ကွန်ပျူတာ သမိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာနိုင်ငံ ကွန်ပျုတာ သမိုင်း[ပြင်​ဆင်​ရန်​]

(အတည်ပြုချဲ့ထွင်ရေးသားပေးရန်လိုအပ်ပါသည်) မြန်မာနိုင်ငံတွင် ကွန်ပျူတာ တက္ကသိုလ်မဆိုထားဘိ ကွန်ပျူတာ ဌာနပင်မရှိသေးမီက (၁၉၇၃ ခုနှစ်မတိုင်မီက ) တက္ကသိုလ်တစ်ခု၏ သင်္ချာဌာနလက်အောက်တွင်တွက်ချက်ရေးယူနစ် အဖြစ် စတင်ဖွဲ့စည်းခဲ့သည်ဟု အဆိုရှိသည်။

လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှတ်တမ်းပြုစုသော ကိစ္စရပ်များကို ကူညီဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။ စက္ကူ ကဒ်ပြားများကိုစက်ဖြင့်အပေါက်ဖေါက်ပြီး သုံးရသောစနစ်ဖြစ်သည်။ နောက်ပိုင်းတွင် ပီစီ မဟုတ်သေးသော ကွန်ပျူတာများ တစ်စတစ်စ ရောက်ရှိလာပြီး ဝန်ကြီးဌာနအချို့တွင်သုံးစွဲလာခဲ့သည်။ MCC အမည်ဖြင့် ကွန်ပျူတာပညာဆင့်ပွါးပေးသောအစုအဖွဲ့ရှိခဲ့ဖူးပြီး ကွန်ပျူတာသင်တန်းကျောင်း လုံးဝမရှိဟုဆိုပါသည်။ ရှေးဦးစွာရောက်ရှိလာသော PC တို့တွင်လည်း CD ROM, Sound card, Mouse စသည်တို့ မပါဝင်သေးပဲ DOS Version ဖြင့်ပင် Run နိုင်သော စာစီစာရိုက်အတွက် (WordStar)၊ စာရင်းဇယားဆွဲရန် (Foomtools) စသည့် ဆော့ဖ်ဝဲများသုံးကြရသည်ဆိုပါသည်။

နောက်ပိုင်း (Wordperfect 5.1) ပေါ်ပေါက်လာပြီး (Dbase 4), (Lotus 1-2-3) စသည်တို့အပြင် (Harbor Graphic 3 ), (AutoCAD) စသည်တို့ ကိုပါသုံးစွဲလာနိုင်ကြောင်းသိရပါသည်။ WINDOWS OS ပေါ်လာသော အပြောင်းအလဲပြီးသည့်တိုင် မြန်မာပြည်တွင် ကွန်ပျူတာ မြင်သိထိတွေ့ဖူးသူ အလွန်နည်းပါးပြီး WINDOW 95 ပေါ်ပေါက်လာပြီးမှ တစ်စတစ်စပြည်သူလူထုအတွင်း ကွန်ပျူတာသုံးစွဲနိုင်သော အခြေအနေရောက်လာခဲ့ပါသည်။ သင်ကြားရေးတွင်မူ WINDOWS 3.1 ခေတ်ကပင် CSS, RS, MCC စသော သင်တန်းအဖွဲ့အစည်းများလဲ ပေါ်ထွန်းလာပြီး၊ ACE, KMD စသည်အဖွဲ့အစည်းများလည်းဆက်လက်ပေါ်ပေါက်လာကြောင်းသိရပါသည်။ ထို့အပြင် ကွန်ပျူတာဂျာနယ်သည်လည်း မြန်မာ့ကွန်ပျူတာသမိုင်းတွင် အရေးပါသောအခန်းမှပါဝင်နေကာ အကျိုးပြုပံ့ပိုးကူညီနိုင်ခဲ့ပါသည်။

