌ဖြစ်စေ၊ အဆောက်အအုံ အထက်ဖျား ဆွေးမြေ့သောနေရာ၌ဖြစ်စေ၊ ကျောက်မြေပေါ်၌ဖြစ်စေ၊ ကျောက်ဆောင် ကျောက်တောင်များပေါ်၌ ဖြစ်စေ ပေါက်တတ်သည်။ ဥမှာ ကြက်ဥ အရွယ်ခန့်ရှိသည်။ အကြောင်၊ အနီ၊ အနက်၊ အဖြူ၊ အရွှေ ဟူ၍ အရောင်ကိုလိုက်၍ အမည်အမျိုးမျိုးရှိသည်။[၁] ခတ္တာဂမုန်းကို ဂမုန်းကတင်၊ ဂမုန်းခံတွင်း ဟုလည်း ခေါ်ကြသည်။ အပင်ကို ခွေးများ လာရောက် အိပ်တတ်သည်ဟု ဆို၏။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  2. ဖိုးသာဝ၊ ဂမုန်းညွှန်းကျမ်း(ပထမတွဲ)နှာ-၃၂/၃၃