ကွဲဟဲ့ ကွဲဟဲ့ဆိုတော့ သူများက၊ လွမ်းရတော့ ကိုယ်က
ပုံပန်းသွင်ပြင်
ကွဲဟဲ့ ကွဲဟဲ့ဆိုသော့ သူများက၊ လွမ်းရတော့ ကိုယ်က သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ကွဲဟဲ့ကွဲဟဲ့ဆိုတော့ သူများက၊ လွမ်းရတော့ ကိုယ်က ဆိုသည်မှာ သူများက ကွာခိုင်း၍ ကွာခဲ့ရသော လင်မယားများအတွက် လွမ်းဆွတ်ဝမ်းနည်းစရာနှင့် ကြုံတွေ့လာရသောအခါ အခြားသူများက လွမ်းဆွတ်ခံစားကြရခြင်းမရှိဘဲ ကာယကံရှင် လင်မယားသာ လွမ်းဆွတ်ခံစားကြရသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ဆုံးဖြတ်ချက်တစ်ခု၏ အကျိုးဆက်ကို ဆုံးဖြတ်ချက်ချမှတ်သူကိုယ်တိုင်သာ ခံစားရကြောင်းကို ဖော်ပြသည်။ အခြားသူများက အလွယ်တကူ ဝေဖန်အကြံပေးနိုင်သော်လည်း ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာကိုမူ ဆုံးဖြတ်ချက်ချမှတ်သူကိုယ်တိုင်သာ ခံစားရသည်။ အထူးသဖြင့် အိမ်ထောင်ရေးကိစ္စများတွင် အခြားသူများ၏ အပြောကြောင့် အိမ်ထောင်ကွဲခဲ့ပါက နောင်တွင် နောင်တနှင့် ဝမ်းနည်းခြင်းကို မိမိကိုယ်တိုင်သာ ခံစားရမည်ဖြစ်သည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၁၃၁၀] ဒဂုန်၊ ၂၂၊ ၈။ ၂၂၀။ ကိုးကား အမှား - Invalid parameter "'dagon22-8-220" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၃၁၂] ချစ်သမီး။ ၅၂။ ကိုးကား အမှား - Invalid parameter "'chitthamee52" in
<ref>tag. The supported parameters are: dir, follow, group, name.