ကြောင်သူတော်ဆို ယိုတော့ ကြွက်မွေး

ဝီကီပီးဒီးယား မှ

ကြောင်သူတော်ဆို ယိုတော့ ကြွက်မွေး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

သူတော်ကောင်းကြောင်ဟု အမည်ခံနေသော်လည်း သူ၏မစင်တွင်မူ ကြွက်မွေးများ တွေ့ရသကဲ့သို့ သူတော်ကောင်း အမည်ခံနေသော်လည်း လုပ်ရပ်များ၌ မရိုးသားသော လက္ခဏာများ တစ်စွန်းတစ်စ တွေ့ရသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "အသက်ရင့်ဝါကြီး၍ ပုတီးကို ကိုင်ကာ ဘုရားသံ တရားသံပါပါနှင့် ကြောင်သူတော်ဟန်ဖန်တီးပြီး ကြွက် ချေးယိုသူအဘိုးကြီးများလည်း ရှိတတ်လှသဖြင့်..." [၁၃၀၂ ခန့်] မိန်းမမှု။ ၃၇။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၈