ခတ္တမန္ဒု တက္ကသိုလ်

ဝီကီပီးဒီးယား မှ
ခတ္တမန္ဒု တက္ကသိုလ်
काठमाडौं विश्वविद्यालय
ဆောင်ပုဒ်Quality Education for Leadership
အမျိုးအစားPublic
တည်ထောင်၁၉၉၁
တည်ထောင်သူများSuresh Raj Sharma
အဓိပတိနီပေါဝန်ကြီးချုပ်
ဒုအဓိပတိProf. Dr. Ram Kantha Makaju Shrestha
သင်တန်းသား၁၅၀၀၀
တည်နေရာဒူလီခေးလ်မြို့ , နီပေါနိုင်ငံ
ဝဘ်ဆိုဒ်ku.edu.np

ခတ္တမန္ဒု တက္ကသိုလ် (နီပေါ: काठमाण्डौ विश्वविद्यालय) သည် အစိုးရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အများပြည်သူဆိုင်သော ပညာရေးအဖွဲ့အစည်း ဖြစ်သည်။ နီပေါနိုင်ငံ၏ တတိယမြောက် သက်တမ်းအရှည်ဆုံး တက္ကသိုလ်တစ်ခု ဖြစ်ပြီး ခတ္တမန္ဒုမြို့ အရှေ့ဘက် ၃၀ ကီလိုမီတာအကွာ ဒူလီခေးလ်မြို့(Dhulikhel)၊ ကာဗရီပလန်ချော့ ခရိုင်(Kavrepalanchok District) တွင် တည်ရှိသည်။ ခတ္တမန္ဒု တက္ကသိုလ်ကို ၁၉၉၁ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းဆောင်ပုဒ်မှာ "Quality Education for Leadership" ဖြစ်သည်။ တက္ကသိုလ်သည် ဒူလီခေးလ်၊ လာလစ်ပူရ်(Lalitpur) နှင့် ဘာ့ခ်တာပူရ်(Bhaktapur) ရှိ ကျောင်းဝင်း သုံးခုနှင့် ဌာန ၇ ခုတို့ဖြင့် သင်ကြားရေးများကို ပြုလုပ်ပေးလျက် ရှိသည်။ တက္ကသိုလ်တွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန် ပညာရေးများအတွက် များစွာသော ပညာရပ်ဆိုင်ရ နယ်ပယ်တို့တွင် သင်ကြားနိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ခတ္တမန္ဒု တက္ကသိုလ် အုပ်ချုပ်မှုရုံး အဆောက်အဦ

တက္ကသိုလ် မတည်ထောင်နိုင်မီ အစောပိုင်း ယုံကြည်ရာဆောင်ရွက်နေကြသော လူတစ်စုသည် ခတ္တမန္ဒုတောင်ကြား ကျောင်းဝင်း (သရီဘူဗန် တက္ကသိုလ်၏ အောက်တွင် ပါဝင်ထားသော ပုဂ္ဂလိက တက္ကသိုလ်) ကို ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အလယ်တန်းအဆင့် သိပ္ပံပညာ(Intermediate of Science level) ကို သင်ကြားပေးခဲ့သည်။ ထိုအဖွဲ့သည်ပင် ခတ္တမန္ဒု တက္ကသိုလ်တည်ထောင်ရန် အကြံပြုခဲ့သည်။ ပါလီမန်တွင် အဆိုပြုတင်သွင်း ဆွေးနွေးခဲ့ပြီးနောက် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပါလီမန်ဥပဒေအရ ခတ္တမန္ဒု တက္ကသိုလ် တည်ထောင်ရန် ခွင့်ပြုခဲ့သည်။

တည်ထောင်ခြင်း[ပြင်ဆင်ရန်]

Kathmandu University High School
ခတ္တမန္ဒု တက္ကသိုလ် အထက်တန်းကျောင်း

ခတ္တမန္ဒု တက္ကသိုလ် တည်ထောင်ခွင့် ဥပဒေ[၁]အရ အကျိုးအမြတ်မယူသော၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အများပြည်သူနှင့် ဆိုင်သော တက္ကသိုလ်[၂] ၁၉၉၁ နိုဝင်ဘာတွင် တည်ထောင်ခဲ့ပြီးသောအခါ အဆင့်မြင့် ပညာရေးကို သင်ကြားနိုင်သော ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် အများပြည်သူနှင့်ဆိုင်သော ပညာရေးအဖွဲ့အစည်း ဖြစ်လာခဲ့သည်။ တက္ကသိုလ်မတည်ထောင်မီက ခတ္တမန္ဒုတောင်ကြား ကျောင်းဝင်းကို ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုကျောင်းသည် သရီဘူဗန် တက္ကသိုလ်၏ အောက်တွင် ပါဝင်ထားသော ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းဖြစ်ပြီး အလယ်တန်းအဆင့် သိပ္ပံပညာတိုကို သင်ကြားပေးခဲ့သည်။


