ကြွေတစ်လက်၊ ကြက်တစ်ခုန်

ဝီကီပီးဒီးယား မှ

ကြွေတစ်လက်၊ ကြက်တစ်ခုန် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကြွေအန်ကစားသူ၊ ကြက်တိုက်သူတို့သည် အရှုံးပင်ပေါ်နေစေကာမူ ကြွေတစ်လက်ပစ်၊ ခွပ်ကြက် တစ်ခါခုန်ဖြင့် အနိုင်ပေါ်နိုင်သကဲ့သို့ ချက်ကောင်းတစ်ချက်ကြုံလျှင် ချမ်းသာကြီးပွားနိုင်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "အရာကောင်းလျှင် တစ်ချက်၊ အခါကောင်းလျှင် တစ်သက်၊ ကြွေတစ်လက် ကြက်တစ်ခုန်၊ သာသနာ ခေတ်ကောင်းတွင်၊ အလှူခံပုဂ္ဂိုလ် ကောင်းနှင့်၊ သဒ္ဓါကောင်းတစ်ချက်ကြုံလျှင်၊ ပုံသေမုချ၊ မောင်ကာကကဲ့သို့၊ ကြွယ်ဝမည်အမှန်။" [၁၂၂၅ ခန့်] ပုညဝတ်။ ၆၈။
  • "ကြွေတစ်လက်၊ ကြက်တစ်ခုန် ဆိုတဲ့ စကားကဲ့သို့ ကံအားလျော်စွာ အကျိုးပေးဖို့ အခွင့်ကြုံလာပြီဆိုမှဖြင့်..." [၁၂၆၉] ဒေရီ၊ စ။ ၁၈၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၁