ဒင်းနစ်ဝင်းသိန်း၏အစီအစဉ်ဖြင့် အချို့အခြေခံပညာကျောင်းများအတွက် LC630 Macintosh ကွန်ပျူတာများ အကြွေးရောင်းချပေးခဲ့ရာမှ မြို့ငယ်လေးများ၏အထက်တန်းကျောင်းများပါ ကိုယ်ထူကိုယ်ထစနစ်ဖြင့် Clone PC များ ဝယ်ယူသိမ်းဆည်း ပြသသောဓလေ့၊ Multimedia classroom များ ဖွဲ့စည်းတည်ဆောက်သော ဓလေ့များ ထွန်းကားခဲ့သည်ဆိုပါသည်။

ဆက်လက်ပြီး Network ကွန်ယက်ချိတ်ဆက်သောလုပ်ငန်းများဖွံ့ဖြိုးလာခဲ့သော်လည်း အင်တာနက်ကို တိုက်ရိုက်မသုံးနိုင်သေးပဲ အင်ထရာနက် သုံးကြရသည်ဆိုပါသည်။ Dial up စနစ် ကွန်ယက်ချိတ်ဆက် ပစ္စည်းတို့မှာ ခွင့်ပြုချက်မရလျှင်သုံးစွဲခွင့်မရှိသောကန့်သတ်ပစ္စည်းဖြစ်ခဲ့ရပြီး နောင်အခါ IP Star စလောင်းများဖြင့် Internet ချိတ်ဆက်အသုံးပြုမှုအထိ ကျယ်ပြန့်လာသည်ဆိုပါသည်။

ကွန်ပြူတာ ဝန်ဆောင်မှုအပိုင်းတွင် စာစီစာရိုက်လုပ်ငန်းမှာစီးပွားဖြစ်အသွင်ဦးစွာပေါ်ပေါက်လာပြီး၊ ကွန်ပျူတာဖြင့် ဇာတာဖွဲ့ပေးခြင်း စသည်တို့သည်လည်း စောစီးစွာပေါ်ပေါက်ဖူးသည်ဆိုပါသည်။ စာစီရာမှ ဒီဇိုင်းလုပ်ငန်းများ၊ ထိုမှတဆင့် စီဒီဗီဒီယိုအခွေကူးခြင်း/ MP3 ပြောင်းပေးခြင်း၊ ငှားရမ်းခြင်း၊ ဓါတ်ပုံအခွေထုတ်ခြင်း၊ ဗီဒီယို တည်းဖြတ်ခြင်း၊ ကာတွန်းရုပ်ရှင်ဖန်တီးခြင်း၊ ဂိမ်းဆိုင်များဖွင်ခြင်းတို့နှင့်အတူ ဆိုင်ဘာကဖေးဆိုင်များ ပေါ်ထွန်းလာသည်အထိ ကမ္ဘာနှင့်အညီ ရင်ဘောင်တန်းလိုက်လာနိုင်သလို IT ပညာရှင်များလည်း အထိုက်အလျောက် ပေါ်ပေါက်လာပြီး ကွန်ယက်များချိတ်ဆက်ထိန်းသိမ်းပေးခြင်း၊ ဆော့ဖ်ဝဲ ရေးသားရောင်းချခြင်း၊ Web page ဒီဇိုင်းများရေးဆွဲကြေညာပေးခြင်း စသည့် အတတ်များလည်း တတ်ကျွမ်းလာနေပြီဖြစ်ပါသည်။

ထိုမျှမက ယခုအခါဟက်ကာများလည်း ရှိသည်ဟု ကြားသိနေရပါသည်။

ယနေ့မြန်မာနှင့်ကွန်ပျုတာ[ပြင်​ဆင်​ရန်​]

