ခက်ပန်၊ မောင် (စာရေးဆရာ)

ဝီကီပီးဒီးယား မှ

၁၉၄၇ ခုနှစ်တွင် သာယာဝတီ မြိုနယ် ဂုံမင်းမြောင် ရွာ၌ မွေးဖွား ခဲ့သည်။ အမည်ရင်း လှရှိန်၊ ငယ်စဉ်က ဂုံမင်းပြောင်ရွာ မူလတန်း ကျောင်းနှင့် ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ဦးပြည်သိမ်း ကျောင်းတွင် မူလတန်းမှ အထက်တန်း အထိ ပညာ သင်ကြား ခဲ့သည်။ ကျူရှင်၊ သတင်းစာ ကိုယ်စားလှယ်၊ စာရေးဆရာ၊ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ အဖြစ် လုပ်ကိုင် ခဲ့သည်။ ၁၉၆၀ - ၆၁ ခုနှစ် များတွင် အချစ်တော်၊ ချိုတေးသံ၊ ချိုတေးရှင်၊ နဝဒေး မဂ္ဂဇင်း၊ ဂျာနယ်များတွင် ‘ဘသွေးနီ’ ကလောင် အမည်ဖြင့် ကဗျာများ ရေးသား ခဲ့သည်။ နောက် ‘မောင်ခက်ပန်’ အမည်ဖြင့် စန္ဒာ၊ ရှုမဝ၊ မိုးဝေ မဂ္ဂဇင်း များတွင် ဝတ္ထုတိုများ ရေးသား ခဲ့သည်။ လုံးချင်း ဝတ္ထု စာအုပ် များလည်း ရေးသား ထုတ်ဝေ ခဲ့သည်။ ‘ဆည်းဆာရိပ် အောက်မှ ရုပ်ပုံလွှာ’ (၁၉၇၆)၊ ‘လွမ်းရတဲ့ အဖြစ် ကလေးတွေ’ (၁၉၇၈)၊ ‘သိုးတကောင်၏ တဝက်တပျက် ဘဝ’ (၁၉၇၈) စသဖြင့် ထုတ်ဝေ ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]