ကြွေးတင် ဘုရင်ဆပ်လိမ့်မည်
ပုံပန်းသွင်ပြင်
ကြွေးတင် ဘုရင်ဆပ်လိမ့်မည် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ကြွေးတင် ဘုရင်ဆပ်လိမ့်မည် ဆိုသည်မှာ ရှေးမြန်မာမင်းများသည် တစ်မင်းပြီးတစ်မင်း နန်းတက်လာသောအခါ ယခင်မင်းလက်ထက်မှ ကျန်ရှိသော ကြွေးမြီများကို တာဝန်ယူ၍ လျော်ပေးခြင်း သို့မဟုတ် ပေးဆပ်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ရှေးခေတ် မြန်မာ့အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အလေ့အထကို ဖော်ပြသည်။ မင်းအဆက်ဆက်သည် နိုင်ငံတော်၏ ကြွေးမြီများကို တာဝန်ယူဖြေရှင်းလေ့ရှိသောကြောင့် ကြွေးတင်သူများအနေဖြင့် နောက်မင်းလက်ထက်တွင် ကြွေးများ ပြန်လည်ပေးဆပ်ခံရမည်ဟု ယုံကြည်ကြသည်။ မြီတလင်းလှည်းသည်၊ သက္ကရာဇ်မီးငြိမ်းသည် ဆိုသော စကားနှင့်လည်း ဆက်စပ်မှုရှိပြီး မင်းအသစ်တက်လာပါက အဟောင်းများ ပျက်ပြယ်သွားသည်ဟု ဆိုလိုသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ကြွေးမြီမှုများကို စစ်ဆေးတော်မူ၍ ဤကြွေးမြီများကို စိုက်ထုတ်လျော်မည်ဟု မိန့်တော်မူပြီးလျှင် စာချုပ်စာတမ်း ကြွေးမြီနှင့် ပတ်သက်သမျှကို မီးငြိမ်းစေတော်မူရသည်။ တစ်မင်းပြောင်း၍ တစ်မင်းတက်လျှင် ယခင်မင်း လက်ထက်က ကျန်ရှိနေသော ကြွေးမြီမှုမှန်သမျှကို နောက်မင်းက စိုက်ထုတ်ဆပ်ပေးရသကဲ့သို့ ဖြစ်ခြင်းကြောင့် ကြွေးတင် ဘုရင် ဆပ်လိမ့်မည် ဟု စကား ထင်ရှားရှိနေခြင်း ဖြစ်သည်။ [၂]