ယနေ့ မြန်မာနိုင်ငံ မြို့ကြီးအတော်များများတွင် ကွန်ပျုတာကွန်ယက်များ တည်ထောင်ထားရှိနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ကွန်ပျုတာနှင့် ပတ်သက်သော ပညာရပ်များ၊ ဆက်စပ်ပစ္စည်းများကို ရင်းနှီးကျွမ်းဝင်မှု ရှိလာပြီဖြစ်သည်။ (Public Access Centre) များတိုးချဲ့တည်ထောင် လာနိုင်သည်နှင့်အမျှ မြန်မာနိုင်ငံ ကွန်ပျုတာလောကသည် တရိပ်ရိပ် တိုးတက်လာနေပြီ ဖြစ်သည်။ လူငယ်လူကြီးမရွေး ကမ္ဘာနှင့် ရင်ဘောင်တန်းကာ ဆက်သွယ်မူများ ပြုလာနိုင်ပြီဖြစ်သည်။ သတင်းအချက် အလက်ဖလှယ်ခြင်း၊ အဝေးရောက် မိသားစု၊ ချစ်သူ၊ သူငယ်ချင်းများနှင့်လဲ လွယ်လင့်တကူ ဆက်သွယ် ပြောဆိုနိုင်ခြင်း၊ ကွန်ပျုတာ နည်းပညာရှာဖွေခြင်း၊ တိုးတက်ကြံဆောင်ခြင်းများကိုလဲ ပြုလုပ်လာနိုင်ပြီဖြစ်သည်။

ကွန်ပျုတာ[ပြင်​ဆင်​ရန်​]

တိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင် သင်္ချာတွက်စက်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ၎င်းမှာ လျှပ်စစ်စွမ်းအားနှင့် သင်္ချာပညာရပ်များအား အသုံးပြု၍ လုပ်ငန်းရပ်များအား အဆင်ပြေချောမွှေ့လွယ်ကူစေရန် ဖန်တီးယူထားသည့် စက်အမျိုးအစား တစ်ခုဖြစ်ပါသည်။ မှတ်တမ်းများ သိမ်းဆည်းခြင်း (Data storage)၊ ပြန်လည်ခေါ်ယူခြင်း (Retrive)၊ အစီအစဉ်များ ထည့်သွင်းခြင်းနှင့် ထုတ်ယူခြင်း (l/O Device)၊ စဉ်းစားတွက်ချက်ပေးခြင်း (Calculate) တို့အား လုပ်ငန်းစဉ်များအလိုက် အသုံးပြုနိုင်ရန် စီစဉ်ထားပါသည်။ ကွန်ပျုတာအား တီထွင်ရန် စတင်စဉ်းစားခဲ့စဉ်ထဲကပင် လုပ်ငန်းရပ် အသီးသီး၌ အသုံးပြုနိုင်ရန် ရည်ရွယ်၍ တီထွင်ခဲ့ခြင်းဖြစ်သည်။ စတင်တီထွင်ခဲ့စဉ်အချိန်တွင် (Analog Computer) နှင့် (Digital Computer) ဟူ၍ တည်ဆောက်ပုံ နှစ်မျိုးရှိခဲ့ပါသည်။ (Analog Computer) သည် လျှပ်စစ်စွမ်းအား ရရှိမှုပမာဏ အနည်းအများပေါ်မူတည်၍ အနီးစပ်ဆုံးဖော်ပြ ပေးခြင်းအားဖြင့် လုပ်ဆောင်ပါသည်။ (Digital Computer) သည် လျှပ်စစ်စွမ်းအား အတိအကျရရှိမှုအပေါ် မူတည်၍ လုပ်ဆောင်ပါသည်။

ခေတ်အဆက်ဆက်ပြောင်းလဲပုံ[ပြင်​ဆင်​ရန်​]

ကွန်ပျုတာမတိုင်မှီခေတ်[ပြင်​ဆင်​ရန်​]

