ကွမ်းအစ်
ပုံပန်းသွင်ပြင်
ကွမ်းအစ်သည်မြန်မာလူမျိုးတို့၏အဆောင်အယောင်တစ်ခုဖြစ်သည်။ ရှေးမြန်မာတို့သည်ယောက်ျားရော မိန်းမပါကွမ်းစားလေ့ရှိသဖြင့် အိမ်တိုင်းတွင်ကွမ်းအစ်ဆောင်ထားလေ့ရှိသည်။ ဧည့်သည်လာပါက လက်ဖက်၊ ကွမ်းအစ်တို့ဖြင့်ဧည့်ခံလေ့ရှိကြသည်။ နန်းတွင်းဝင်ရာတွင်လည်းနောက်တော်မြဲတစ်ဦးက ကွမ်းအစ်ကိုင်လိုက်ရသည်။ ကွမ်းအစ်တွင် ကွမ်းရွက်၊ ဆေးရွက်ကြီး၊ ကွမ်းသီးတို့ကို သီးခြားစီထည့်ထားလေ့ရှိကြသည်။
ကိုးကား
[ပြင်ဆင်ရန်]
ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |