ကြွေပန်းပင်
ပုံပန်းသွင်ပြင်
| ကြွေပန်းပင် | |
|---|---|
| en:Begonia obliqua | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Rosids |
| မျိုးစဉ်: | Cucurbitales |
| မျိုးရင်း: | Begoniaceae |
| မျိုးစု: | Begonia L. |
| အမျိုးအစား မျိုးစိတ် | |
| en:Begonia obliqua L. | |
| မျိုးစိတ် | |
| Range of the genus Begonia | |
| Synonyms | |
|
စာရင်း
| |
ကြွေပန်းပင်သည် ဗီဂိုနီယေးစီး မျိုးရင်းတွင် ပါဝင်သည်။ အပူပိုင်းဒေသတို့တွင် စတင် ဖြစ်ပွားသော အပင်မျိုးဖြစ်သည်။ မျိုးစိတ်စုစုပေါင်း ၇၅ဝ ရှိသည့်အနက် မျိုးစိတ်ပေါင်း ၁၅ဝ ကို အလှစိုက်ပျိုးလျက် ရှိကြသည်။
ထိုပန်းပင်မျိုးသည် လွယ်ကူစွာ ပေါက်သဖြင့် အကိုင်း အခက်ကို ဖြတ်၍စိုက်နိုင်သည်။ အရွက်သည် ကြီး၍ အသားထူ ပြီးလျှင် ဖယောင်းသားကဲ့သို့ ချောမွှတ်သည်။ အပွင့်သည်လည်း ကြီးလှ၏။ အသီး၌ အတောင်ပါရှိသည်။ အသီးသည် သေးငယ် သော အစေ့ကလေးများရှိသည့် အစေ့အိတ်ဖြစ်သည်။ ကြွေပန်း ပင်မျိုးတွင် နွေရာသီပွင့်သောအမျိုးနှင့် ဆောင်းရာသီပွင့်သော အမျိုးဟူ၍ နှစ်မျိုးကွဲပြားသည်ကို တွေ့ရသည်။ နွေရာသီ ပွင့်သောအမျိုးတွင် အမြစ်သည် သစ်ဥသဖွယ် ဖြစ်၍ ဆောင်း ရာသီပွင့်သောအမျိုးတွင် အမြစ်သည် အမျှင်သဖွယ် ဖြစ်သဖြင့် ခွဲခြား၍ သိနိုင်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)