၁၆ ရာစုနှစ် နှောင်းပိုင်းမှ စတင်၍ လုပ်ငန်းရပ် အသီးသီးအား လွယ်ကူချောမွှေ့ အဆင်ပြေစေရန် ပညာရှင်အသီးသီးမှ ပေသီး (abacus)အား အခြေခံ၍ အဆင့်ဆင့် စမ်းသပ်တီထွင် လာခဲ့ကြပါသည်။ ၁၆၁၄ ခုနှစ်တွင် (John Napier) မှ သင်္ချာပညာရပ်ပိုင်းဆိုင်ရာ တွက်ချက်မှုများအား အဆင်သင့်ကြည့်ရှုနိုင်ရန် .၅ ဒဿမငါး နေရာအထိ အတိအကျ တွက်ယူ အဖြေထုတ်ပေးထားသော အစီအစဉ် (Logarithms) အား တီထွင်ဖန်တီးခဲ့သည်။ ၁၆၁၅ တွင် William Oughtred မှနေ၍ (Slide Rule) စနစ်အားတီထွင်ခဲ့သည်။ (Slide Rule) ဆိုသည်မှာ လျှင်မြန်စွာ တွက်ချက်နိုင်ရန်အတွက်(Logarithms) စနစ်အား အကျဉ်းချုံး စီစဉ်ထားသော သင်္ချာပညာရပ်ပိုင်းဆိုင်ရာ အသုံးချမှုများဖြစ်ပါသည်။ ၎င်းအား ယနေ့ကာလခေတ်ပေါ် အီလက်ထရွန်းနစ် သင်္ချာတွက်စက် (Electronic Calculator) များတွင် အသုံးပြုထားပါသည်။ ၁၆၂၃ တွင် William Schickard မှသင်္ချာတွက်စက်၏ အစဖြစ်သော (Mechanical Calculator) အားတီထွင်ခဲ့ပါသည်။

ပထမဦးဆုံး စက်ကိရိယာဖြင့် တွက်ချက်ခြင်း အစီအစဉ်အား ပြင်သစ်နိုင်ငံသား ဖြစ်သူ သင်္ချာနှင့် ဒဿနိကပညာရှင် Blaise Pascal မှ ၁၆၄၂ ခုနှစ်တွင် တီထွင်ခဲ့ပြီး ၁၆၄၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။ ၎င်းကိရိယာအား အလုပ်လုပ်ဆောင်နိုင်ရန်အတွက် လက်ဖြင့်မောင်းနှင်ရသော ဂီယာ (gear) များ၊ စက်သီး (Pulley) များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ၁၆၇၂-၁၆၇၄ ခုနှစ်တွင် Gottfried Leibniz မှပထမဆုံး(Calculator) အား တီထွင်နိုင်ခဲ့ပါသည်။ ၁၈၀၁ ခုနှစ်တွင် Joseph Marie Jacquard ၏ ကြိုးပမ်းအားထုတ်မှုဖြင့် အလိုအလျောက် လည်ပတ်နိုင်သော ယက်ကန်းစက် တစ်မျိုးဖြစ်သည့် (Analytical Engine) ကိုရရှိခဲ့သည်။ ၎င်းစက်မှာ အပေါက်များစွာ ပါဝင်သော ကဒ်ပြား (Punched-Card) များဖြင့်ထည့်သွင်း အသုံးပြု ခဲ့သည်။ ၁၈၂၀ တွင် Charles Thomas de Colmar မှ ပထမဆုံး ပြည်စုံသော တွက်ချက်မှု အတိုင်းအတာအား တိုးမြှင့်ပေးခဲ့ပါသည်။

၁၈၂၂ ခုနှစ်တွင်အင်္ဂလန်နိုင်ငံမှ Charles Babbage သည်ဓါတ်ခွဲစက် (Analytical Engine) တစ်ခုပြုလုပ်ရန် အကြံရှိခဲ့၍ ၎င်းစက်တွင် မည်သည့် တွက်ချက်မှုမျိုးမဆို ပါဝင်ထည့်သွင်းထားသည်။ သို့ရာတွင် ၎င်းစက်အတွက် လိုအပ်သည့် ဖွဲ့စည်းပုံအား တည်ဆောက်နိုင်ရန်အတွက်မူ ယင်းအချိန် ကာလတွင် ပညာရှင်များအနေဖြင့် များစွာမှ အခက်အခဲ ရှိခဲ့ကြပါသည်။ Charles Babbage ၏ မူလစိတ်ကူးမှာ ယင်းစက်သည် အချက်အလက်ပေါင်း မြောက်များစွာအား လက်ခံနိုင်၊ ထည့်သွင်းနိုင်၊ အဖြေထုတ်နိုင်ရန် ဖြစ်ပါသည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် လေဟာမီးလုံး (Vacuum Tube) များအား အသုံးပြုခြင်းဖြင့် ကွန်ပျုတာ စက်မှုပညာမှ အီလက်ထရောနစ်စနစ်သို့ ကူးပြောင်းလာခဲ့ကြ၍ ဂီယာ (Gear) နှင့် စက်သီး (Pulley) တို့အား မလိုအပ်တော့ချေ။ လျှပ်စစ်ခလုတ်များမှ တူညီသော ရလဒ်အဖြေများကို ရရှိနိုင်ပြီဖြစ်ပါသည်။

