ခက်ရင်း

ဝီကီပီးဒီးယား မှ

ခက်ရင်းသည် အချွန်အတက်များ ထိပ်ဖျားတွင် ရှိသော လက်နက် သို့မဟုတ် ကိရိယာတစ်မျိုး ဖြစ်သည်။ ခက်ရင်း အမျိုးမျိုး ရှိသည်။ သာမန် လှံ၊ စူး၊ ဝါးချွန်တို့တွင် ချွန်မြသောအသွား တစ်ခုသာ ရှိသော်လည်း ခက်ရင်းတွင် နှစ်ခွ၊ သုံးခွမှ စ၍ အစားစား ရှိနိုင်သည်။ ခက်ရင်းကို ဆိုးရွားသော တိရစ္ဆာန်များ တိုက်ခိုက်နှိမ်နင်းရာတွင် အသုံးပြုခဲ့ကြသည်ဟု ဒဏ္ဏာရီများအရ သိရသည်။ အထူးသဖြင့် ငရဲစစ်သည်များ အပြစ်သားများကို နှိပ်ကွပ်ရာတွင် ခက်ရင်းကိုင်းကြသည်ဟု ပုံဖော်တတ်ကြသည်။ လူလူချင်း တိုက်ခိုက်ရာတွင် ခက်ရင်းမသုံးကြပေ။ ယခုခေတ်တွင် ခက်ရင်းကို အစားအသောက်စားသည့် နေရာတွင်သုံးသော ကိရိယာအဖြစ် အများဆုံး မြင်တွေ့ရသည်။