ခတ္တမန္ဒု တက္ကသိုလ်သည် ပညာရေးဆိုင်ရာ အစီအစဉ်များကို ၁၉၉၂ ခုနှစ်တွင် အလယ်တန်းအဆင့် သိပ္ပံပညာတိုကို သင်ကြားခြင်းဖြင့် စတင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် တက္ကသိုလ်သည် ဆေးဝါးပညာ၊ ဇီဝဗေဒနှင့် အင်ဂျင်နီယာ( လျှစ်စစ်နှင့် အီလက်ထရောနစ်၊ ကွန်ပျူတာနှင် စက်မှု) ဆိုင်ရာ ဘွဲ့များအတွက် သင်ကြားပေးခဲ့သည်။ နောင်တွင် ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာနှင့် သိပ္ပံပညာသည်လည်း ကျောင်း၏ ပညာရေးအစီအစဉ်တွင် ပါဝင်လာခဲ့သည်။ M.Phil နှင့် PhD တို့ကို ၁၉၉၇ ခုနှစ်မှ စတင်ကာ သင်ကြားပေးနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဥပဒေဌာနကို ဖွင့်လှစ်ပြီး ဥပဒေပညာကို စတင်သင်ကြားခဲ့သည်။

အရေးပါသော မှတ်တိုင်များ[ပြင်ဆင်ရန်]

  • ၁၉၈၅ ခုနှစ် ဩဂုတ်လတွင် သရီဘူဗန် တက္ကသိုလ် အောက်တွင် ခတ္တမန္ဒုတောင်ကြား ကျောင်းဝင်းကို တည်ထောင်ခဲ့ပြီး အလယတန်းအဆင့် သိပ္ပံပညာရပ်များကို စတင်သင်ကြားခဲ့သည်။
  • ၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် ပါလီမန်ဥပဒေဖြင့် ခတ္တမန္ဒု တက္ကသိုလ် တည်ထောင်ရန် သတ်မှတ်အရည်းအချင်းနှင့် ပြည့်မီကြောင်း ထုတ်ပြန်ခဲ့သည်။
  • ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် တက္ကသိုလ် ပညာရေးအဖွဲ့ ပထမဆုံးအစည်းအဝေးကို ဝန်ကြီးချုပ်လည်းဖြစ်သူ ခတ္တမန္ဒု တက္ကသိုလ် အဓိပတိအဖြစ် Girija Prasad Koirala မှ ဦးဆောင်ကျင်းပခဲ့ပြီး Dr. Suresh Raj Sharma ကို တက္ကသိုလ်၏ ဒုတိယ အဓိပတိအဖြစ် ခန့်အပ်ခဲ့သည်။
  • ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် Dr. Sitaram Adhikary အား တက္ကသိုလ် မော်ကွန်းထိန်းအဖြစ် ခန့်အပ်ခဲ့သည်။
  • ၁၉၉၂ ခုနှစ် ဇူလိုင်လတွင် တန်ဂဲလ်၌ သိပ္ပံဌာနကို ဖွင့်လှစ်ခဲ့ပြီး Dr. Bhadra Man Tuladhar အား ဌာနမှူးအဖြစ် ခန့်အပ်ခဲ့သည်။ ခတ္တမန္ဒု တက္ကသိုလ်သည် ကိုယ်ပိုင် အလယ်တန်းအဆင့် သိပ္ပံပညာကို စတင်သင်ကြားပေးနိုင်ခဲ့သည်။
  • ၁၉၉၃ ခုနှစ် ဩဂုတ်လတွင် စီမံခန့်ခွဲမှုပညာဌာနကို နယူးဘန်းနက်ဆွာတွင် ဖွင့်လှစ်ခဲ့သည်။ ပါမောက္ခ Krishna Swaminathan အား စီမံခန့်ခွဲမှုဌာန၏ ဌာနမှူးအဖြစ် ခန့်အပ်ခဲ့သည်။ စီးပွားရေး စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ ဘွဲ့လွန်ကို စတင်သင်ကြားပေးနိုင်ခဲ့သည်။
  • ၁၉၉၄ ခုနှစ် မတ်လတွင် ပညာရေးကောင်စီသည် သုံးနှစ်ဖြင့် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့များ၊ လေးနှစ်ဖြင့် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ (ဂုဏ်ထူးတန်း)အား စတင် ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။

ကျောင်းပရဝဏ်[ပြင်ဆင်ရန်]

ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ[ပြင်ဆင်ရန်]

ခတ္တမန္ဒု တက္ကသိုလ်သည် ဌာန ၇ ခုဖြင့် ပညာသင်ကြားပေးလျက် ရှိသည်။ ၎င်းဌာနတို့မှာ

  • သိပ္ပံဌာနကြီး (School of Science)
  • ဝိဇ္ဇာနှင့် လူမှုဗေဒ ဌာနကြီး (School of Arts & Humanities)
  • ပညာရေးဌာနကြီး (School of Education)
  • အင်ဂျင်နီယာဌာနကြီး (School of Engineering)
  • စီမံခန့်ခွဲမှုပညာဌာနကြီး (School of Management)
  • ဆေးသိပ္ပံဌာနကြီး (School of Medical Sciences)
  • ဥပဒေဌာနကြီး (School of Law)