ယင်းတွင်သင်္ကေတ နှစ်ခုပါသည့် (Binary) ဘာသာများဖြင့်အသုံးပြု ထားပါသည်။ အချက်အလက်နှင့် ညွှန်ကြားချက်များအား (l/O) ဖြင့် အကျဉ်းချုံးထားပါသည်။ ၎င်းစနစ်မှာ (0) နှင့် (၁) နံပါတ်များအားအဖွင့်၊ အပိတ် (On/Off) လုပ်ပေးခြင်းဖြင့် လုပ်ငန်းရပ်များ အားဝန်ပိုကျုံ့လာစေပါသည်။ လေဟာမီးလုံး (Vacuum Tube) များမှာ ဂီယာ (Gear) နှင့် စက်သီး (Pulley) များထက် ပိုမိုတိကျစွာ အလုပ်လုပ်ဆောင်လာနိုင်ပါသည်။ Charles Babbage စဉ်းစားထားခဲ့သည့် (Analytical Engine) မှာ ၁၈၃၀ ခုနှစ်ရောက်မှ အပြီးသတ် ဖန်တီးနိုင်ခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်း၏ စဉ်းစားမှုများ အားလုံးသည် ယနေ့ခေတ်ကာလ အသုံးချနေကြသော (Programmable Computer) အဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။

၁၈၉၀ ခုနှစ်တွင် Herman Hollerith မှ အမေရိကန် သန်းခေါင်စာရင်း မှတ်တမ်းအတွက် ကဒ်ပြားများအား အပေါက်ဖောက်ခြင်းစနစ် (punched-Card System) အဖြစ် တိုးမြှင့်ပေးခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် Alan Turing မှကွန်ပျုတာ၏ သင်္ချာပညာရပ်ပိုင်းဆိုင်ရာ သီအိုရီများအား တိုးမြှင့်ထုတ်လုပ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် Konrad Zuse မှ (Boolean) အက္ခရာသင်္ချာစနစ်အား အသုံးပြု၍ ပထမဆုံး (Binary Caculator) အဖြစ် တည်ဆောက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင်ပထမဆုံးသင်္ချာနှင့် ရူပဗေဒ ပညာရပ်များအား လျှပ်စစ်စွမ်းအားဖြင့် အဓိက အသုံးပြုထားပြီး စက်ပိုင်းဆိုင်ရာ တွက်ချက်မှုဖြင့် အလုပ်လုပ်နိုင်သော (J V Atanasoff-Barry) ကွန်ပျုတာအား အမေရိကနိုင်ငံတွင် တီထွင်ခဲ့သည်။ ၎င်းစက်အား ပထမဆုံး လေဟာမီးလုံးတွဲများနှင့် အသုံးပြု ဖန်တီးတည်ဆောက်ထားခဲ့သည်။ ၎င်းစက်မှာ လုပ်ငန်းရပ် တစ်ခုအတွက်သာ ပုံဖော်ထားပါသည်။ သို့ရာတွင် အလွန် ရှည်လျားသော သင်္ချာပညာရပ်ပိုင်းဆိုင်ရာ ဇယားကြီးများ၏ တွက်ချက်မှုများအား တစ်ခုချင်းစီ အနီးစပ်ဆုံး တွက်ချက်နိုင်အောင် ရေးဆွဲခဲ့ပါသည်။

ကွန်ပျုတာပထမခေတ်[ပြင်​ဆင်​ရန်​]

ရေးပါဦးမည်။