ဆေးသိပ္ပံဌာနကြီးနှင့် အင်ဂျင်နီယာဌာနကြီးတွင် ကျောင်းသားအများစု တက်ရောက်ကြသည်။ သိပ္ပံဌာနကြီးနှင့် အင်ဂျင်နီယာဌာနကြီးတို့မှာ တက္ကသိုလ်ရှိ အခြားဌာနကြီးတို့နှင့် မတူပဲ နိုင်ငံတဝှမ်းတွင် ကောလိပ်များစွာတို့သည် ထိုဌာနကြီးတို့အောက်တွင် ရှိကြသည်။ အင်ဂျင်နီယာဌာနကြီးတွင် လက်ရှိ၌ လျှပ်စစ်နှင့် အီလက်ထရောနစ်ဘာသာရပ်များကို ဘွဲ့ကြိုရော၊ ဘွဲ့လွန်ပါ အများစု သင်ကြားကြပြီး မကြသေးမီက မြို့ပြအင်ဂျင်နီယာ ဘာသာရပ်နှင့် Geomatics Engineering ဘာသာရပ်တို့ကို သင်ကြားခဲ့သည်။ သိပ္ပံဌာနကြီးတွင်လည်း မနုဿဇီဝဗေဒ၊ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်၊ ဇီဝနည်းပညာဘာသာရပ်နှင့် အသုံးချရူပဗေဒ ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။ ဓာတုအင်ဂျင်နီယာ၊ သားဖွားအထူးပြု သူနာပြုဘွဲ့နှင့် အရိုးနှင့်အကြောဆိုင်ရာ ဆေးပညာဘွဲ့တို့သည် မကြာသေးမီက သင်ကြားနိုင်ခဲ့သော ပညာရပ်များဖြစ်ပြီး နီပေါနိုင်ငံတွင် ပထမဆုံး သင်ကြားနိုင်ခဲ့သော တက္ကသိုလ်ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ပညာရေးအစီအစည်[ပြင်ဆင်ရန်]

တက္ကသိုလ်တွင် အင်ဂျင်နီယာ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စီမံခန့်ခွဲမှုပညာ၊ ပညာရေး၊ ဥပဒေနှင့် ဆေးပညာသိပ္ပံဆိုင်ရာ နယ်ပယ်များကို ဘွဲ့ကြိုမှ ဘွဲ့လွန်အထိ သင်ကြားနိုင်သည်။ ဘွဲ့ကြိုများအတွက် သင်ကြားနိုင်သော ပညာရေးအစီအစဉ်များမှာ အင်ဂျင်နီယာပညာရပ် (ဓာတုအင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်နှင့် အီလက်ထရောနစ်အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ ပတ်ဝန်ကျင်းဆိုင်ရာ အင်ဂျင်နီယာ၊ ဗိသုကာအင်ဂျင်နီယာနှင့် Geomatics အင်ဂျင်နီယာ)၊ သိပ္ပံ (ဇီဝနည်းပညာ၊ ကွန်ပျူတာသိပ္ပံ၊ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံ၊ ဆေးဝါပညာ၊ မနုဿဇီဝဗေဒ၊ Computational Mathematics နှင့် အသုံးချရူပဗေဒ)၊ စီမံခန့်ခွဲမှုပညာ (Business Administration)၊ ဝိဇ္ဇာ (ဂီတ၊ သတင်းမီဒီယာ၊ ဘောဂဗေဒ၊ community development နှင့် fine art)၊ ဆေးပညာသိပ္ပံ (MBBS၊ MD/MS၊ Mch/DM in various medical specialities and subspecialities၊ B Sc Nursing, PCL Nursing၊ Bachelor in Nursing၊ BSc Midwifery, Bachelor in Physiotherapy BDS) တို့ဖြစ်သည်။ ဓာတုအင်ဂျင်နီယာ ဘာသာရပ်ကို နီပေါနိုင်ငံတွင် ပထမဆုံး သင်ကြားပေးနိုင်ခဲ့သော တက္ကသိုလ်လည်း ဖြစ်သည်။

အဆင့်[ပြင်ဆင်ရန်]

ခတ္တမန္ဒု တက္ကသိုလ်သည် နီပေါနိုင်ငံ၏ နံပါတ် ၁ အကောင်းဆုံး တက္ကသိုလ် ဖြစ်သည်။ အင်ဂျင်နီယာဘာသာရပ်များအား သင်ကြားပေးရာတွင် ကျော်ကြားခြင်းဖြစ်ပြီး နီပေါနိုင်ငံ အကောင်းဆုံး နည်းပညာ တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. KU Act 2048/1991Ministry of Education, Nepal။ 2 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. SCIENCE, RESEARCH AND TECHNOLOGY IN NEPALBajracharya, Dayanand; Bhuju, Dinesh Raj; Pokhrel, Jiba Raj. UNESCO Kathamndu Office.။ ၁၀ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။